အဲဒီထဲမှာ သင်ရော ပါနေသလား။
 

ခရစ္စမတ်နဲ့ နှစ်ကူးကာလဟာ အားလပ်ရက်တွေတစ်ပုံတစ်ပင်နဲ့ ချစ်သူတွေ အပျော်ရွှင်ဆုံးကာလတစ်ခု ဖြစ်သင့်ပေမဲ့ ဒီလိုအချိန်မှာ Goolge မှာ ချစ်သူနဲ့ ဘယ်လိုလမ်းခွဲရမယ်ဆိုတာကို မေးမြန်းမှုက ပိုမိုများပြားနေတာကို အံ့သြဖွယ် တွေ့ရှိခဲ့ရပါတယ်။

၂၀၁၇ က သိပ်မဝေးလှတော့ပေမဲ့ ၂၀၁၆ ခုနှစ်ရဲ့ စိတ်ပျက်စရာတွေနဲ့ အာရုံနောက်စရာတွေကို ခံစားဖို့က ရက်အနည်းငယ် ကျန်နေပါသေးတယ်။

 

အထူးသဖြင့် အာရုံနောက်စရာတွေက အချစ်ရေးနဲ့ ဆက်စပ်နေပုံရပါတယ်။  ရည်းစားနဲ့ ဘယ်လိုလမ်းခွဲရမလဲဆိုတဲ့ အကြံဉာဏ်တောင်းမှုဟာ ဒီရက်ပိုင်းမှာ အများအပြားဖြစ်နေတာကို Google မှာ ပြသနေပါတယ်။

အခုလို ပျော်ရွှင်စရာ အားလပ်ရက်အခါသမယမှာ ချစ်သူက ကိုယ်မျှော်လင့်ထားသလောက် ဂရုမစိုက်လို့လား၊ လုံးဝ လျစ်လျူရှုထားလို့ပဲလား။ သူ့ရဲ့အစီအစဉ်တွေကို မကျေနပ်နိုင်လို့ပဲလား တစ်ခုခုပါပဲ။

Source & Photos : Mirror

Share

Loading Next Article...
က္က