Relationships: ဒီနေ့လည်း Free Hugs လှုပ်ရှားမှု ရှိသေးတယ်

Free Hugs လှုပ်ရှားမှုတွေဟာ 90s’ Kids ပရဟိတပွဲတော်အတွက် လူတွေစိတ်ဝင်စားလာရန်နဲ့ လက်မှတ်ရောင်းချရန်အတွက်လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။ လက်မှတ်ရောင်းရငွေတွေကိုတော့ ဘုန်းတော်ကြီးကျောင်းသင်ပညာရေးအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

play

လူတွေအကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ရတဲ့ Free Hugs လှုပ်ရှားမှုကို မေလ ၁၅ ရက်မှာ ထပ်မံပြုလုပ်သွားဦးမယ်လို့ သိရပါတယ်။ မေလ ၈ ရက်နေ့က လှည်းတန်းမှာ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ Free Hugs လှုပ်ရှားမှုအပေါ် ဝေဖန်သူအချို့ရှိခဲ့ပေမယ့်လည်း ထောက်ခံသူတွေလည်း များပြားခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုကို 90'Kids Team က ဦးဆောင်ပြုလုပ်ခဲ့ကာ လူငယ်အချို့ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက အသက်အရွယ် လူမျိုးဘာသာနဲ့ အဆင့်အတန်း မခွဲခြားဘဲ ပွေ့ဖက်နှုတ်ဆက်ပေးခဲ့ကြတာပါ။ ဒီကနေ့ လှုပ်ရှားမှုကိုတော့  မြေနီကုန်း ဒဂုံစင်တာရှေ့နဲ့ Junction Mawtin ရှေ့တို့မှာ ညနေ ၅နာရီ မှ ၇နာရီ အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

play

play

 

"နည်းပညာခေတ်ကြီးမှာ ကျွန်တော်တို့ဟာ နီးလာတာတွေရှိသလို ဝေးသွားတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ၉၀ပြည့်နှစ်တွေမှာ like တွေမရှိသေးဘူး reaction တွေမရှိဘူး။ ဒါ့အပြင် ကျနော်တို့တွေဟာ ဖေ့စ်ဘွတ်မှာ အမုန်းစကားပွားတာတွေကို အလွယ်တကူပြောနေကြတာမျိုးကို တွေ့ရပါတယ်။ လူအချင်းချင်းဆို မျက်နှာချင်းဆိုင် အနေအထားမှာဆို မပြောကြမယ့် စကားတွေကို လူမှုကွန်ယက်မှာ အလွယ်တကူပြောဆိုနေကြပါတယ်။ ဘယ်သူဘယ်ဝါလို့ မခွဲခြားဘဲ ဘယ်သူ့ကိုမဆို ပွေ့ဖက်နှစ်သိမ့်လိုက်ခြင်းအားဖြင့် အမုန်းတရားတွေမရှိဘဲ စာနာမှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ကမ္ဘာကို ကျနော်တို့က တည်ဆောက်နေပါတယ်ဆိုတဲ့ သတင်းစကားလေးကိုလည်း ကျနော်တို့ရဲ့ ပွေ့ဖက်နှုတ်ဆက်မှုတွေကတစ်ဆင့် ပြောချင်လို့ပါ" လို့ Free Hugs လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားသူ ကိုရန်နိုင်ဦးက ပြောပါတယ်။

play

 

Free Hugs လှုပ်ရှားမှုတွေဟာ မေလ ၂၉ ရက်နေ့၊ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် 90s’ Kids ပရဟိတပွဲတော်အတွက် လူတွေစိတ်ဝင်စားလာရန်နဲ့ လက်မှတ်ရောင်းချရန်အတွက်လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။ 90s’ Kids Charity (90s’ Kids ပရဟိတပွဲတော်)ဟာ ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ မွေးဖွားခဲ့သူတွေကြား ဖြတ်သန်းခဲ့တဲ့ ကလေးဘဝကို ပြန်လည်ဆင်နွှဲကြမယ့် ပွဲတော်တစ်ခုပါ။ ပွဲအတွက် လက်မှတ်တစ်စောင်ကို ၃၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး လက်မှတ်ရောင်းရငွေတွေကိုတော့ ဘုန်းတော်ကြီးကျောင်းသင်ပညာရေးအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Source : www.facebook.com/90skidsteam

Photo : Sai Zaw

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ