ရတဲ့အချိန်လေးမှာ ချစ်သူနဲ့ အဝေးကနေ လှမ်းပြီး ဒိတ်နိုင်မယ့် အိုင်ဒီယာတချို့ကို ပြောဦးမယ် သိလား။

တစ်ယောက်တစ်နေရာစီမှာ ရှိနေကြပေမဲ့ ချစ်ကြိုးသွယ်မိကြတဲ့ LDRS (Long Distance Relationship) တွေ ဆိုတာလည်း ချစ်သူများနေ့ကို ကိုယ်နဲ့မဆိုင်သလိုပဲ ဆွေးနေကြမှာလား။ ဒီလိုဆိုရင်တော့ ကြေကွဲစရာကောင်းနေတော့မှာပဲနော်။ ဒီနှစ် Valentine's Day ကလည်း ဗုဒ္ဓဟူးနေ့ကြီးဆိုတော့ အနေဝေးဝေးနီးနီး သိပ်ပြီးတော့လည်း အချိန်ပေးလို့မရဘူးလေ။ ရတဲ့အချိန်လေးမှာ ချစ်သူနဲ့ အဝေးကနေ လှမ်းပြီး ဒိတ်နိုင်မယ့် အိုင်ဒီယာတချို့ကို ပြောဦးမယ် သိလား။

၁။ မျက်နှာချင်းဆိုင်ညစာစား

o-LONG-DISTANCE-RELATIONSHIP-facebook.jpg 

သူများတွေလို ညစာစားတာမျိုး လုပ်လို့ရတာပဲ။ ဘေးမှာမရှိပေမဲ့ အတူရှိသလိုဖြစ်အောင် မျက်နှာချင်းဆိုင်နိုင်တယ်။ ကိုယ်ကြိုက်တာလေး ကိုယ့်ဘာသာချက်၊ ဒါမှမဟုတ် ဝယ်ပြီး ဖုန်းလေးဖွင့် ဗီဒီယိုကောလေးပြောရင်း စားကြည့်ပါ။

၂။ သူကြိုက်တဲ့လက်ဆောင်

Delivery service တွေလည်း ရနေပြီဥစ္စာ။ သူနေတဲ့မြို့မှာ အစားအသောက်တွေကို အိမ်တိုင်ရာရောက် ပို့ပေးတဲ့ဝန်ဆောင်မှု ရှိမရှိ စုံစမ်းကြည့်။ ပြီးရင် သူကြိုက်တာလေးမှာပြီး ပို့ပေးလိုက်ပေါ့။ ချောကလက်တွေဘာတွေထက် ညစာကောင်းကောင်းလေး လှမ်းပို့ပေးရင်လည်း သူကျေနပ်မှာပဲ။ ဒါမှမဟုတ် သူကြိုက်တဲ့ပစ္စည်းတွေကို ပို့ပေးလို့လည်းရတယ်။

၃။ ပျော်စရာအချိန်လေးတွေအကြောင်း ပြောကြမယ်

wp-1481637447297.jpeg 

အပြန်အလှန် လက်ဆောင်တွေ ပို့ပေးကြတာထက် အချိန်ပေးတာလည်း ကောင်းပါတယ်။ အချိန်ယူပြီး စကားတွေပြောကြပေါ့။ အပြောသင့်ဆုံး စကားတွေကတော့ နှစ်ယောက်သား ချစ်ရည်လူး တစ်တီတူးခဲ့ကြတဲ့ အဖြစ်အပျက်တွေရယ်၊ ရန်ဖြန်ပြီးမှ ပြန်ချစ်သွားတဲ့ ကိစ္စလေးတွေရယ်ဆိုရင် ရင်ခုန်စရာကောင်းနေလိမ့်မယ်။

၄။ ကိုယ်တိုင်လုပ်ထားတဲ့ပစ္စည်း

လက်ဆောင်ပေးမယ်ဆိုရင်တော့ handmade လေးတွေ ပို့တာက ပိုပြီးရိုမန့်တစ်ဆန်တယ်။ ဈေးကြီးဖို့လည်းမလိုဘူး။ ကိုယ်က သူ့အနားမှာမရှိပေမဲ့ သူ့ကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ခံစားရအောင် handmade ပစ္စည်းလေး ပို့ပေးလိုက်နော်။

၅။ Surprise

long-distance-relationship-korean-couple-photo-collage-half-shiniart-fb.jpg 

စပရိုက်စ်တိုက်တဲ့နည်းကတော့ အကောင်းဆုံးဖြစ်မှာ။ စပရိုက်စ်ဆိုတာ အအေးကိုပြောတာမဟုတ်ဘူးနော်။ သူ့ကိုကြိုမပြောဘဲ သူရှိတဲ့နေရာကို အရောက်သွားတွေ့တာကိုပြောတာ။ အံ့သြပြီးပျော်သွားမှာပေါ့။

Share

Loading Next Article...
က္က