အဓိကအားဖြင့်တော့ ငွေရေးကြေးရေးမှာ ခေါင်းမခဲဘူး။

ဘယ်သူတွေ ဘယ်လောက်ပဲ ချစ်ကြ ၊ ကြိုက်ကြပါစေ ကိုယ်တွေကတော့ အမြဲတမ်း single ပါလို့ ပြောနေသူတွေကိုကြည့်လိုက် တကယ်ပဲ အမြဲတမ်း သာယာနေတာ။ ချစ်လိုက် ကြိုက်လိုက် ပြတ်လိုက်နဲ့ သူများတွေ အဆင်မပြေနေချိန်မှာ single တွေက အေးဆေးပဲ။ အဲ့လိုမျိုး Relationship မရှိတာကတောင် ကျေးဇူးတင်စရာကောင်းနေပါပြီ။

၁။ ကိုယ့်ဘာသာ သွားချင်တဲ့နေရာသွား၊ စားချင်သလိုစား ၊ ဝတ်ချင်သလို ဝတ်လို့ရတယ်။ ဘယ်သူမှ ဘာမှ လာမပြောဘူး။ သူများအတွက်လည်း ပိုက်ဆံမကုန်တော့ဘူး။

၂။ အဓိကအားဖြင့်တော့ ငွေရေးကြေးရေးမှာ ခေါင်းမခဲဘူး။ သုံးချင်သလိုသုံး ၊ ဖြုံးချင်သလိုဖြုန်းလိုက်လို့ ကုန်သွားလည်း ရေသောက်ဗိုက်မှောက်နေရုံပေါ့။

၃။ ကိုယ့်ရဲ့ပန်းတိုင်ကို တစိုက်မတ်မတ် လျှောက်လို့ရတယ်။ ပညာရေးမှာရော အလုပ်အကိုင် လမ်းကြောင်းမှာပါ ပိုပြီး အာရုံစိုက်နိုင်လာတယ်။

 

၄။ ချစ်သူရှိပြီးမှ ပြတ်သွားတော့ အတော်ကြီး ခံစားခဲ့ရတယ်။ ဒါပေမဲ့ ချစ်သူရည်းစားမရှိဘဲ ဘော်ဒါတွေနဲ့ ကဲချင်တိုင်းကဲရတာက ပိုလွတ်လပ်တယ်ဆိုတာ နောက်မှ သိလာရတယ်လေ။

၅။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာတယ်။ ဒုက္ခရောက်နေချိန် ဘယ်သူမှ အနားမှာမရှိလို့ ကြေကွဲမနေတော့ဘူး။ ကိုယ့်အားကိုယ်ကိုး တတ်လာပြီ။

 

၆။ အကောင်းဆုံးတစ်ခုကတော့ ကိုယ် မလုပ်ချင်တဲ့အရာတွေကို မလုပ်ဘဲ နေလို့ရတာပဲ။ RS ရှိနေရင် မလုပ်ချင်လည်း လုပ်နေရတဲ့ ကိစ္စတွေ အများကြီး.... တကယ်စိတ်ရှုပ်ရတာ။

၇။ အားလုံးကို ပိုနားလည်တတ်လာတယ်။ ကိုယ်လိုချင်တာဘာလဲ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ သေသေချာချာ နားလည်လာတယ်။ နားလည်လာတာနဲ့အမျှ ကိုယ့်ဆန္ဒကို ကိုယ်ဖြည့်ဆည်းပေးတတ်လာတယ်။

Share

Loading Next Article...
က္က