ဖုန်းနံပါတ်ကိုလည်း ဖျက်ပစ်လိုက်၊ သူနဲ့ပတ်သတ်သမျှ အမှတ်တရတွေနဲ့ ဝေးဝေးနေလိုက်ပါဦး။

ဘာကြောင့်ပဲ ကွဲရ ကွဲရ ချစ်သူနဲ့ ခွဲခွာရတာဟာ ဘယ်တုန်းကမှ ပျော်စရာမကောင်းခဲ့ဘူး။ ကိုယ်ချစ်ရတဲ့သူနဲ့ပဲ နေချင်ခဲ့တာ။ ဝေးရပြီဆိုမှတော့ အသည်းကွဲရတော့တာပေါ့။ အသည်းကွဲပြီဆိုရင် ကိုယ်က ကိုယ်မဟုတ်တော့သလို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရတာတော့ ဂွမ်းပါတယ်။ ဟန်ကိုယ့်ဖို့ဆိုပြီး ထိန်းထိန်းသိမ်းသိမ်းလေးနေမှ မဒီလေးတို့ ခံစားရတာ သက်သာမှာပါ။

အဆင့် ၃ ဆင့် ရှိပါတယ်။ တစ်ဆင့်ချင်းဆီ လုပ်သွားပါ။ အသည်းကွဲလို့ စားမဝင်အိပ်မပျော်တွေဖြစ်၊ အလုပ်အကိုင်လည်းပျက်၊ ဘယ်သူနဲ့မှ အဆင်မပြေဘူးဆိုရင် ကိုယ်ပဲနစ်နာရမှာ။ ပြန်မလာတော့တဲ့လူကြောင့် ကိုယ့်ရဲ့အနာဂတ်ကို မဖျက်ဆီးလိုက်ပါနဲ့နော်။

ပထမဆုံးအနေနဲ့ သူ့ကိုစွန့်ခွာလိုက်ပါ။ ကိုယ့်ဘက်က ဘယ်လိုတောင်းပါစေ၊ ကိုယ်ဘယ်လောက်ထိခိုက်နေပါစေ အရေးမလုပ်တော့တဲ့လူကို ကိုယ်ကစပြီး မပတ်သတ်ပါနဲ့တော့။ ဖုန်းနံပါတ်ကိုလည်း ဖျက်ပစ်လိုက်၊ သူနဲ့ပတ်သတ်သမျှ အမှတ်တရတွေနဲ့ ဝေးဝေးနေလိုက်ပါဦး။

 

အသည်းကွဲနေတယ်ဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ ဖီးလ်နေတာတွေကို ရပ်လိုက်ရမယ်။ ကိုယ့်ကို ဘယ်သူကမှ မသနားဘူး၊ ကူညီမှာလည်းမဟုတ်ဘူး။ အဲ့ဒီအတွက် ဖီးလ်ချင်ရင်လည်း Only me နဲ့သာ ရေးချင်သလောက်ရေးပါ။ အရမ်းဖီးလ်လွန်းနေရင် ကိုယ့်အပေါင်းအသင်းတွေကပါ စွန့်ခွာသွားကြလိမ့်မယ်။ အဲ့ဒီအစား သူတို့နဲ့ပဲ တွေ့နေပါ။ အာရုံပြောင်းထားပါ။

 

နောက်ဆုံးတစ်ခုက လျှို့ဝှက်ချက်တွေကို ဘယ်တော့မှ၊ ဘယ်သူ့ကိုမှ ထုတ်မပြဖို့ပါပဲ။ ပြတ်သွားတဲ့ရည်းစားနဲ့ ကိုယ်ပဲ သိထားတဲ့ လျှို့ဝှက်ချက်တွေကို လူသိအောင်ထုတ်ပြောပြီး ဖီးလ်ပြရင် ကိုယ်ပဲ အရှက်ကွဲဖို့ဖြစ်လာမှာပါဆိုတာ မမေ့နဲ့နော်။ လူဆိုတာ တစ်နေရာတည်းမှာ ရပ်နေတာမဟုတ်ဘူးလေ။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖျက်ဆီးတဲ့အဖြစ်မျိုးနဲ့ နောင်တတွေ မရချင်ပါနဲ့နော်။

Share

Loading Next Article...
က္က