သူတို့အတွက် အကြိုးစားဆုံး လုပ်ဆောင်မှုကတော့ အွန်လိုင်းပေါ်ကနေ Like တွေ love react တွေ လုပ်တာပါပဲ။

တစ်ယောက်ယောက်ကို ကိုယ်စပြီး ကြိုက်မိတာတော့ ယောက်ျားလေးလည်း ဖြစ်တတ်တာပဲ။ မိန်းကလေးလည်း ဖြစ်မှာပဲ။ ဒါပေမဲ့လည်းလေ သူများထက်ကိုပိုပြီး ရှက်တတ်လွန်းသူလေးတွေ crush ရှိလာပြီဆို ရယ်ဖို့လည်းကောင်းတယ်။ သနားဖို့လည်းကောင်းတယ်။

၁။ ပုန်းလျှိုးကွယ်လျှိုး

30.jpg 

ရှက်တတ်လွန်းတဲ့ အခါကျတော့ ကိုယ်သဘောကျတဲ့လူနဲ့ မျက်နှာချင်း မဆိုင်ရဲဘူး။ မျက်နှာချင်းဆိုင် ဆုံရင်တောင် မျက်နှာလွှဲပစ်တာ။ စေ့စေ့မကြည့်ရဲဘူးလေ။ ပြီးမှ နောက်ကနေ တိတ်တိတ်လေးချောင်းကြည့်တယ်။

၂။ ကို့ယို့ကားယားတွေဖြစ်တယ်

ရှက်တတ်လွန်းတဲ့အခါကျတော့ ကို့ယို့ကားယားတွေ အမြဲဖြစ်တယ်။ ဒါပေမဲ့ ရှက်တတ်လွန်းသူလေးတွေ ယောက်ျားတစ်ယောက်ကို crush မိရင် ပိုဆိုးတယ်။ တကယ်ကို ပေါက်ကရတွေ လုပ်မိတာ။ ဥပမာ သူက စကားလာပြောပြီဆို ပြန်မပြောနိုင်တော့ဘူး။ ကြက်သေသေနေတာမျိုး၊ လက်က ဟိုဆွဲခြစ် ဒီဆွဲကုတ် လျှောက်လုပ်မိရော။

၃။ လူမှုကွန်ရက်

42.jpg 

သူတို့အတွက် အကြိုးစားဆုံး လုပ်ဆောင်မှုကတော့ အွန်လိုင်းပေါ်ကနေ Like တွေ love react တွေ လုပ်တာပါပဲ။ Comment တွေလည်း ပေးချင်ပေးလိမ့်မယ်။ ဒါပေမဲ့ chat box ကနေတော့ တော်ရုံနဲ့ ပြောမှာမဟုတ်ဘူး။ ပြောလည်း စကားတွေက တောင်စဉ်ရေမရတွေ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် သမားရိုးကျ ပျင်းစရာကောင်းတဲ့ မေးခွန်းတွေပဲ ဖြစ်နေတတ်တယ်။

၄။ တွယ်ကပ်နေတယ်

သူတို့တွေ တွယ်ကပ်နေပုံက ဖိနပ်မှာကပ်နေတဲ့ ပီကေလိုပဲ။ ခွာလို့ကိုမရဘူး။ ကိုယ့် crush နဲ့ ပတ်သက်သမျှ အသေးစိတ်လည်း မှတ်မိနေသေးတာ။ ပြီးရင် crush ရဲ့ ပတ်ဝန်းကျင်တွေ၊ နောက်ကြောင်းတွေ အကုန်လိုက်စုံစမ်းတော့တာပဲ။ Crush က စကားစပြောလာရင် သူတို့ဘက်ကစပြီး စကားစ မဖြတ်ဘူး။ နားထောင်ပေးနေတတ်တယ်။

၅။ ရှက်သွေးဖြာတယ်

18.jpg 

ကိုယ်နဲ့ စကားပြောနေတုန်း အဲ့ဒီကောင်မလေးက မျက်နှာကြီးလွှဲနေတာ၊ ခေါင်းငုံ့နေတာဆိုရင် ချေမိုးတယ်လို့ မထင်လိုက်နဲ့ဦး။ သူက ကြိတ်ပြီး သဘောကျနေလို့ ရှက်နေတာ။ ပါးလေးတွေဆို နီရဲသွားတာမျိုး မြင်ဖူးလား။

Share

Loading Next Article...
က္က