မိန်းကလေးတစ်ယောက်ဟာ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်နေဖို့ အရေးကြီးပါတယ်။

မဒီတို့ မိန်းကလေးတွေဟာ ငယ်စဉ်တည်းက လိမ္မာရေးခြားရှိဖို့၊ သိမ်မွေ့ဖို့ သွန်သင်ဆုံးမခံရပြီး ကြီးပြင်းလာကြတယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ပြောဆိုဆက်ဆံမှပဲ လူတွေက သဘောကျမယ်လို့လည်း ယုံကြည်နေကြတယ်။ အမှားအယွင်း တစ်ခုခုလုပ်မိလို့ တောင်းပန်တဲ့အနေနဲ့ ဆောရီးလို့လည်း ပြောဖြစ်ကြတယ်။ Sorry ဆိုတာလောက်လေးတော့ ပြောရမှာပေါ့။ ဒါပေမဲ့ ခဏခဏ sorry တွေ များနေရင်တော့ မကောင်းတော့ပါဘူး။

 

ဘာကြောင့်လဲ? Sorry ဆိုတဲ့စကားလုံးကို အက်ကြောင်းထပ်အောင် အထပ်ထပ်အခါခါ ပြောနေတာက ကိုယ့်ပုံရိပ်ကို ကျဆင်းစေပါတယ်။ ၆ ကြိမ်လောက် ဆောရီးပြောပြီးပြီဆိုရင်တော့ တစ်ဖက်သားက ကိုယ့်ကို အထင်သေးသွားတော့မှာပါပဲ။ ပြောတော့ပြောပါ။ အရမ်းမပြောသင့်ဘူးဆိုတာလေးကိုလည်း မှတ်ထားစေချင်ပါတယ်။

 

နောက်တစ်ခုကတော့ ကိုယ့်ဘက်က ဆောရီးကို ခဏခဏပြောနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပါ အလွန်အမင်း နှိမ့်ချရာရောက်တယ်။ ကိုယ့်တန်ဖိုးကို ကိုယ်ချပစ်နေတာ။ ဆောရီးလို့ ပြောမယ့်အစား ကိုယ့်ဘက်က တာဝန်ယူပေးဖို့ကသာ ထိရောက်တဲ့နည်းဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်နေဖို့ အရေးကြီးပါတယ်။

 

ဒါဆိုရင် ဆောရီးဆိုတဲ့စကားကို ဘယ်လိုအခြေအနေမျိုးမှာ ပြောကြမလဲ။ ကိုယ်မှားသွားရင်တော့ ပြောကိုပြောရမှာပေါ့။ ကိုယ်လုပ်ရမယ့်အရာကို မလုပ်လိုက်နိုင်ရင်လည်း ပြောရမှာပဲ။ တချို့တွေက ဆောရီးကို ခဏခဏပြောတာဟာ ယဉ်ကျေးတဲ့အပြုအမူလို့ ထင်နေကြတယ်။ ကိုယ့်ရဲ့အမှားအတွက် တာဝန်ယူပြီး အကောင်းဆုံးလုပ်ပေးတာကသာလျှင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြှင့်တင်ရာရောက်ပါတယ်။ တစ်ဖက်သားကို လေးစားသမှုနဲ့ ဆောရီးတော့ပြောပါ။ ဒါပေမဲ့ ခဏခဏ မပြောပါနဲ့လို့ မဒီလေးတို့ကို တိုက်တွန်းလိုက်ပါရစေ။

Share

Loading Next Article...
က္က