AD
AD
AD

ပထမဆုံး ပြောချင်တာက ဖောက်ပြန်ဖို့မဟုတ်ဘူးဆိုတာပါပဲ။ ဆုံးဖြတ်ချက်တွေဟာ ဘယ်တော့မှ အလွယ်တကူမချသင့်ဘူး။ လူနှစ်ဦး ပါတ်သက်နေတဲ့ relationship တစ်ခုမှာ ကိုယ့်ဘက်အရင် လမ်းခွဲမယ်ဆိုလည်း တစ်ဘက်ကိုငဲ့ကြည့်ဖို့လိုသေးတယ်လေ။ လွယ်လွယ်ကူကူ အဖြေပေးပြီး ရည်းစားဖြစ်ပြီးတော့မှ ကိုယ်တကယ်ချစ်ရတဲ့လူကို တွေ့တဲ့အခါ စိတ်ဆင်းရတော့တာပါပဲ။ ဘယ်လိုလုပ်ကြမလဲ?

၁။ အဆက်အသွယ်နဲ့ ယုံကြည်မှု

play
 

ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာက သူ့ကို တကယ်ချစ်တာ ဟုတ်လို့လားဆိုတဲ့ မေးခွန်းပါ။ ကိုယ့်ရည်းစားနဲ့ အဆက်အသွယ်ပြတ်နေချိန် တခြားလူအပေါ် သာယာမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုက မိန်းကလေးတွေဟာ ယုံကြည်အားကိုးရတဲ့လူအပေါ် စိတ်ယိုင်တတ်ကြတယ်။ ဒီနှစ်ခုကြောင့် ဆိုရင်တော့ လက်ရှိလူကိုဖြတ်ပြီး နောက်လူကိုချစ်ဖို့ကိစ္စကို မေ့လိုက်ပါ။

၂။ ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်နဲ့

play
 

ကိုယ့်ရည်းစားက ကိုယ့်အပေါ် မချစ်ဘူး၊ မကောင်းဘူး ၊ နာကျင်အောင် လုပ်နေခဲ့တယ်။ တကယ်ချစ်တဲ့လူ၊ ကိုယ့်ကိုတန်ဖိုးထားတဲ့လူနဲ့ တွေ့ရင်တော့ ရှေ့ဆက်ဖို့ စဉ်းစားတာ အမှန်ဆုံးပါ။ ရည်းစားကိုဖြတ်ပြီး နောက်လူဆီသွားတယ်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ချစ်လို့ ကိုယ့်ကိုတန်ဖိုးထားပေးတဲ့လူ ချစ်ပေးတဲ့လူဆီကိုသွားတာ အပြစ်မဟုတ်ပါဘူး။

၃။ ကိုယ့်ကိုယ်ကိုယ်ရိုးသားပါ

play
 

ကိုယ်ဘာဖြစ်ချင်တာလဲ... ကိုယ့်စိတ်က ဘယ်သူ့ဆီမှာလဲဆိုတာ သိအောင်လုပ်ဖို့တော့ လိုတာပေါ့။ ငဲ့ညှာစရာတွေကို ဖယ်လိုက်ပြီးရင် ကိုယ့်နှလုံးသားက ဘယ်သူ့ကိုနေရာပေးထားသလဲဆိုတာ ကိုယ်တိုင်သိဖို့လိုတယ်။ မချစ်ဘဲနဲ့ ရှေ့ဆက်နေရင်လည်း သူရောကိုယ်ပါ စိတ်ပင်ပန်းရမှာ။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့က အရင်ဆုံးပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD