လူတစ်ယောက်ကို ကြိတ်ကြိုက်နေပြီ (Crush နေပြီ) ဆိုရင် ကိုယ်ကြိုက်နေမှန်း သူ့ကိုသတိထားမိလာစေချင်မှာပါပဲ။ အထူးသဖြင့် ငယ်ဘဝတုံးက ကိုယ်စီကိုယ်စီ crush တွေ ရှှိဖူးကြမှာပါ။ ဒါပေမယ့် ဘယ်နှခါများ ကျွန်တော်တို့ရဲ့ခံစားချက်တွေကို crush သိလာစေဖို့ ကြိုးစားဖူးပါသလဲ။ အနည်းဆုံး သူသတိပြုမိလာအောင် ဘယ်လိုကြိုးစားအားထုတ်မှုမျိုးကို ပြုလုပ်ဖူးပါသလဲ။

 

လူတစ်ယောက်ကို နှစ်သက်သဘောကျမိတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမယ့် ကိုုယ့်ခံစားချက်ကို သူသိအောင်မပြနိုင်ရင်တော့ Friend-zone ထဲမှာ နစ်ကျန်ရတော့မှာပေါ့။ ဒီလိုမဖြစ်ရလေအောင် ကိုယ့်ကို ကိုယ့် crush က သတိထားမိလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သပ်သပ်ရပ်ရပ်ဝတ်စားပါ

2016-women-039-s-business-suits-formal-office.jpg 

ကမ္ဘာကျော်တန်ဖိုးကြီး Branded အဝတ်အစားတွေကိုပဲ ထည်လဲဝတ်ဖို့ ပြောတာမဟုတ်ပါဘူး။ မီးပူကော့နေအောင်တိုက်ထားတဲ့ အဝတ်အစားကောင်းကောင်းကို သပ်သပ်ရပ်ရပ်ဝတ်တတ်ရင်ပဲ သူ့မျက်စိထဲမှာ ကြည့်လို့ကောင်းနေမှာပါ။ အရမ်းကြီး ကြွားဝါတဲ့ပုံလည်းမပေါ်ပဲ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်တတ်တဲ့သူတွေကို လူအများစုက နှစ်သက်ကြပါတယ်။

၂။ ဟာသဉာဏ်ရွှင်ပါစေ

ဟာသကောင်းကောင်းပြောတတ်ပြီး စကားဝိုင်းတစ်ခုကို ပါးစပ်မစေ့ရလေအောင် ထိန်းထားတတ်သူကို လူတိုင်းက နှစ်သက်ကြပါတယ်။ အရမ်းကြီးပေါပြတာမဟုတ်ဘဲ ရုပ်တည်နဲ့ ဟာသပြောတတ်ရင် ပိုတောင် သဘောကျကြပါသေးတယ်။ သူက ကိုယ့်ကို သူ့အနားမှာရှိစေချင်ပြီဆိုရင် သူ့နှလုံးကို သိမ်းပိုက်နိုင်ဖို့ တစ်ဝက်လောက်အဆင်ပြေပါပြီ။ ဘာ zone ညာ zone ထဲ မရောက်အောင်ရှောင်ဖို့ပဲ ကျန်ပါမယ်။

၃။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိပါစေ

Successful-Businessman-Banne-Ke-Liye-Kya-Gun-Hone-Chahiye-businesman-kaise-bane-tips-wallpapers-images-pics.jpg 

ဒါကတော့ ရှင်းပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိမှတော့ crush ကို ဘယ်လိုဖွင့်ပြောမလဲ။ လူတော်တော်များများ crush နေရရင်ပဲ ကျေနပ်လိုက်ရတာက မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ ပြဿနာ ကြောင့်ပါပဲ။

နောက်တစ်ခုက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းကို ဆက်ဆီကျတယ်လို့ အများက ယူဆကြပါတယ်။ (မိမိကိုယ်ကိုယ် ယုံကြည်မှုမလွန်ကဲရင်ပေါ့။) ယံုံကြည်မှုအပြည့်မွေးထားပြီး အခွင့်အရေး ရတာနဲ့ ဖွင့်ပြောဖို့သာချောင်းနေပါ။

၄။ သူတို့ကိုနှစ်သက်ကြောင်း မသိမသာဖော်ပြနေပါ

လူတစ်ယောက်ကို တစ်ယောက်က နှစ်သက်ကြောင်း မသိမသာဖော်ပြလို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဂရုစိုက်ပြတာ၊ ကြင်နာပြတာ၊ သူနဲ့ပတ်သက်ရင် အသေးစိတ်ကအစ သိနေတာ အစရှိသဖြင့်ပေါ့။ ဒီနည်းနဲ့ ခင်ဗျားတို့နှစ်ယောက်ကြားက ဆက်နွယ်မှုလေးကလည်း အရှိန်တက်လာပါလိမ့်မယ်။

၅။ သူ့အတွက်အသင့်ရှိနေပေးပါ

festival-vibes_1499103979.jpg 

စက်ပစ္စည်းတွေမှာ stand-by mode ဆိုတာ ရှိပါတယ်။ လိုအပ်ချိန်မှာ အသင့်ရှိနေမယ်ဆိုတဲ့ သဘောပါပဲ။ Crush နဲ့ပတ်သက်ရင် အဲဒီ mode ကို အချိန်ပြည့် On ထားပါ။ သူလိုအပ်ပြီဆိုတာနဲ့ ကိုယ်က ရှေ့ဆုံးက ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားပါ။ သူ ကိုယ့်အပေါ် အတိုင်းအတာတစ်ခုထိ မှီခိုလာရပြီဆိုရင်တော့ နီးစပ်လာပြီလို့ ဆိုနိုင်ပါတယ်။

၆။ ဖွင့်ပြောဖို့ကြိုးစားပါ

အထက်ကအဆင့်တွေ အကုန်လုပ်ပြီး နောက်ဆုံးအဆင့်ကို မလုပ်နိုင်ရင်တော့ အလကားပါပဲ။ သူကိုယ့်အပေါ် ခံစားချက်အားဖြင့် မှီခိုလာအောင် လုပ်ပြီးပြီဆိုရင် ဖွင့်ပြောဖို့အချိန်ရောက်ပါပြီ။ အနှောင့်အယှက်ကင်းပြီး ဆိတ်ငြိမ်တဲ့နေရာတစ်နေရာမှာ သူ့ကို ဖွင့်ပြောဖို့ကြိုးစားပါတော့။

Source: youngisthan

Share

Loading Next Article...
က္က