သူ့ကိုချစ်ရင် ဂရုစိုက်ပြီး ကူညီမယ်မဟုတ်လား။

ကျွန်မတို့တွေဟာလေ လူတွေကို ချစ်တယ် ချစ်တယ်နဲ့ ဂရုစိုက်ပေးဖို့ကျတော့ မေ့လျော့နေတတ်ကြတယ်။ ချစ်ခင်ရတဲ့လူကို ဂရုစိုက်ပြလိုက်လို့ ကိုယ့်ကို အလေးမထားတော့မှာ တွေးပူကြတယ်။ ပူမနေပါနဲ့။ ကိုယ်ချစ်ရတဲ့လူကို ဂရုစိုက်ပေးရတာ ကိုယ်တိုင်စိတ်ချမ်းသာနေရတာပဲမဟုတ်လား။ ပိုက်ဆံကုန်မှာလည်း မပူနဲ့။ ငွေမကုန်ဘဲနဲ့ ဂရုစိုက်လို့ရတာတွေ အများကြီးရှိတယ်။

၁။ စာတိုလေးတွေ

envelope-with-heart-sticker-and-dried-flowers-709118369-5a6363404e46ba003741167d.jpg 

ချစ်ခင်တဲ့အကြောင်းကို စာတိုလေးတွေ ပို့ပေးပါ။ မက်ဆေ့အနေနဲ့လည်း ပို့နိုင်သလို လက်ရေးလေးနဲ့ ရေးပေးလို့လည်းရတယ်။ ပို့စ်ကတ်လေးတွေပေါ်မှာ လက်ရေးနဲ့ရေးပြီး ပေးတာမျိုးဆို အမှတ်တရတောင် ဖြစ်နေဦးမှာ။ သူက သိမ်းထားမှာ။

၂။ အိပ်မက်တွေဆီရောက်အောင် ကူညီ

51.jpg 

သူတို့မှာ ဖြစ်ချင်တာတွေ အိပ်မက်တွေ စိတ်ကူးတွေရှိတယ်။ ကိုယ့်အနေနဲ့ ဘယ်လောက်ကူညီနိုင်မလဲ။ ကူညီပေးလိုက်ပါ။ စကားတစ်ခွန်းလည်းဖြစ်ချင်ဖြစ်မယ် ကိုယ်ထိလက်ရောက် ကူညီရတာလည်း ဖြစ်ချင်ဖြစ်မယ်။ သူ့ကိုချစ်ရင် ဂရုစိုက်ပြီး ကူညီမယ်မဟုတ်လား။

၃။ သီချင်း

radar-gym-playlist.jpg 

သီချင်းတွေက လူတွေရဲ့စိတ်ခံစားချက်တွေကို ပြောင်းလဲစေတယ်လေ။ သူကြိုက်တဲ့သီချင်းတွေကို စုစည်းပြီး ဖွင့်ပေးထားတာမျိုး ၊ သီချင်းဆိုပြတာမျိုးပေါ့။ နောက်တစ်ခုက အိပ်ရာဝင်ချိန် နားထောင်ဖို့ ငြိမ့်ညောင်းတဲ့သီချင်းလေးတွေကို list တစ်ခုလုပ်ပြီး သူ့ဖုန်းထဲကို ထည့်ထားပေးလိုက်ပါ။

Share

Loading Next Article...
က္က