အရေးအကြောင်းရယ်လို့ ရှိလာပြီဆို အမေ့ဆီပဲ ပြေးငိုရတာ၊ အမေကပဲ နှစ်သိမ့်အကြံပေးတာလေ။

အမေတွေက သားတွေကိုမှ ပိုချစ်ကြတယ်လို့ ထင်ကြတယ်။ တကယ်တမ်းကျတော့ တိုးတိုးဖော်၊ တိုင်ပင်ရတာလည်း သမီးတွေပါပဲ။ အချိန်တန်လာရင် အမေ့ကို ပြန်ကြည့်တာလဲ ဒီသမီးတွေပဲဥစ္စာ။ မဒီလေးတို့အနေနဲ့လည်း အမေနဲ့ အဆင်ပြေပြေလေး ရှိနေတာကိုပဲ လိုချင်ကြမယ်လို့ ယုံပါတယ်နော်။ အမေနဲ့သမီး အရမ်းရင်းနှီးနေကြတာ ကောင်းပါတယ်။ ဘယ်လိုတွေဆိုရင် အရမ်းရင်းနှီးတယ်လို့ ပြောနိုင်မလဲဆိုတော့ ....

 

၁။ အကြိုက်ချင်းတူတယ်။ အမေလည်း ကော်ဖီကြိုက်တယ်၊ ကိုယ်လည်းကြိုက်တယ်။ အတူတူသောက်ကြတာပေါ့။ သားအမိတွေ ပိုရင်းနှီးတယ်။

၂။ စကားပြောတိုင်း၊ ဖုန်းပြောတိုင်း အဆင်ပြေပြေလေးနဲ့ပဲ ဖုန်းကိုချလိုက်တယ်။ စိတ်ဆိုး ဒေါသဖြစ်တာတွေ ဝမ်းနည်းတာတွေနဲ့ အဆုံးမသတ်ဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်တာကိုး။

၃။ ကိုယ်နဲ့ပတ်သက်သမျှယောက်ျားတွေအကြောင်း အမေ့ကိုပြောပြတယ်။ သူငယ်ချင်းတွေရော၊ လာကျူတဲ့ကောင်တွေရော၊ ရည်းစားတွေရော အကုန်လုံးကို အမေကသိတယ်။ လူချင်းသာမတွေ့ရင်နေမယ် နာမည်နဲ့စရိုက်တွေကို အမေကသိပြီး အကြံပေးပြီးနေပြီ။

 

၄။ ညစ်တီးညစ်ပတ် ဟာသလေးတွေ။ ဒါကတော့ မိန်းကလေးချင်းပဲ ပြောလို့ရတာကိုး။ သူငယ်ချင်းတွေနဲ့ အချင်းချင်းပြောတဲ့ ပေါက်ကရဟာသတွေကို သားအမိနှစ်ယောက် အပြန်အလှန်ပြောကြတယ်ဆိုတည်းက အရမ်းရင်းနှီးနေကြလို့ပဲ။

၅။ ပျော်စရာအချိန်လေးတွေကို အတူဖြတ်သန်းကြတယ်။ ဈေးဝယ်ထွက်တာမျိုး၊ အပြင်ထွက်လည်တာမျိုး၊ ရုပ်ရှင်အတူကြည့်တာမျိုးပေါ့။ နှစ်ယောက်အတူ ရယ်မောရတဲ့အချိန်တွေဟာ စိတ်ချမ်းသာစရာကောင်းပါတယ်။

၆။ နေ့တိုင်း အပြန်အလှန် ဖုန်းတွေဆက်ကြ ၊ မက်ဆေ့တွေ ပို့ကြတယ်။ သူများတွေဆို အမေကချည်း စိတ်ပူလို့ ဖုန်းတွေဆက်တာ။ ကိုယ်တွေသားအမိကတော့ အပြန်အလှန်ကို ဖုန်းဆက်၊ မက်ဆေ့ပို့နေကြတာလေ။

 

၇။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလည်း ရှိကြတယ်။ အမေ့ကို ဖက်တာ၊ နမ်းတာမျိုးပေါ့။ မဒီကတော့ အမေ့နားကပ်ပြီး ပေါင်ပေါ်ခေါင်းထိုးအိပ်ပလိုက်တာပဲ။

Share

Loading Next Article...
က္က