မဒီလေးတို့ကိုယ်စား ရည်းစားဟောင်းကို ပြောချင်တဲ့စကားတွေ စုပြီး ပြောလိုက်မယ်နော်။

သို့ .... တစ်ချိန်တုန်းက (အခုဘာမှမဆိုင်တော့တဲ့) ရည်းစားဟောင်းရေ ငါတို့တွေ ဘယ်တော့မှ စကားပြောကြတော့မှာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ ငါလည်း မပြောချင်တော့ပါဘူး။ ဒါပေမဲ့ ဒါလေးတွေကိုတော့ ငါက နင့်ကို ပြောပြချင်သေးတာ...

 

၁။ ကျေးဇူးပါ

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နောက်ဆုံး ပြတ်သွားတဲ့အတွက် ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ ငါ အရင်ကလို ပျော့ညံ့တဲ့မိန်းမ မဟုတ်တော့ဘူး။ ပြတ်သားလာပြီ။ ငါ့ကို အမြဲတမ်း သိမ်ငယ်အောင်လုပ်ခဲ့တဲ့နင့်ဘေးကနေ ထွက်လာတော့မှ ငါက ဘယ်လောက်အဖိုးတန်တယ်ဆိုတာ သိလာရပြီလေ။

၂။ ယောက်ျားကောင်းတစ်ယောက်က ဘာဆိုတာ သိခွင့်ရလို့ ကျေးဇူးတင်တယ်

တကယ့်ယောက်ျားကောင်းတစ်ယောက်ဆိုတာ မိန်းမတစ်ယောက်အပေါ် အနိုင်မယူဘူး။ ပြတ်သားတယ်။ မှားရင် မှားတယ်လို့ဝန်ခံရဲတယ်။ တာဝန်ယူစိတ်ရှိတယ်။ နင်ကတော့ ဘာဖြစ်ဖြစ် နင်မှန်တယ်လို့ပဲ တွေးခဲ့တာလေ။ နင်ငါ့အပေါ် အနိုင်ပဲလိုချင်ခဲ့တာ။

 

၃။ သင်ခန်းစာရခဲ့တယ်

ဟုတ်တယ် ငါပေးတဲ့ သင်ခန်းစာကြောင့် ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေမယ့်လူကို မချစ်ဖို့ ငါနားလည်သွားတယ်။ ငါ ဘာတွေမှားခဲ့တယ်ဆိုတာလည်း သိသွားတယ်။ နင့်ကြောင့် ငိုခဲ့ရတဲ့ မျက်ရည်တွေလည်း ခြောက်ခမ်းသွားပြီ။ ငါ့ကို တန်ဖိုးထားပြီးချစ်မယ့်လူကို ရွေးချယ်ဖို့ နားလည်သွားပြီလေ။

 

၄။ နင့်ရဲ့နောက်လူအတွက် ငါစိတ်မကောင်းပါဘူး

ငါကတော့ နင်ပေးတဲ့ သင်ခန်းစာတွေနဲ့ ပိုကောင်းတဲ့ အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်ရတော့မှာ။ နင့်ရဲ့ နောက်လူအတွက်တော့ ငါတကယ်စိတ်မကောင်းဘူး။ နင့်လိုမျိုး အတ္တကြီးပြီး ယောက်ျားမပီသတဲ့လူကို ချစ်ရတဲ့ သူ့ခမျာ ပင်ပန်းစိတ်ဆင်းရဲရတော့မှာလေ။ ငါကတော့ သူ့အပေါ် သနားမိရုံကလွဲပြီး ဘာစိတ်မှ မရှိဘူးဆိုတာ နင်သိအောင် ပြောလိုက်ချင်ပါရဲ့။

Share

Loading Next Article...
က္က