အချိန်တန်တော့လည်း မေ့သွားမှာပါ။ ဒါပေမဲ့ ခုထိတော့..........

တချို့သောခွဲခွာမှုတွေဟာ ယာယီပဲဖြစ်ပြီး တချို့ခွဲခွာမှုတွေကတော့ ရာသက်ပန်အတွက် ဖြစ်သွားလေ့ရှိပါတယ် ညီမလေးတို့ရေ။ ရည်းစားဟောင်း (ex) ကို တကယ်ပဲ ပြတ်ပါပြီလို့ ကိုယ်က ထင်ခဲ့တယ်။ နောက်လူနဲ့ ထပ်တွဲတော့မယ်လို့လည်း ဆုံးဖြတ်လိုက်ပြီးပြီ။ တကယ်တွဲတော့မှ ကိုယ့်စိတ်က ရည်းစားဟောင်းဆီ တလည်လည်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါ နောင်တရစရာတွေ ဖြစ်လာနိုင်ပါတယ်။ သူ့ကို တကယ်ပဲ စိတ်က ပြတ်သားနိုင်ပြီလား?

၁။ ဖေ့စ်ဘွတ်ပို့စ်

Missing-Boyfriend-Quotes-Long-Distance.jpg 

ဟုတ်တယ်၊ သူ့ကြောင့် နာကျင်ခံစားခဲ့ရတယ်။ ချစ်လည်းမချစ်နိုင်တော့ဘူး။ ဒါနဲ့များ ဘာလို့ သူ့မကောင်းကြောင်းတွေရေးပြီး တင်နေဦးမလဲ။ အဲ့လိုတင်နေသမျှတော့ ခေါင်းထဲမှာ သူက နေရာယူနေဦးမှာ။ ကိုယ်တွေကိစ္စကို ဖေ့စ်ဘုတ်မှာ တင်နေမယ့်အစား သူ့ကို unfriend, unfollow လုပ်တာ block တာ လုပ်လိုက်ပါ။

၂။ မူးရင်စာပို့တယ်

crazy-gf-texts-.1.jpg 

ပုံမှန်အတိုင်းဆိုရင်တော့ ဘာသိဘာသာ နေလို့ရတယ်။ မူးလာပြီဆို ဖုန်းဆက်တယ်၊ မက်ဆေ့ပို့တယ်။ ကဲ.... ပြောပါဦး မသိစိတ်က လွမ်းနေတုန်းပဲဆိုတာလေး။

၃။ သူ့အကြောင်းတွေပြောလို့မပြီးနိုင်ဘူး

သူများတွေမေးလို့ဖြစ်ဖြစ် စကားဝိုင်းမှာဖြစ်ဖြစ် " ငါ့အရင်ရည်းစား... ဘယ်သူကလေ..." အစချီပြီး ပြောနေမိတုန်းလား။ အဲ့တာကလည်း နေ့တိုင်းလိုလို ပြောနေမိတုန်းလား။ စိတ်ထဲမှာ သူရှိနေတုန်းပဲဆိုတာ သိလိုက်ပါတော့။

၄။ အွန်လိုင်းမှာ ခြေရာခံတယ်

58cb5375a97a0_817netporn.jpg 

သူ့အကောင့်ကိုလည်း ဘလော့လိုက်ပြီ။ ဒါပေမဲ့ ပြန်ဖြည်ပြီး သူဘာတွေ ရေးထားလဲ၊ ဘာတွေဖြစ်နေလဲလို့ ခဏခဏ ဝင်ချောင်းတယ်။ ဒါဆိုရင် ကိုယ့်စိတ်က သူ့ကို မပြတ်သားသေးလို့ပါ။

 

၅။ သူ့အတွက်တစ်ခုခုလုပ်ပေးချင်နေတုန်း

သူနေမကောင်းရင် ဆေးလေးဝယ်ပေးချင်တုန်းပဲ။ သူ့အလုပ်အတွက် အထောက်အကူပြုမယ့် အရာလေးတွေဆိုရင် သတိတရနဲ့ သွားပြောပြ၊ ပို့ပေးနေမိတယ်။ စိတ်က မပြတ်သားနိုင်သေးဘူးကိုး။

Share

Loading Next Article...
က္က