တချို့ fandom တွေ သူတို့ရဲ့ idol အပေါ်ထားတဲ့ မေတ္တာစိတ်မျိုးကိုလည်း squish တယ်ဆိုတဲ့စာရင်းထဲပဲ ထည့်နိုင်မလားမသိ။

ခုခေတ်ကလေးတွေကြားမှာတောင် "ငါတော့ သူ့ကိုခွက်ရှ် (crush) နေမိပြီကွာ" တို့၊ "သူက ငါ့ crush လေ" လို့သုံးနှုန်းတာတွေ ကြားဖူးမြင်ဖူးကြမှာပေါ့။ Crush ဆိုတာ တကယ်တော့ စိတ်ထဲမှာ ကြိတ်ကြွေမိတဲ့လူကို ခေါ်သလို ကြွေတယ်ဆိုတာကိုလည်း ခေတ်လူငယ်ဗန်းစကားအဖြစ် "crush တယ်" လို့ပဲ ကြိယာအဖြစ် သုံုးစွဲကြပါတယ်။

 

ဒီခေတ်ကြီးမှာ အင်တာနက်နဲ့ထိတွေ့နေတဲ့လူတိုင်း crush ဆိုတဲ့ ဝေါဟာရကို အနည်းနဲ့အများသိကြပါတယ်။ ဒါပေမယ့် crush လိုပဲ ဗန်းစကားအသစ်တစ်မျိုးဖြစ်တဲ့ "squish" ဆိုတာကိုကော သိကြလား။

Squish ဆိုတာဘာလဲ

always-tired-causes-tiredness.jpg 

"Squish" ဆိုတာလည်း Crush နဲ့ သဘောတရားဆင်တူပါတယ်။ အတိအကျပြောရရင်တော့ squish ဆိုတာ မိမိနှစ်သက်တဲ့သူနဲ့ နီးနီးကပ်ကပ်ရှိလိုတဲ့ သဘောတရားပါပဲ။ အွန်လိုင်းဆယ်လီတစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ Facebook account ထဲက ခပ်ချောချော ကောင်လေး/ကောင်မလေးတစ်ယောက်ဖြစ်ချင်ဖြစ်မယ်။ Instagram မှာ ဓာတ်ပုံအလန်းလေးတွေတင်နေတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ မိမိစိတ်မှာ ချစ်ခင်သလို၊ ရင်းနှီးသလို ခံစားရပြီး သူတို့နဲ့စကားပြောဆိုဆက်ဆံချင်တဲ့ ခံစားချက်မျိုးကို squish လို့ခေါ်ပါတယ်။

"ဟင်... ဒီလိုဆို squish ဆိုုတာ crush နဲ့ ဘာကွာတော့မလဲ" ဆိုပြီး မေးစရာရှိပါတယ်။ crush နဲ့ squish အဓိကကွာခြားချက်ကတော့ squish တယ်ဆိုတာမှာ မိမိနှစ်သက်သူနဲ့ လိင်ပိုင်းဆိုင်ရာ (သို့) ရိုမန်းတစ်ဆက်ဆံရေး၊ သမီးရည်းစားဆက်ဆံရေးအထိ တက်လှမ်းလိုစိတ် မရှိပါဘူး။ Platonic Love လို့ခေါ်ကြတဲ့ အဝေးကပဲငေးကြည့်နေမယ်ဆိုတဲ့ အချစ်မျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် squish မှာကျတော့ အဲဒီလို ချစ်တယ်ဆိုတဲ့ခံစားချက်မျိုးတောင် ရှိချင်မှရှိတတ်တာပါ။

အတိုချုံးပြောရရင်တော့ squish တယ်ဆိုတာ crush တာရဲ့ ပုံစံသစ်တစ်မျိုးလို့ဆိုနိုင်ပါတယ်။ Crush တာလို အခွင့်အရေးပေးရင် ရည်းစားလေးဖြစ်ချင်တာပေါ့ ဆိုတဲ့ ခံစားချက်မျိုး မပါဝင်တာလေးတစ်ခုက လွဲရင်ပေါ့။ squish ဆိုတဲ့စကားလုံးရဲ့နောက်ကွယ်မှာ အမြင့်မားဆုံးလိုချင်တဲ့ ဆန္ဒက မိမိနှစ်သက်သူနဲ့ အချိန်တူတူဖြုန်းချင်မယ်။ စကားပြောချင်မယ်။ ရယ်မောချင်မယ်။ လျှို့ဝှက်ချက်တွေ တူတူဝေမျှချင်မယ်။ အဲဒီလောက်ပါပဲ။

နောက်တစ်ခုရှိတာက ဒီဗန်းစကားလေးရဲ့နောက်ကွယ်မှာ နောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိနေပါသေးတယ်။ အဲဒါကတော့ သူငယ်ချင်း ချင်းကြားမှာလည်း squish တယ်ဆိုတာရှိနိုင်တာပါပဲ။ သူငယ်ချင်း အုပ်စုတွေထဲမှာမှ အဲဒီတစ်ယောက်ကို ကိုယ်ကသဘောကျတယ်။ သဘောကျတယ်ဆိုပေမယ့် ချစ်သူရည်းစားဖြစ်ချင်စိတ်နဲ့ သဘောကျတာမျိုးလည်းမဟုတ်။ အချစ်ဆုံးသူငယ်ချင်း ဖြစ်ချင်တယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ဒါပေမယ့် BFF (Best Friends Forever) နဲ့ ဘာကွာပြန်လဲဆိုတော့ squish တယ်ဆိုတာမှာ တစ်ဖက်လူက ကိုယ့်ကို ကိုယ်သဘောထားသလို ပြန်သဘောထားစရာ မလိုပါဘူး။ တစ်ဖက်သတ် squish လို့ရပါတယ်။ ဆိုလိုတာက တစ်ဖက်သတ် ကျိတ်ခင်နေလို့ရပါတယ်။

ကိုယ် squish နေမိတဲ့သူကောရှိလား

tony-lam-hoang-156669.jpg 

အမှန်တော့ squish တယ်ဆိုတာ crush တာထက်စာရင် ပိုပြီးဖြူစင်တဲ့သဘောကို ဆောင်ပါတယ်။ မိမိချစ်ခင်လေးစားရတဲ့သူကို အဝေးကပဲဖြစ်ဖြစ်၊ အနီးကပ်ပဲဖြစ်ဖြစ် စိတ်ထဲက ကျိတ် squish နေမိတာ ဘာများမှားသလဲနော့။ ချစ်တာတွေ၊ ကြိုက်တာတွေလို ပူလောင်တဲ့အရာတွေလည်း မပါတဲ့အတွက် သောက၊ မောဟလည်း ကင်းစင်ပါတယ်။ တချို့ fandom တွေ သူတို့ရဲ့ idol အပေါ်ထားတဲ့ မေတ္တာစိတ် မျိုးကိုလည်း squish တယ်ဆိုတဲ့စာရင်းထဲပဲ ထည့်နိုင်မလားမသိ။ ဘာပဲဖြစ်ဖြစ် မိမိပတ်ဝန်းကျင်မှာကော အဲဒီလိုစိတ်မျိုးထားမိနေတဲ့သူရှိလား။ ရှိရင် သူ့ကို squish နေတဲ့အကြောင်း တိတ်တိတ်လေး ပြောသွားခဲ့ပေါ့။

Source: Youngisthan

Share

Loading Next Article...
က္က