ပြတ်တုန်းက ပြတ်ပြီးပြီ အခုမှတော့ ဆောရီးပဲ...

ချစ်တုန်းကတော့ သေမလိုချစ်တာ။ ပြတ်သွားတော့လည်း အချစ်တွေဆိုတာ ဘယ်ရောက်ကုန်မှန်းမသိ။ သူလည်းကိုယ့်ကိုမုန်း၊ ကိုယ်လည်းသူ့ကိုမုန်းနဲ့ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်လုပ်ခဲ့ကြပြီးမှ သူ့ဘက်က ပြန်ဆက်ဖို့ အရိပ်အယောင်တွေ ပြလာရင်တော့ ဒီသီချင်းတွေ ဖွင့်ပြလိုက်လေ။

၁။ Little Mix - Shout Out To My Ex

Shout-Out-To-My-Ex-981x552.jpg 

ရည်းစားဟောင်းကို အော်ထုတ်ပလိုက်ဆိုတဲ့ သီချင်းခေါင်းစဉ်က ကွက်တိပဲ။ ကိုယ့်အသည်းကိုခွဲခဲ့တဲ့ ယောက်ျားတစ်ယောက်ကို မှတ်ဉာဏ်တွေထဲပါ ထုတ်ပစ်လိုက်ဖို့အတွက် ဒီသီချင်းကိုပဲ ဆိုပြလိုက်။ သီချင်းခေါင်းစဉ်ကိုသာကြည့်လိုက်လေ....

၂။ Taylor Swift - We Are Never Ever Getting Back Together

2f3281835d.jpg 

ချစ်သူအချင်းချင်း ရန်ဖြစ်စကားများတာကို တစ်လလုံးလုံး ပစ်ထားပြီးမှ ပြန်လာပါရစေဆိုရင်တော့ ဆောရီးပဲလေ။ ဟုတ်တယ်မို့လား။ သူအရင် ကိုယ့်ကိုနာကျင်ခံစားအောင်လုပ်သွားပြီးမှ ပြန်လာပါရစေဆိုရင် ဒီသီချင်းနဲ့ မောင်းထုတ်လိုက်တာပေါ့။

၃။ Beyonce - Single Ladies

maxresdefault.jpg 

အရေးမပါတဲ့ ယောက်ျားတစ်ယောက်အတွက်နဲ့များ ငိုနေဦးမှာလား။ ကိုယ့်ကို ဒုက္ခရောက်အောင်လုပ်သွားတဲ့လူက ကိုယ်နဲ့မှ မထိုက်တန်တာ။ မိန်းကလေးတွေဟာ ရည်းစားမရှိလည်း ပျော်ပျော်နေတတ်တယ်ဆိုတာ သိသွားအောင် ဒီသီချင်းလေးဆိုလိုက်။ မြူးလည်းမြူးတယ်။ ဆိုနေရင်း၊ နားထောင်နေရင်းနဲ့ကို ကချင် ခုန်ချင်လာတာမျိုး။

Share

Loading Next Article...
က္က