ပေါင်းသင်းဆက်ဆံရေးတိုင်းမှာ ခွဲခွာမှုတွေဆိုတာ ရှိစမြဲပါ။ ဘယ်လောက်ချစ်ချစ် အဆင်မပြေတော့တဲ့အခါ လမ်းခွဲဖို့ဖြစ်လာတယ်။ ကိုယ့်ဘက်က အဆင်မပြေတော့တဲ့ relationship တစ်ခုကို ဘယ်လိုမှ ရှေ့မဆက်နိုင်တော့ဘူး။ သူရောကိုယ်ပါ ရုပ်ပျက်ဆင်းပျက်တွေဖြစ်ပြီးမှ လမ်းခွဲရတာမျိုး မဖြစ်ချင်ဘူးမို့လား။

၁။ ကြိုတင်ပြင်ဆင်

21.jpg 

ကောင်းကျိုး၊ ဆိုးကျိုးတွေ ဘာတွေရှိမလဲ။ သူ့ကို တကယ်ပြတ်နိုင်တာလား။ ပြတ်လိုက်ရင် ကောင်းကျိုးကဘာတွေဖြစ်လာမလဲ။ ဆိုးကျိုးအနေနဲ့ရော.... ဒါတွေစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

၂။ သူ့ဘက်ကိုတွေး

ကိုယ်က ဖြတ်လိုက်ရင် သူဘယ်လိုနေမလဲ။ နှစ်ယောက်အတူရှိခဲ့ချိန်တွေက ကိုယ် သူ့ကိုတန်ဖိုးထားတယ်ဆိုတာ ကိုယ်တိုင်အသိဆုံး။ ဒီတော့ သူ့ဘက်ကိုတွေးပြီးမှ ဘယ်လိုပြောရမလဲဆိုတာကို ကြိုပြင်ဆင်သင့်တယ်။

၃။ မရှုပ်ထွေးစေနဲ့

4.jpg 

သေချာပြီးလားလို့ ကိုယ့်ကိုယ်ကိုယ် အရင်မေး။ တကယ်သေချာလား? အဲ့လို သေချာပြီဆိုတော့မှ သူ့ကိုပြောပြီးရင် မပြတ်မသားတွေ မလုပ်နဲ့တော့။ စိတ်ခိုင်ခိုင်ထားပြီး ပြတ်ပြတ်သားသားရှိပါစေ။ သူ့ကို မျှော်လင့်ချက်တွေ ထပ်မပေးနဲ့တော့။

၄။ ရိုးသားပါ

ကိုယ့်ကိုယ်ကိုယ်လည်း ရိုးသားပါ။ ကိုယ်လိုချင်တာ ကိုယ်သိအောင်လုပ်။ သူ့အပေါ်လည်း ရိုးသားပါ။ မပြတ်မသားနဲ့ သူ့ကိုလိမ်ညာဖုံးကွယ်တာတွေ ဆက်လုပ်နေရင် သူရောကိုယ်ပါ ပိုနာကျင်ရမယ်။

၅။ အေးအေးဆေးဆေးပဲပြော

22.jpg 

ဘယ်တော့မှ ရန်မဖြစ်နဲ့။ စကားလုံး ရိုင်းရိုင်းတွေကိုလည်း မသုံးမိပါစေနဲ့။ သူ့ဘက်က သုံးလာနိုင်တာကို ကြိုတော့တွေးထားပေါ့။ ကိုယ်က စဖြတ်မှာဆိုတော့ သူပြောလည်း ပြောပါစေ။

Share

Loading Next Article...
က္က