ဘာမှ အရေးမကြီးဘူးလို့ ထင်ရပေမဲ့ အဲ့ဒီ ဘာမဟုတ်တာတွေနဲ့ပဲ ပြတ်သွားရတာ။

Relationship တစ်ခု ရှိနေပြီဆိုရင် ပျော်စရာအချိန်တွေလည်း ရှိသလို ခက်ခဲပြီး အဆင်မပြေချိန်တွေလည်း ရှိနေမှာပဲ။ အပြန်အလှန် နားလည်မှု၊ ခွင့်လွှတ်မှု၊ သိတတ်မှုတွေကို ထားရှိမှ အချစ်ရေးကလည်း မြဲမှာ။ ဒါပေမဲ့လည်းလေ မဒီတို့အနေနဲ့ကတော့ ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ နားလည်ပေးပါတယ်ပြောပြော ဒီလိုအချိန်တွေမှာ နားလည်မပေးနိုင်ကြဘူးရှင့်။ ဘယ်လိုအချိန်တွေလည်းဆိုတော့ .......

၁။ ရန်ဖြစ်ချိန်

27.jpg 

ရန်ဖြစ်စကားများတာကတော့ ရှိတာပေါ့။ အဲ့လိုအချိန်တွေမှာ ကိုယ်ကစပြီး ပြေပြေလည်လည်ပြောတာတောင် သူ့ဘက်က အတ္တတွေ မာနတွေထားနေရင် အဆင်မပြေဘူး။ စိတ်ထဲမှာ ဝမ်းနည်းနာကျင်ရတယ်။ ကြာရင်ထွက်သွားမိတော့မှာ။ ကိုယ်ထိလက်ရောက် နာကျင်အောင်လုပ်ရင်တော့ ပွဲပြီးပြီပဲ။

၂။ ချုပ်ခြယ်တာ

ဘယ်သူမဆို ကိုယ်ပိုင်ဘဝရှိတယ်။ ဒါကို နားလည်ပေးဖို့က အရေးကြီးတယ်။ ချစ်သူရည်းစားမပြောနဲ့ဦး အိမ်ထောင်ကျသွားရင်တောင်မှ ကိုယ့်ရဲ့လူမှုရေးကိစ္စတွေကို နားလည်ပေးရမှာ။ ဟိုမသွားရဘူး၊ ဒီမလုပ်ရဘူးလို့ ကြပ်ကြပ်တားမြစ်.... နောက်ဆို ထားပစ်ခဲ့မှာ။

၃။ နှိမ့်ချဆက်ဆံတာ

4.jpg 

မိန်းကလေးလည်း လူပဲ... လူကို လူလို့မြင်ရမှာပေါ့။ ကိုယ့်ကို မိန်းမဆိုပြီး နှိမ့်ချဆက်ဆံတာ၊ အထင်သေးတာမျိုး လုံးဝလက်မခံနိုင်ဘူး။ ကိုယ့်လည်း ဘယ်သူ့ကိုမှ မှီခိုနေတာမဟုတ်ဘူး။ ကိုယ့်ခွန်အားနဲ့ကိုယ် ရပ်တည်နေတာကို သူ့လောက် မသိရကောင်းလားဆိုပြီး အထင်သေးစော်ကားတာမျိုးကို အရမ်းမုန်းတယ်။

၄။ ပြေပြေလည်လည်မပြောတာ

23.jpg 

ပင်ပန်းနေချိန်ဆိုရင် ပြောသာပြောပါ။ အဲ့လိုမဟုတ်ဘဲနဲ့ ငါစိတ်ရှုပ်နေလို့ဆိုပြီး မောင်းထုတ်တာမျိုး၊ လေသံမာမာနဲ့ ပြောတာမျိုးက လူကို နာကျင်ရစေတယ်။ ဒါကို နားလည်မှုမရှိရကောင်းလားဆိုပြီး ဒေါသတကြီးနဲ့ပါ ပြောလာရင်တော့ ဘယ်သူမှ နားလည်ပေးနိုင်မှာမဟုတ်ဘူးလေ။

Share

Loading Next Article...
က္က