ကျောပိုးအိတ်လေးလွယ်ပြီး တစ်ယောက်လက်ကို တစ်ယောက်ကိုင် သွားရမယ့်ခရီးမျိုး .........

လူတစ်ယောက်အကြောင်း သိချင်ရင် ခရီးအတူတူ သွားကြည့်ပါတဲ့။ ခရီးသွားတဲ့အခါ သူနဲ့ကိုယ် ဘယ်လောက် အတွဲညီလဲ၊ သည်းခံနိုင်စွမ်းတွေ ရှိသလဲဆိုတာ သိလာရတယ်။ ပြီးတော့ နှစ်ယောက်ကြားမှာ ပျော်စရာတွေ ထပ်ပြီးများလာရတယ်လေ။ တကယ်ချစ်ရတဲ့လူတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ သူနဲ့အတူတူ ဒီခရီးလေးတွေ သွားဖြစ်အောင်သွားနော်။

၁။ ခြေလျှင်ခရီး

couples-traveling.jpg 

တောင်တက်ရတဲ့ခရီးမျိုးတွေပေါ့။ ခုဆို ပြည်တွင်းမှာလည်း တောင်တက်ခရီးစဉ်တွေ ရှိနေပြီလေ။ ပင်ပန်းလာတဲ့အခါ ချစ်သူလက်ကို တကယ်ပဲ ဆွဲထားနိုင်ပါ့မလား၊ ဖေးမပါ့မလားဆိုတာ လက်တွေ့သိရမယ့်ခရီးဆိုတော့ သွားကိုသွားသင့်တာပေါ့။

၂။ မိသားစုခရီးစဉ်

couple-travel.jpg 

ပိတ်ရက်ရှည်မှာ မိသားစုနဲ့အတူသွားတဲ့ ခရီးကိုလည်း သူ့ကို ခေါ်သွားလိုက်ပါဦး။ နောင်တစ်ချိန် အတူတူနေတဲ့အခါ သူနဲ့ ကိုယ့်မိဘအသိုင်းအဝိုင်း အဆင်ပြေ၊ မပြေ သိရမယ်။ သူတို့တွေအချင်းချင်း ပိုရင်းနှီးကျွမ်းဝင်သွားရာလည်းရောက်တယ်။ ဆွေမျိုးတွေဆီ အလည်ခေါ်သွားတာမျိုးလည်း လုပ်ကြည့်ပါ။ နယ်ဝေးကဆွေမျိုးတွေနဲ့လည်း အဆင်ပြေ၊ ကိုယ်တွေလည်း ခရီးထွက်ဖြစ်သွားရအောင်လေ။

၃။ ကမ်းခြေမှာ အေးအေးလူလူ အနားယူမယ်

travel-couple-1.jpg 

ကမ်းခြေသွားတယ်ဆိုရင် တကယ့်ကို စိတ်အေးလက်အေး အနားယူဖို့အတွက်ပဲ သွားကြတယ်။ တစ်ညအိပ်ရုံလောက်နဲ့တော့ ပင်လယ်ကြီးကိုကြည့်ပြီးပြန်ရတာ နှမျောစရာကြီးလေ။ သောကာတွေ ပူပန်မှုတွေ လျော့သွားအောင် ၃ ရက်လောက်တော့ အေးအေးလူလူ အနားယူကြတာပေါ့။ ဒီလိုခရီးမျိုးလည်း သူနဲ့အတူသွားသင့်တယ်။ ဒါမှ အချစ်စိတ်တွေ ပိုတိုးလာကြမှာနော်။

၄။ ဘာသာစကားမတူတဲ့နေရာတစ်ခုခု

def-5.jpg 

ပြည်တွင်းမှာလည်း ဒီလိုနေရာတွေ ရှိတယ်လေ။ နိုင်ငံခြားသွားမှရယ် မဟုတ်ဘူး။ တိုင်းရင်းသားနယ်မြေတွေဆီသွားပြီး သူတို့ရဲ့ ယဉ်ကျေးမှုတွေ ဓလေ့တွေ ဒေသအကြောင်းတွေကို လေ့လာရတာလည်း ချစ်သူနဲ့ကိုယ့်ရဲ့ ပူးပေါင်းလုပ်ဆောင်မှုကို စိန်ခေါ်ရာရောက်တယ်။ ဘာသာစကားမတူတဲ့လူတွေကို ဆက်သွယ်ဖို့ ဘယ်လိုနည်းတွေသုံးကြမလဲ?

Share

Loading Next Article...
က္က