မိန်းကလေးမို့လို့ ကိုယ့်ထက်အသက်ကြီးတဲ့လူကိုပဲ ရွေးရမယ်ဆိုတာ ဒိတ်အောက်နေတဲ့ အတွေးကြီးပါ။ မိန်းကလေးတွေမှာလည်း ကိုယ်ချစ်ချင်တဲ့လူကို ချစ်ပိုင်ခွင့်ရှိပါတယ်။

ချစ်သူတွေ၊ အိမ်ထောင်ဖက်တွေဆို မိန်းကလေးကငယ်ပြီး ယောက်ျားလေးက အသက်ပိုကြီးနေမှ အဆင်ပြေမယ်လို့ ထင်ကြတယ်။ ကိုယ့်ထက်ငယ်တဲ့ ယောက်ျားလေးနဲ့တွဲလို့ သူများတွေလက်ညှိုးထိုးခံရမှာကိုလည်း ကြောက်ဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပိုင်တယ်၊ ကိုယ့်ချစ်သူကို ကိုယ်ကိုယ်တိုင်ရွေးချယ်ခွင့်ရှိပါတယ်။ ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတွေကို တွဲဖူးကြတဲ့ မမတွေလည်း အများကြီးပဲ။

၁။ Cheryl Cole နဲ့ Liam Payne

1502719839-cheryl-cole-liam-payne-1502690115.jpg 

ချယ်ရီက လီယံထက် ၁၀ နှစ်တောင် ပိုကြီးပါတယ်။ X Factor မှာ ချယ်ရီက ဒိုင်လုပ်တော့ လီယံက အသံစစ်တဲ့အချိန်မှာ စဆုံတာ။ အဲ့ဒီတုန်းက လီယံအသက်က ၁၅ နှစ်ပဲ ရှိပါသေးတယ်။ ခုဆို သူတို့နှစ်ဦးမှာ သားလေးတစ်ဦးတောင် ရနေပြီ။

၂။ Eva Mendes နဲ့ Ryan Gosling

1502719842-eva-ryan-1500411218.jpg 

၂၀၁၁ ခုနှစ်တည်းကနေ ခုချိန်ထိ လက်တွဲလာခဲ့တဲ့ သူတို့စုံတွဲမှာ ကလေးနှစ်ဦးတောင် ရနေပါပြီ။ အီဗာက ရွိုင်ယန်ထက် ၇ နှစ် ပိုကြီးတယ်။ ဒါပေမဲ့ အသက်ကွာဟမှုက သူတို့ရဲ့အချစ်ကို ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလေ။

၃။ Demi Moore နဲ့ Ashton Kutcher

1502719854-demi-moore-ashton-kutcher-1502689924.jpg 

သူတို့နှစ်ယောက်ကြားမှာ အသက်ကွာဟမှုက အတော်လေးများတယ်။ ၁၆ နှစ်တောင် ကွာတာလေ။ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ကြတော့ ဟောလိဝုဒ်ရဲ့ ရွှေရောင်စုံတွဲလို့ ခေါ်ဝေါ်ကြတယ်။ နာမည်ကျော်သရုပ်ဆောင်တွေလည်းဖြစ်တာကိုး။ ၂၀၁၃ ခုနှစ်မှာတော့ သူတို့နှစ်ဦး ကွာရှင်းခဲ့ကြပါတယ်။ ဒမ်မီက ခုချိန်ထိ နောက်လူမရှာသေးပါဘူး။

Source : Elle

Share

Loading Next Article...
က္က