ဒီနေ့ခေတ် လူငယ်တွေကြားမှာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်တဲ့အခါ အွန်လိုင်းကိုပဲ သုံးကြတာပါပဲ။ Messenger တွေကနေ အပြန်အလှန်စာပို့ကြတာက ဖုန်းပြောတာထက် ပိုပြီး အကုန်အကျနည်းတယ်မဟုတ်လား။ ကိုယ်ကြိတ်ခိုက်ရတဲ့ကောင်လေး (Crush) နဲ့ အွန်လိုင်းကနေ အပြန်အလှန်စကားပြောတယ်၊ စာပို့ကြတဲ့ အနေအထား ရောက်နေပြီဆိုရင်တော့ ဒါလေးတွေကို မှတ်ထားနော်။

၁။ ယုံကြည်မှုရှိပါ

Dollarphotoclub_67084468.jpg 

ခေတ်တွေဘယ်လိုပြောင်းပြောင်း မိန်းကလေးဘက်က အရင်စရတဲ့ခေတ်တော့ မရောက်သေးဘူး။ သူ့ဆီကို ကိုယ်ကသွားတွေ့တာမျိုး၊ မက်ဆေ့အရင်ပို့တာမျိုး မလုပ်နဲ့။ အဲ့လိုမှမလုပ်ရင် သူ့ဘက်က မသိဘဲနေမှာစိုးရိမ်သလား? မပူပါနဲ့၊ ယောက်ျားလေးတိုင်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့မိန်းကလေးတွေကို သဘောကျကြတယ်။ သူ့ဘက်က အရင်စတာကို ဘယ်လိုမှမစောင့်နိုင်တော့ဘူး။ စကားမပြောရရင် ရူးသွားမလားတောင် ဖြစ်နေပြီဆို ကိုယ်ကအရင် စပြောလိုက်ပါ။ စကားပဲပြောနော်။ ရှက်ကိုးရှက်ကန်းဟန် မပါစေနဲ့။ သွက်သွက်လက်လက်နဲ့ ပျော်စရာကောင်းတဲ့ ကောင်မလေးလို့ သူကထင်သွားလိမ့်မယ်။

၂။ စကားလုံးတစ်ခုတည်းနဲ့မဖြေရဘူး

ခုမှ စသိသိချင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြတယ်။ အမေးအဖြေလေးတွေနဲ့ စကားစရတာပဲ။ ကိုယ့်ကိုလာမေးတဲ့အခါ " အင်း" "Yes" "OK" " ဟုတ်တယ်" အဲ့သလိုမျိုး တုံးတိကြီး မဖြေရဘူး။ စကားက ဘယ်လိုဆက်ရမှန်းမသိ ဖြစ်သွားလိမ့်မယ်။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> တွယ်တာမှု ပုံစံ (၄) မျိုး

၃။ အထာကျပါစေ

စကားပြောရင် အရမ်းကြီး အလျှင်စလို မပြောနဲ့။ ကိုယ့်ဘက်က အသည်းအသန်လုပ်ပြ၊ အတင်းဝင်ရောလွန်းရင် ဟိုက ထွက်ပြေးချင်လာရော။ ကိုယ့်ဘက်က တစ်ခွန်းစပြောလို့မှ reply မလာရင် ထပ်မပြောတာပဲကောင်းတယ်။ ကိုယ့်စာကိုတွေ့ရင် စာပြန်လာလိမ့်မယ်။

၄။ ဟန်မဆောင်ကြေး

Dollarphotoclub_67084468.jpg 

ကိုယ့်ရဲ့ဟန်အတိုင်းလေးပဲနေ။ သူသဘောကျလေမလားဆိုတဲ့အတွေးနဲ့ ကိုယ်က ကိုယ်မဟုတ်သလို ပုံစံတွေပြောင်းဖို့မလိုဘူးနော်။ ဥပမာ ကိုယ်က သွက်သွက်လက်လက် ပွင့်ပွင့်လင်းလင်းသမား၊ ဒါကို သူလည်းသိတယ်။ ဒါပေမဲ့ အိနြေ္ဒရှင်ကြီးလို ပဲတစ်ခွဲသားနဲ့ သွားပြောရင် ဟိုက အထူးအဆန်းလိုဖြစ်ပြီး စကားမပြောဘဲနေသွားနိုင်တယ်။

၅။ သူ့အကြောင်းမေးပါ

ဘယ်မှာနေလဲ၊ ဘာတွေလုပ်လဲဆိုတဲ့ သမားရိုးကျ မေးခွန်းတွေထက် သူဝါသနာပါတာ ဘာလဲလို့ မေးကြည့်လေ။ အဲ့တာဆိုရင် သူ့ဘက်က စကားများများပြောလာအောင် လုပ်လိုက်တာပဲ။

၆။ အကောင်းမြင်ပါ

တချို့ကျတော့လည်း crush ဘက်ကများ သနားပြီးချစ်မလားလို့ ကိုယ့်အဖြစ်တွေကို သနားလာအောင် ပြောပြ၊ ငိုပြတယ်။ ဒါမျိုးက သိပ်အဆင်မပြေပါဘူး။ သနားစိတ်ဝင်လာရုံပဲရှိမှာ၊ ချစ်စိတ်ဝင်လာတော့မှာမဟုတ်ဘူး။ ကိုယ်က သူ့ဆီကလိုချင်တာ အချစ်လေ။ အကောင်းမြင်ပြီး ပျော်ပျော်နေတတ်သူဆိုရင် လူတိုင်းသဘောကျတာပဲ။ ဒီတော့ Crush ရှေ့မှာ ညည်းညူပြမနေဘဲ ပျော်စရာလေးတွေ ပြောကြည့်ပါလား။

၇။ ရပ်သင့်ချိန်မှာရပ်

o-TEXTING-YOUR-CRUSH-facebook.jpg 

စကားပြောရတာ အဆင်မပြေတော့ဘူးလို့ ခံစားရပြီဆိုရင် ရပ်လိုက်တော့။ ကိုယ့်ဘက်က စကားတွေပြောနေပေမဲ့ သူက အင်း၊ အဲ ဆိုတာတွေချည်း ပြန်လာနေပြီဆို ဆက်မပြောတာ အကောင်းဆုံးပါပဲ။ အချိန်ခဏစောင့်ပြီး နောက်မှ ထပ်ကြိုးစားကြည့်ပါ။ စောင့်နေတဲ့ အချိန်အတွင်းမှာလည်း သူ့ကို ကိုယ့်ဘက်က စိတ်ကုန်သွားလည်း ဖြစ်နိုင်တယ်။ စိတ်ကုန်မှတော့ ဒိုးပေါ့၊ ဘာလုပ်တော့မလဲ။ အချိန်ကုန်ခံမနေနဲ့တော့လေ။

Share

Loading Next Article...
က္က