ရုတ်တရက်ကြီး သူက ဘာမှကို ပြန်မဖြေတော့ပါဘူး။
 

သူနဲ့ သင်ဟာ အပြင်မှာ မတွေ့ဖြစ်ပေမဲ့ နေ့စဉ်လိုလို အွန်လိုင်းက စကားပြောဖြစ်တယ်။ စကားပြောတာလည်း အဆင်ပြေနေရဲ့သားက ရုတ်တရက်ကြီး သူက သင့်မက်ဆေ့ကို ပြန်မဖြေတော့တဲ့အတွက် ဘာကြောင့်လဲဆိုတဲ့အတွေးနဲ့ သင့်မှာ အချိန်တိုင်း ဝေခွဲမရဖြစ်နေသလား။

တကယ်လို့ ဒီလိုအဖြစ်မျိုး သင်ကြုံနေရပြီဆိုရင် အောက်ပါ အချက် (၇) ချက်တွေထဲက တစ်ခုခုကြောင့် သူ ဆက်မပြောတော့တာ ဖြစ်ပါတယ်။

၁။ သူ မက်ဆေ့ပို့တိုင်း သင်ချက်ချင်း ပြန်ပြောတယ်

 

လူဆိုတာ လိုက်ရင်ပြေးတယ်၊ ပြေးရင်လိုက်တယ်ဆိုတဲ့ ရှေးစကားက အမြဲတမ်း မှန်ကန်ပါတယ်။ သူ မက်ဆေ့ပို့လိုက်တိုင်း စက္ကန့်ပိုင်းအတွင်း သင်ပြန်ဖြေနေတယ်ဆိုရင် သူ ပျင်းသွားတာပါ။

၂။ သင့်ဘက်က မက်ဆေ့ ခဏခဏပို့တယ်

အစကတော့ သင်နဲ့ စကားတွေ အများကြီးပြောရတာ ကျေနပ်နေတယ်ဆိုရင်တောင် အဲဒီအတွက် နေ့စဉ် နာရီနဲ့ချီပြီး အချိန်ပေးရတာ ဘယ်သူမှ မကြိုက်ပါဘူး။

 

၃။ သင်က အရမ်းစကားများတယ်

အခြေအနေ ဘယ်လိုလဲလို့ သူမေးတာဟာ သိချင်လို့ မေးတာမဟုတ်ပါဘူး။ အဲဒါကို သင်က မနက်စာအကြောင်း၊ အလုပ်အကြောင်း၊ သူငယ်ချင်းတွေအကြောင်း၊ အိမ်အကြောင်းတွေနဲ့ တရှည်တလျားရှင်းပြနေတယ်ဆိုရင် အတော်စကားများတဲ့ ကောင်မလေးဆိုပြီး စိတ်ပျက်သွားမှာပါပဲ။

၄။ တခြားကောင်လေးတွေနဲ့လည်း သင် စကားအပြန်အလှန်ပြောတာ သူသိသွားတယ်

သင်ဟာ ကောင်လေးတွေ အများကြီးကို တစ်ပြိုင်နက်တည်း ချက်တင်ပြောနေတာကို မတော်တဆ သူသိသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ရည်းစားများတာ မဟုတ်ပေမဲ့ အချိန်ပြည့် ယောက်ျားလေးတွေ တလှေကြီးနဲ့ စကားပြောနေတတ်သူကို ဘယ်သူမှ မနှစ်သက်ပါဘူး။

၅။ သူ့မှာ တခြားမိန်းကလေး ရှိနေလို့

သူ ရည်းစားရသွားပြီဆိုရင် သူ့ရည်းစားက သင်နဲ့စကားပြောတာ ကြိုက်မှာမဟုတ်တဲ့အတွက် သူဆက်ပြောမှာ မဟုတ်ပါဘူး။

 

၆။ သံယောဇဉ်တွေဖြစ်မှာ ကြောက်တဲ့သူ

တချို့က လွတ်လပ်တဲ့ဘဝကို နှစ်သက်ကြပြီး တစ်စုံတစ်ယောက်ကို တွယ်ငြိရမှာ ကြောက်ပါတယ်။ မက်ဆေ့လေး ပို့တာပဲ ဆိုပေမဲ့ ဒါကို တာဝန်တစ်ခုလို နေ့စဉ် ပြောဖြစ်နေမှာကို သူတို့ မလိုလားပါဘူး။

၇။ စိတ်မဝင်စားတော့လို့

ပြောရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သူက သင့်ကို အသစ်အဆန်းတစ်ခုလိုပဲ စိတ်ဝင်စားပြီး လအနည်းငယ်ကြာမှာ သင့်အကြောင်း အတော်များများကို သိလိုက်ရပြီးနောက် သူ သင့်ကို စိတ်မဝင်စားတော့ဘူးဆိုရင် သင့်အတွက် အချိန်ပေးချင်တော့မှာ မဟုတ်ပါဘူး။

Source & Photos : CDG

Share

Loading Next Article...
က္က