Marry: လက်ထပ်လက်စွပ်နဲ့ ဓါတ်ပုံတွဲရိုက်တဲ့အခါ

ယခုဆောင်းပါးကို Duwun နဲ့ www.marry.com.mm တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။

play

 

မင်္ဂလာလက်ထပ်လက်စွပ်ဆိုတာ မောင်နှံတိုင်းတန်ဖိုးထားတဲ့အရာတွေထဲက တစ်ခုအပါအ၀င်ပါ။ လက်ထပ်လက်စွပ်လေးတွေနဲ့ အမှတ်တရဖြစ်စေမယ့် ပုံလေးတွေကို ရိုက်ပြီး သိမ်းထားနိုင်ဖို့ အလှဆုံးပုံလေးတွေအဖြစ် ဖန်တီးနိုင်မယ့်နည်းတွေကို Marry ကနေ အကြံပြုလိုက်ရပါတယ်။

 

လက်သည်းကို အလှပုံမဖော်ပါနဲ့

လက်သည်းကို အရောင်တွေအများကြီးသုံး အလှပုံဖော်ထားတာမျိုး မလုပ်ပါနဲ့။ အဓိက အသားပေးပြချင်တာက လက်ထပ်လက်စွပ်မို့ လက်စွပ်ကို အဓိကထားပါ။ လက်သည်းက သိပ်လှလွန်းနေတာမျိုးဆို အမြင်မှာ လက်စွပ်ထက် လက်သည်းကိုပဲ အရင်ဆုံးသတိထားမိသွားမှာပါ။ လက်သည်းကို ပြောင်ပဲထားပါ။ မဟုတ်လည်း အရောင်ဖျော့ဖျော့၊ ပြောင်တွေပဲ ဆိုးပါ။ ပုံဖော် အလှဆင်ထားတာမျိုး မလုပ်ပါနဲ့ နော်။

 

အလင်းရောင်ကို ချိန်ပါ

အလင်းရောင် အားနည်းတဲ့နေရာတွေကို ရှောင်ပါ။ လင်းလင်းထင်းထင်းရှိပြီး အလင်းရောင် အားကောင်းတဲ့နေရာတွေမှာ ရွေးရိုက်ပါ။ သဘာဝ အလင်းရောင်ကတော့ အကောင်းဆုံးပါ။ သဘာဝအလင်းရောင် မရှိတဲ့နေရာတွေမှာ မီးထွန်းပြီးရိုက်မယ်ဆိုရင် မီးအရောင်ကို အဖြူရောင်ရွေးချယ်ပါ။ တခြားအရောင်တွေက လက်စွပ်အလှကို သေချာ ပေါ်လွင်စေမှာ မဟုတ်ပါဘူး။

 

နောက်ခံအလှကို ရိုးရှင်းနေပါစေ

နောက်ခံက ရှုပ်နေတာမျိုးက လက်စွပ်အလှကို ဖျက်ဆီးနိုင်ပါတယ်။ နောက်ခံက ဆွဲဆောင်မှုရှိတာမျိုး ဖြစ်နေပါစေ။ အကောင်းဆုံးနောက်ခံကတော့ သဘာဝ အလှတရားပါ။ တောင်တန်းတွေ၊ ပင်လယ်တွေကို နောက်ခံထားရိုက်ပါက လက်စွပ်ကို ထင်းကနဲဖြစ်စေမှာ သေချာပါတယ်။

 

အမှတ်အသားများကိုပါ ထည့်သွင်းရိုက်ကူးပေးပါ

လက်ထပ်တဲ့နေ့စွဲ၊ အိမ်ထောင်ဘက်ရဲ့ အမှတ်အသားအနေနဲ့ လက်တွဲထားတာမျိုးဖြစ်ဖြစ် ပြုလုပ်ပြီး ရိုက်ကူပေးနိုင်ပါတယ်။ ပုံကိုကြည့်လိုက်တာနဲ့ လက်စွပ်တင်မက ကျန်အမှတ်အသား တစ်ခုကိုပါတွဲပြီး ပုံဖော်ထားတာမျိုးက အမှတ်တရပိုဖြစ်စေမှာပါ။

 

လက်စွပ်ကို အဓိကထားရိုက်ပါ

လက်စွပ်နေရာကို အဓိကထားပြီး ကျန်တဲ့နေရာကို ၀ါးလိုက်ပါ။ ကျန်တာတွေ ၀ါးနေခြင်းအားဖြင့် အမြင်မှာ လက်စွပ်ကို တသီးတသန့် ထင်သာစေမှာပါ။

 

လက်စွပ်ကို သန့်ရှင်းရေးလုပ်ပေးထားပါ

တခါတလေ လက်စွပ်မှာ သနပ်ခါးတွေပေနေတာမျိုး၊ တခုခုပေနေတာမျိုး ဖြစ်တတ်ပါတယ်။ ဓါတ်ပုံမရိုက်ခင်  လက်စွပ်ကို သန့်ရှင်းရေးလုပ်ပေးထားပါ။ အနီးကပ်ရိုက်တာမျိုးပြုလုပ်တဲ့အချိန်ကျ ပေနေတာမျိုးက ကြည့်ရဆိုးစေမှာစိုးလို့ပါ။

 

လက်စွပ်တစ်ခုတည်းကိုပါ ရိုက်မပြပါနဲ့

တခြားဘေးက အရာတွေနဲ့ပေါင်းရိုက်ပြထားတာမျိုးက ပုံကို ပိုပြီး ဆွဲဆောင်မှုရှိစေတာပါ။ လက်စွပ်ချည်း ရိုက်ပြတာက သိပ်ပေါ်လွင်စေမှာ မဟုတ်ပါဘူး။

 

လက်ထပ်လက်စွပ်ကို အမှတ်တရဓါတ်ပုံရိုက်တဲ့အချိန် အကြံပေးထားတဲ့အချက်လေးတွေကို အသုံးပြုပြီး အလှဆုံးပုံလေးတွေကို ဖန်တီးလိုက်ပါဦးနော်။

အခုလိုအကြံဥာဏ် နည်းလမ်းကောင်းများပေးမယ့် ဆောင်းပါးများစွာကို www.marry.com.mm တွင် July လအတွင်းမှ စတင်ပြီးဆက်လက်ဖတ်ရှု့နိုင်ပါတယ်နော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ