ကိုုယ့်ကိုချစ်နေတာ ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဖြစ်နေရင်ကော ဘယ်လိုဖြေရှင်းကြမလဲ။

အချစ်ဆိုတာ လူတွေကို ကြည်နူးမှုနဲ့ သာယာပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဘဝမှာ အချစ်ရှိနေလို့ နေပျော်ပြီး သာယာနေတာပါ။ ဒါပေမယ့် ကိုုယ့်ကိုချစ်နေတာ ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဖြစ်နေရင်ကော ဘယ်လိုဖြေရှင်းကြမလဲ။



 

ကိုယ်ကသူ့ကို ပြန်ကြိုက်ရင် ကိစ္စမရှိပေမယ့် ပြန်မကြိုက်နိုင်ရင် သူငယ်ချင်းချင်း မျက်နှာပျက်စရာတွေ ဖြစ်တတ်ပါတယ်။ ဒီကိစ္စမျိုးဆိုတာ ပါးပါးနပ်နပ်ကိုင်တွယ်တတ်မှ တော်ကာကျတာပါ။ အချစ်ဆုံးသူငယ်ချင်းက ကိုယ့်ကို crush နေလား သိနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သူကကိုယ့်ကို လိုတာထက်ပိုပြီး ကာကွယ်ပေးမယ်

sex-love-life-2015-01-boyfriend-best-friend-main.jpg 

ကိုယ့်သူငယ်ချင်းကို တခြားလူက မကောင်းပြောလာရင် အကာအကွယ်ပေးရမှာက သဘာဝပါ။ ဒါပေမယ့် လိုတာထက်ပိုပြီး အကာအကွယ်ပေးချင်တဲ့၊ ကိုယ့်ကိုထိရင် ဆတ်ဆတ်ထိမခံတဲ့ အမူအရာမျိုး သူ့ဆီမှာမြင်နေရပြီဆိုရင်တော့ သူကိုယ့်အပေါ် မရိုးသားတော့ဘူးလို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါပြီ။ တစ်ခါတလေမှာ အိမ်ကအဖေ၊ အမေတောင် စိတ်မပူဘဲ လွှတ်ထားတာကို သူက "ဘယ်ရောက်နေလဲ၊ ခုထိအိမ်မပြန်သေးဘူးလား" လာလုပ်နေရင်လည်း မရိုးသားတဲ့ အရိပ်အယောင်ပါပဲ။

၂။ ယောကျ်ားလေးမိတ်ဆွေတွေထားတာ ကြည့်မရဘူး

Hates-Your-Male-Friends.jpg 

BFF ခေါင်းစဉ်အောက်မှာ နေနေပေမယ့် တခြားယောကျ်ားလေး သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ရှိနေတာကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ဂျေလာကိုက်နေပြီဆိုရင်လည်း ဒါသူကိုယ့်ကို crush နေတဲ့ လက္ခဏာပြနေတာပါ။ သူမပါဘဲ တခြားယောကျ်ားလေး သူငယ်ချင်းတွေနဲ့ ညဘက်အပြင်ထွက်ရင်လည်း စိတ်ဆိုးစိတ်ကောက်ပြပါလိမ့်မယ်။

၃။ အထိအတွေ့တွေကို သာယာမယ်

Getting-Touchy.jpg 

သူငယ်ချင်းချင်း လက်မောင်းကိုလာကိုင်တာတို့၊ စရင်းနောက်ရင်း ပေါင်ကိုရိုက်ပုတ်လိုက်တာတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေကြားမှာ ရှိတတ်တဲ့ အထိအတွေ့၊ အပြုအမူလေးတွေပါပဲ။ ဒါပေမယ့် ကိုယ့်ဘက်က ရိုးရိုးသားသား ထိတွေ့လိုက်ရင်တောင် သူ့ဘက်က နေမထိထိုင်မသာဖြစ်သွားတာတို့၊ အမူအရာပြောင်းသွားတာတို့ ဖြစ်မယ်ဆိုရင် သူ့စိတ်ထဲမှာ မရိုးသားတော့ဘူးဆိုတာကို ဖော်ပြနေတာပါပဲ။ ဒီထက်ပိုအဆင့်တက်လာရင် သူ့ဘက်က အဲဒီလိုမျိုးလေး ထိတွေ့ခွင့်ရဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားလာပါလိမ့်မယ်။

၄။ အောင်မြင်မှုတွေအတွက် ဂုဏ်ယူမယ်

Being-Proud-of-You.jpg 

သူငယ်ချင်းဆိုတာ ကိုယ်အောင်မြင်နေချိန်မှာပဲဖြစ်ဖြစ်၊ ရှုံးနိမ့်ချိန်မှာပဲဖြစ်ဖြစ် အနားမှာအမြဲရှိနေမှာပါ။ ဒါပေမယ့် လူဆိုတဲ့အမျိုးက မနာလိုဝန်တိုတတ်တဲ့ အမျိုးပါ။ သူငယ်ချင်းအုပ်စုကြားမှာ ကိုယ်တစ်ယောက်ပဲ ကွက်ပြီးအောင်မြင်မှု ရရှိတဲ့အခါ ရှေ့မှာချီးကျူး စကားပြောပေမယ့် နောက်ကွယ်မှာ ဘာပြောမလဲမသိနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ကြိတ်ချစ်နေတဲ့ အချစ်ဆုံး သူငယ်ချင်း လေးကတော့ လူရှေ့သူရှေ့မှာ စိတ်လိုလက်ရ ချီးမွမ်းတဲ့အပြင် စိတ်ထဲက နှစ်နှစ်ကာကာ ဂုဏ်ယူကြောင်းကို ဖော်ပြပါလိမ့််မယ်။

၅။ အနာဂတ်ကို ပြင်ဆင်မယ်

Plan-Future-with-You.jpg

လူတိုင်းလူတိုင်း ကိုယ့်ဘဝအနာဂတ်အတွက် ပြင်ဆင်ကြတာ ထုံးစံပါပဲ။ ဒါပေမယ့် သူငယ်ချင်းနှစ်ယောက် စကားပြောကြရင်း သူ့အနာဂတ်အတွက် ပလန်တွေထဲမှာ ကိုယ့်ကိုပါ ထည့်သွင်းစဉ်းစား ပေးထားတယ်ဆိုရင်တော့ သူ့စိတ်ထဲမှာ ကိုယ်ရှိနေတာ အထင်အရှားပါပဲ။ အနာဂတ်မှာ ကိုယ်နဲ့ဒီထက်ပိုတဲ့ အနေအထားတစ်ခု ရယူလိုတဲ့ဆန္ဒကို ဖော်ပြနေတာပါ။

၆။ ခိုးခိုးကြည့်တယ်

ချစ်ခြင်းအစ မျက်စိက ဆိုတဲ့အတိုင်းပါပဲ။ သူ့ရဲ့အကြည့်သူခိုးလေးတွေကို ခဏခဏမိလာပြီဆိုရင်တော့ "ဒီကောင်က ငါ့အပေါ် မရိုးသားတော့ဘူး" လို့ ခန့်မှန်းနိုင်ပါပြီ။ သူ့မျက်လုံးထဲက အဖြေကို ဖော်နိုင်ဖို့ ကြိုးစားကြည့်ပြီး အချစ်ဆုံးသူငယ်ချင်းကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားနိုင်ပါပြီ။

Soruce: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က