ဒီထဲကအချက်တွေနဲ့ တစ်ဝက်လောက် တိုက်ဆိုင်နေရင်ကို ဟုတ်နေပြီ

ကိုယ့်ကို လူတွေက မချစ်ကြဘူးလား။ သူငယ်ချင်းတွေလည်း မခင်ကြလို့ ဝမ်းနည်းနေတာလား။ လူချစ်လူခင်များတယ်ဆိုတာ မွေးရာပါ ပါရမီကြောင့် မဟုတ်ပါဘူးနော်။ မဒီလေးတို့မှာသာ ဒီလိုအကျင့်လေးတွေ ရှိနေရင် လူတွေက ချစ်ကြခင်ကြမှာ အသေအချာပါပဲ။ ပြီးတော့ အဲ့တာတွေဟာ သူများကို လိုက်လျောပေါင်းသင်းရတဲ့၊ အလျှော့ပေးရတဲ့ အလုပ်မျိုးလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ထူးချွန်လာစေတဲ့ အကျင့်ကောင်းလေးတွေမို့လို့ နောက်ဆုံးတော့ ကိုယ့်အတွက်ပဲ ဖြစ်လာမှာပါ။

 

၁။ သူများနဲ့တူတောင် အတင်းကာရော ကြိုးစားတာမဟုတ်ဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ ထူးချွန်သူတွေကို လူတွေက သဘောကျကြတယ်။

၂။ ကိုယ့်အနားကလူတွေအကြောင်းကို စိတ်ဝင်စားတယ်။ ဘာဖြစ်နေလဲလို့ သတင်းစကားမေးတတ်တယ်။

၃။ နားထောင်တတ်သူတွေလည်း ဖြစ်နေပြန်တယ်။ သူများတွေ ရင်ဖွင့် တိုင်ပင်လာတဲ့အခါ ငြိမ်ငြိမ်လေး နားထောင်တတ်တယ်။

 

၄။ အသစ်အသစ်တွေကို လေ့လာသင်ယူတယ်။ ကိုယ်သိထားတာတွေကိုလည်း သူများကို ပြန်သင်ပြပေးတယ်။

၅။ ပြုံးရွှင် ရယ်မောနေတတ်တဲ့လူမျိုး။ အရာရာကို အဆိုးမြင်မနေဘူး။ ပြုံးရွှင်ပြီး အကောင်းဘက်ကို ဦးတည်တွေးကြတော့ အဲ့လိုလူနားမှာနေရတာ စိတ်ချမ်းသာတယ်။

၆။ ကိုယ်ချင်းစာစိတ်ရှိတယ်။ ဟန်ဆောင်ဖုံးကွယ်တာမျိုးလည်း မလုပ်တတ်ကြဘူး။

 

၇။ ကူညီပေးတတ်တယ်။ ဂရုစိုက်ပေးတယ်။ သူတပါးကို ကူညီတတ်သူတိုင်းဟာ ချစ်ခင်အားကိုးခံရတာပါပဲနော်။

၈။ Attention seeker မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်နေတယ်။ သူများ အာရုံစိုက်လာရင်ပြီးရောဆိုပြီး စိတ်ရှုပ်အောင်မလုပ်တဲ့လူတွေပါ။

Share

Loading Next Article...
က္က