ကိုယ်တွေစုံတွဲတုန်းက ဘယ်လိုကနေ ချစ်သူတွေဖြစ်သွားတယ်ဆိုတာမျိုးကလည်း အကြံကောင်းမဟုတ်ဘူး....

အခင်ဆုံးသူငယ်ချင်းက ရည်းစားမရလို့ အထီးကျန်သလိုဖြစ်နေတယ်။ ကိုယ့်မှာက ချစ်ရမယ့်လူရှိပြီးသား၊ ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းက FA ဘဝနဲ့ ကြေကွဲနေတယ်ဆိုပြီး အကြံတွေပေးမိကြတာပေါ့။ အကြံတိုင်းကလည်း သူနဲ့အဆင်ပြေချင်မှပြေမှာ။ ဆိုတော့ကာ ဒါတွေတော့ မပြောမိစေနဲ့ပေါ့။

 

၁။ အချိန်တန်ရောက်လာလိမ့်မယ်

သူ့ crush ကို ရချင်ရင် ဒီတိုင်းသာစောင့်နေ၊ ယောက်ျားဆိုတာ လိုက်လေပြေးလေပဲ၊ နောက်မှ ရောက်လာလိမ့်မယ်လို့ မပြောပါနဲ့။ ဟိုက ဘယ်လိုလုပ် သတိထားမိတော့မှာလဲ။ အဲ့လိုနဲ့ ကြေကွပြီးကျန်ရမှာကိုယ့်သူငယ်ချင်းပါ။

၂။ ငါတို့တုန်းက

ကိုယ်တွေစုံတွဲတုန်းက ဘယ်လိုကနေ ချစ်သူတွေဖြစ်သွားတယ်ဆိုတာမျိုးကလည်း အကြံကောင်းမဟုတ်ဘူးရယ်။ အချစ်ရေးဆိုတာ သင်္ချာပုံသေနည်းလို တစ်ထစ်ချတွက်လို့မှမရတာလေ။

 

၃။ လုပ်ပလိုက်

ချစ်သူမရှိတဲ့သူငယ်ချင်းကို ချစ်သူမြန်မြန်ရစေလိုစိတ်နဲ့ မြှောက်ပေးတာမျိုးလည်း မလုပ်သင့်ဘူး။ မိန်းကလေးဆိုတာ ရည်းစားတစ်ယောက်ကို လွယ်လွယ်နဲ့ထားဖို့ မသင့်ဘူးနော်။ အဆင်မပြေရင် သူပဲ ခံစားရမှာ။

တစ်သက်တာလက်တွဲသင့်တဲ့လူ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ 

၄။ အလုပ်ပဲအာရုံစိုက်စမ်းပါ

အပြောကတော့ လွယ်တာပေါ့။ တကယ်တမ်းတော့ တစ်ယောက်ယောက်ကို crush မိတဲ့အခါ စိတ်က သူ့ဆီပဲရောက်နေတာ။ အဲ့တာကို တားမြစ်မယ်ဆိုရင် ကိုယ်ချင်းမစာရာရောက်သွားပြီ။

 

၅။ ငါ့မင်္ဂလာဆောင်ကျ ပန်းစည်းဖမ်းပေါ့

မင်္ဂလာပွဲမှာ သတို့သမီးက လက်ကိုင်ပန်းကို ကျောခိုင်းပြီး ပစ်တဲ့အခါ ဖမ်းမိရင် သိပ်မကြာခင် အိမ်ထောင်ကျတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ FA ဘဝက လွတ်မြောက်ဖို့အတွက် လက်ကိုင်ပန်းစည်းကို အသည်းအသန် လိုက်လုနေရတာမျိုးကတော့ ဂွမ်းတာပေါ့။

Share

Loading Next Article...
က္က