ဘယ်သူမဆို ပျော်ရွှင်တဲ့ သမီးရည်းစားဆက်ဆံရေးလေးကို တည်ဆောက်လိုကြမှာပါ။

လောကမှာ စိတ်ကျေနပ်စရာအကောင်းဆုံးအရာက ဘာလဲ။ သူကလည်းချစ်- ကိုယ်ကလည်းချစ်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ရတာလား။ အစစအရာရာ အဆင်ပြေနေတဲ့ ဆက်ဆံရေးလေး တစ်ခုကို နှစ်ဦးကြားမှာ တည်ဆောက်ထားနိုင်တာလား။ နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။

 

ဘယ်သူမဆို ပျော်ရွှင်တဲ့ သမီးရည်းစားဆက်ဆံရေးလေးကို တည်ဆောက်လိုကြမှာပါ။ ဒါဆိုရင် သမီးရည်းစား ဆက်ဆံရေးတိုင်းမှာရှိတတ်တဲ့ အဆင့်လေးတွေကို သိထားဖို့လိုအပ်ပါလိမ့်မယ်။

၁။ အဆင့် (၁)

o-FIRST-DATE-facebook.jpg 

ဒီအဆင့်ကတော့ "မြင်မြင်ချင်းပဲ ချစ်မိတယ်.... မြင်မြင်ချင်းပဲ ကြိုက်မိတယ်" ဆိုုတဲ့ အပိုင်းလေးပါပဲ။ နောင်တစ်ချိန်မှာ ကိုယ့်လက်တွဲဖော်ဖြစ်လာမယ့် တစ်စုံတစ်ယောက်ကို မျက်စိကျမိပြီး crush နေမိပါပြီ။ သူကလည်း ကိုယ့်ကို စိတ်ဝင်စားနေပြီး မျက်လုံးချင်း ဂေါ်လီတွေရိုက်နေပါပြီ။ ဒီအဆင့်လေးက စိတ်လှုပ်ရှားဖို့ အကောင်းဆုံးအချိန် ဖြစ်သလို နောင်တစ်ချိန်မှာ ပြန်ပြောပြစရာ အမှတ်တရလေးတွေကိုလည်း ဒီအဆင့်မှာ ဖန်တီးနိုင်မှာပါ။

၂။ အဆင့် (၂)

ဒီအဆင့်ကတော့ နှလုံးသားရဲ့စကားအပြင် ဦးနှောက်ရဲ့ညွှန်ကြားချက်ကိုပါ လိုက်နာရတဲ့အဆင့်ပါ။ ဒီလူဟာ ကိုယ်နဲ့အဆင်ပြေနိုင်လား။ ရေရှည်လက်တွဲဖို့ ဖြစ်နိုင်လားဆိုတာကို စီစစ်ဝေဖန်နေရပါပြီ။ နှစ်ယောက်ကြားမှာ စကားပြောချိန်လေးတွေ၊ ထိတွေ့ချိန်လေးတွေကလည်း ပိုများလာပြီဆိုတော့ တစ်ဖက်လူရဲ့စိတ်နေစိတ်ထားကို အတိုင်းအတာတစ်ခုထိ သိနေလောက်ပါပြီ။ ဒီအဆင့်ကို ကျော်နိုင်ရင် နှစ်ယောက်နီးစပ်ဖို့ ခြေတစ်လှမ်း တိုးလိုက်နိုင်တာပါပဲ။

၃။ အဆင့် (၃)

Romance-Couple-in-Love-Drinking-Images.jpg

ဒီအဆင့်ကတော့ ချစ်စ၊ ခင်စ၊ ကြင်နာစ အချိန်ဖြစ်ပြီး ကြာလေသွေးရင်တောင် ဝေးတယ်လို့ ထင်ရလောက်အောင် အချစ်နာလန်ထနေမိတဲ့ အချိန်ဖြစ်မှာပါ။ ဒီအဆင့်မှာတော့ အချစ်ငှက်ငယ်လေး (၂) ကောင်ဟာ လေပြည်လေညှင်းကြားမှာ လူးလားခတ်ပျံသန်းနေမှာပေါ့။

၄။ အဆင့် (၄)

ဒီအဆင့်ကတော့ အချစ်မြူမှုန်တွေ လွင့်ပျယ်စပြုလာတဲ့ အဆင့်ပါပဲ။ အရင်တုံးက သေချာသတိမထားမိတဲ့ မိမိလက်တွဲဖော်ရဲ့ ချို့ယွင်းချက်လေးတွေ၊ အားနည်းချက်လေးတွေကို မြင်စပြုလာပါပြီ။ ဥပမာ...အစားစားရင် လေချဉ်တက်တတ်တာတို့၊ နှာခေါင်းနှိုက်တတ်တာတို့၊ လူလည်ခေါင်မှာ လေလည်တတ်တာတို့ ဘာတို့ပေါ့။ ဒါတွေက ကြီးကြီးမားမားပြစ်ချက်ကြီးတွေ မဟုတ်ပေမယ့် စိတ်ထဲမှာ ဒီချို့ယွင်းချက်တွေကို မကြိုက်သလို ခံစားလာရပါပြီ။

see also

၅။ အဆင့် (၅)

fighting.jpg 

တဖြည်းဖြည်းနဲ့ မိမိလက်တွဲဖော်ရဲ့ ချို့ယွင်းချက်လေးတွေကို ကျင့်သားရလာပြီး ပြင်ဖို့ ထပ်ခါထပ်ခါ ပြောရတာကိုလည်း မောလာပါပြီ။ သူပေးတတ်တဲ့ အနှောင့်အယှက်အငယ်စားလေးတွေနဲ့ ဘယ်လိုလိုက်လျောညီထွေ ဖြစ်အောင်နေရမယ်ဆိုတာကိုလည်း သဘောပေါက်စပြုလာပါပြီ။ ဒီအချိန်မှာ စိတ်ရှည်သည်းခံတတ်ခြင်းကို သင်ယူရရှိလာပါလိမ့်မယ်။

၆။ အဆင့် (၆)

တစ်ယောက်နဲ့ တစ်ယောက် အရင်ကလောက် ပုံမှန်အချိန်မပေးနိုင်တော့တဲ့ အဆင့်ပါ။ တွဲခါစကလောက် အချစ်နာလန် မထတော့တဲ့အတွက် အရင်လို ကဒီးကဒီး မတွေ့ဖြစ်တော့ဘဲ အလုပ်အတွက်၊ မိသားစုအတွက်၊ သူငယ်ချင်းတွေအတွက် အချိန်ပိုပေးမိတော့မှာပါ။

ဒီအဆင့်မှာ သတိမထားမိရင် အနေဝေးလို့ သွေးအေးတာမျိုးတွေဖြစ်တတ်ပြီး ပြတ်သွားတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အလုပ်ဘယ်လောက်များများ မိမိချစ်သူအတွက် အချိန်ပေးနိုင်အောင် တတ်နိုင်သမျှ ကြိုးစားကြည့်သင့်ပါတယ်။

၇။ အဆင့် (၇)

Arguing-couple.jpg 

ဟန်ဆောင်မျက်နှာဖုံးတွေ ရှိခဲ့မယ်ဆိုရင် ဒီအဆင့်မှာ ဘွားခနဲ ပေါ်လာပါပြီ။ စကားပြောရင် ဟန်ဆောင် ထိန်းချုပ်တတ်ခြင်း မရှိတော့သလို စိတ်ထဲရှိတဲ့အတိုင်း ပြောစပြုလာပါပြီ။ မိမိရဲ့ လက်တွဲဖော်ကလည်း မိမိရဲ့အရှိတရားကို လက်ခံနိုင်လောက်ပြီ ဖြစ်တဲ့အတွက် စိတ်ထဲရှိသလို ဘွင်းဘွင်းပြောတတ်တဲ့အတွက် တစ်ခါတလေမှာ စကားမှားပြီး တစ်ဖက်လူနာကျင်ရတာတွေ ရှိလာပါတယ်။

ဒီအဆင့်ဟာလည်း သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ အရေးအကြီးဆုံး အဆင့်ပါပဲ။ စိတ်ရှည်မှုတွေ ကုန်ဆုံးနေရင် ပြတ်သွားနိုင်တဲ့ အနေအထားပါ။

၈။ အဆင့် (၈)

အဆင့် (၇) ကို ကျော်လွှားနိုင်ပြီဆိုရင်တော့ တစ်ဦးရဲ့ဒေါသတွေ၊ ပြဿနာတွေ၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကို ကျန်တစ်ဦးက လက်ခံနိုင်ကြပြီး ဖြစ်ပါလိမ့်မယ်။ တစ်ယောက်နားမှာ တစ်ယောက် မရှိလို့ မဖြစ်တာကိုလည်း သဘောပေါက်ထားပြီးကြသလို လောကမှာ လူတစ်ယောက်ကိုချစ်ရင် သူနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို လက်ခံရမှာပါလား ဆိုတာကို နားလည်နိုင်လောက်အောင် ရင့်ကျက်နေပါပြီ။ ဒီအဆင့်ကို ကျော်လွန်နိုုင်ရင်တော့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးတစ်ခုကို ထူထောင်ဖို့ပဲ ကျန်ပါတော့တယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က