အရမ်းချော အရမ်းချစ်စရာကောင်းသူကို ကျောခိုင်းမိလေခြင်းဆိုပြီး နောင်တတွေရသွားစေ့မယ်။

အကြောင်းပြချက်အမျိုးမျိုးပေးပြီး ကိုယ့်ကို ထားသွားတဲ့ ရည်းစားကို လက်စားချေဖို့တော့ မလိုပါဘူး။ အချိန်အတိုင်းအတာတစ်ခုကြာအောင် နာကျင်ဝမ်းနည်းခဲပေမဲ့ နာကျင်ဝမ်းနည်းမှုတွေဟာ မခံချင်စိတ်အဖြစ် ပြောင်းလဲလာပြီ။ ကိုယ်က ကောင်းခဲ့တယ်၊ ချစ်ခဲ့တယ်၊ နားလည်ပေးခဲ့တယ်။ ကိုယ့်ကိုထားသွားတဲ့သူ့ကို နောင်တရအောင် ပြန်လုပ်ရမယ်။

၁။ လန်းပလိုက်

32.jpg 

ဆံပင်စတိုင်လ်တွေ၊ ဖက်ရှင်တွေကို ပြောင်းလဲကြည့်လိုက်ပါ။ ဖေ့စ်ဘုတ်မှာလည်း ပုံလှလှလေးတွေတင်ဦး။ သူမြင်အောင်လို့ပေါ့။  အရင်တုန်းကထက် ပိုလန်း၊ ပိုလှလာတဲ့ ကိုယ့်ကို အဝေးကနေ ငေးကြည့်နေလိမ့်မယ်။

၂။ ပျော်ပျော်နေ

chicas-haciendo-un-selfie-en-noche-de-ano-nuevo_23-2147709237.jpg 

ပူဆွေးဝမ်းနည်းပြီး အဖီးလ်ပို့စ်တွေ ထိုင် share နေတဲ့ စိတ်ပျက်စရာမိန်းကလေးဘဝမှာ မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ်မှ ပျော်အောင်မထားရင် ဘယ်သူက ပျော်အောင်ထားမှာလဲ။ ပျော်ရွှင်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတယ်။

၃။ သူ့ကိုပုံမှန်အတိုင်းပဲဆက်ဆံ

တကယ်တော့ ကိုယ်လိုချင်တာက သူ့ဆီက အာရုံစိုက်မှု မဟုတ်လား။ ဒါပေမဲ့ ကိုယ့်ဘက်ကစပြီး ဖုန်းဆက်တာ၊ မက်ဆေ့ပို့တာတွေတော့ သွားမလုပ်လိုက်လေနဲ့။ အဲ့ကျ သူကချေသွားလိမ့်မယ်။ ကိုယ်အရမ်းလှ၊ ပျော်ရွှင်နေတာကိုမြင်တော့မှ သူ့သာသာ စိတ်တွေ မရိုးမရွဖြစ်ပြီး လာခေါ်လိမ့်မယ်။

၄။ Date.... Date

38.jpg 

ကောင်လေးတစ်ယောက်လောက်နဲ့ တွဲနေသလိုမျိုးလေး သတင်းထွက်လာအောင် ဖန်တီးကြည့်ပါ။ တကယ်ရည်းစားထားလိုက်ဖို့ မဟုတ်ဘူးနော်။ သူ့နားထဲရောက်သွားရင် ရပြီ။ သူ့မှာ ချစ်စိတ်တွေ ကျန်သေးရင် ကိုယ့်ကိုလာမေးလိမ့်မယ်။

Share

Loading Next Article...
က္က