ကိုယ့်ကိုယ်ကိုယ်ပဲ ဦးစားပေးလွန်းပြီး တခြားလူရဲ့ အရေးကိစ္စနဲ့ ခံစားချက်တွေကို မစဉ်းစားပေးတတ်တဲ့ လူမျိုးက ကြောက်စရာကောင်းပါတယ်။

တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့ စကားလုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လွန်းသူဆိုတဲ့ အသုံးအနှုန်းကလည်း သိပ်အကွာကြီးတော့ မဟုတ်ပါဘူး။ တစ်ဖက်သား ဘာဖြစ်ချင်တယ်ဆိုတာကို သိရင်တောင်မှ မငဲ့ညှာတတ်ကြသူတွေ။ တချို့ဆိုရင် စိတ်ထားခက်ထန်ကြသေးတယ်။

သူတို့လိုချင်တာ မလုပ်ပေးရင် လွယ်လွယ်လေးနဲ့ စိတ်ဆိုးဒေါသထွက်တတ်ကြသေးတာ။ ဒီလိုလူမျိုးကို ချစ်မိရင်တော့ ကိုယ့်အတွက် နာကျင်စရာတွေချည်းပဲ ကြုံရလာဖို့ ရှိပါတယ်။ သူက ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တတ်တဲ့လူမျိုးလား။

၁။ ကိုယ့်ရဲ့ ခံစားချက်၊ အတွေးနဲ့ စိတ်ကူးတွေကို ဂရုမစိုက်ဘူး

55.jpg 

သူများရဲ့ ခံစားချက် အကြံဉာဏ် အတွေးတွေကို နားထောင်ပေးရတာမျိုးက စိတ်ရှုပ်စရာလို့ တွေးတတ်သူမျိုးလေ။ မဖြစ်မနေ နားထောင်ပေးရရင်တောင် ဒီဘက်နားဝင်၊ ဟိုဘက်နားထွက် လုပ်ပစ်တတ်ကြတယ်။ သူတို့ဆီက ကောင်းမွန်တဲ့အကြံပေးချက်တွေ ရမယ်လို့ မျှော်လင့်လို့မရဘူး။

၂။ သူ့ကိစ္စမှ သူ့ကိစ္စ

ကိုယ်လိုချင်တာတွေသာ ဂရုမစိုက်ပေးတတ်တာ သူဖြစ်ချင်တာကျတော့ ရှေ့တန်းတွန်းပို့တယ်။ သူလိုချင်တာကို ရအောင်ယူတယ်။ ကိုယ့်ကိစ္စတွေကို အရေးမလုပ်ဘူး။ သူ့ကိစ္စကိုပဲ အမြဲ ရှေ့တန်းတင်တယ်။

၃။ သူများတွေရဲ့စည်းမျဉ်းနဲ့ မနေနိုင်ဘူး

ဘောင်တွေ စည်းတွေနဲ့ မနေတတ်သူတွေ။ သူများနဲ့မတူဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပြီး လွတ်လွတ်လပ်လပ်ဆိုတဲ့ စကားလုံးကို အသုံးပြုတတ်ကြတယ်။ ဒါပေမဲ့ လိုက်နာရမယ့် စည်းတွေကို ချိုးဖောက်နေကြတာပဲ။

၄။ ကိုယ့်ကိစ္စတွေ မကြားချင်ဘူး

17.jpg 

ချစ်သူရည်းစား၊ သူငယ်ချင်း အပေါင်းအသင်းမို့လို့ ကိုယ့်ရဲ့အဖြစ်တွေကို ရင်ဖွင့်မယ် မကြံလိုက်နဲ့ အလကားပဲ။ ကိုယ့်မှာ စိတ်ဆင်းရဲလွန်းလို့ သူ့ကိုရင်ဖွင့်မိတယ်။ သူက စိတ်ရှုပ်တယ်ဆိုတဲ့ အမူအရာတွေပဲ တစ်ချိန်လုံး လုပ်ပြနေမှာ။ ကိုယ်ပြောတာ နားထောင်ပြီးရင် ဝေဖန်တဲ့အလုပ်တစ်မျိုးပဲ လုပ်လိမ့်မယ်။ ကိုယ့်ကိုတောင် သူက ပြန်ပြီး အပြန်တင်နေဦးမှာ။ သူ့ကိုပဲ အာရုံစိုက်၊ သူကပြန်ပြီး အာရုံစိုက် ဂရုစိုက်ပေးရမယ့်လူမျိုးကို မလိုချင်ဘူး။

၅။ ရန်ဖြစ်တိုင်း ကိုယ့်အမှား

ပြဿနာဖြစ်တယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံးနဲ့ သက်ဆိုင်တယ်လေ။ လက်ခုပ်ဆိုတာ တစ်ဖက်တည်းမှ မမြည်တာ။ ဒါပေမဲ့ သူတို့ကတော့ ရန်ဖြစ်တိုင်း ရှိသမျှအပြစ်တွေကို တခြားလူဆီ ပုံအောပစ်လိုက်ကြတယ်။

၆။ သူစိတ်ဆိုးလည်း ကိုယ့်အမှား

27.jpg 

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သူတွေလေ.... ကိုယ့်ကိုယ်ကိုယ်မှ အဖိုးတန်တယ်၊ ကိုယ်ပဲမှန်တယ်လို့ လက်ခံယုံကြည်ထားကြတာ။ အဲ့ဒီတော့ အမှားတွေဖြစ်လာတိုင်း သူများကို ပြစ်တင်တယ်။ သူတို့နဲ့စကားများချိန်မှာ ကိုယ်ပါလိုက်ပြီး စိတ်မဆိုးမိအောင် ထိန်းသိမ်းထားတာ ကောင်းပါတယ်။ မဟုတ်ရင် အခြေအနေတွေက အရမ်းကိုဆိုးရွားသွားနိုင်တယ်။ သူတို့စိတ်တိုရတာ ကိုယ်အမှားလုပ်လို့ဆိုပြီး အပြစ်တင်တတ်သူပါ။

Source : Huffpost

Share

Loading Next Article...
က္က