Single ဆိုတာ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်နေရသူတွေပါ။ ချစ်ရမယ့်လူမရှိသေးလို့ တစ်ယောက်တည်းနေတာ ဘာမှစိတ်အားငယ်စရာမရှိဘူး။

Single ဘဝဆိုတာ စိတ်ညစ်စရာမရှိပါဘူး။ လွတ်လပ်ပျော်ရွှင်နေရတဲ့ အကောင်းဆုံး အနေအထားပါ။ ချစ်သူရှိတာ၊ မရှိတာထက် ပျော်နေဖို့က အဓိကပဲလေ။ ကိုယ့်အခြေအနေက Relationship နဲ့ နေသင့်သလား Single ဘဝနဲ့ပဲ နေသင့်သလားဆိုတာကိုတော့ ဒါလေးတွေဖတ်ပြီး ယှဉ်ကြည့်စေချင်ပါတယ်။

၁။ အချစ်ကအရာရာဖြေရှင်းနိုင်မယ်လို့ထင်တယ်

2.jpg 

ကိုယ့်ချစ်သူက ကိုယ့်ရဲ့အခက်အခဲတွေကို ကူညီပေးနိုင်မယ်။ အချစ်ရှိရင် အားလုံးကို ကျော်လွှားနိုင်မယ်လို့ ထင်နေရင်တော့ ဆောရီးပါပဲနော်။ အချစ် အရာရာကို မဖြေရှင်းပေးနိုင်ဘူး။ ပြီးတော့ ထပ်ပြီး ပြောပြချင်တာကလေ တစ်စုံတစ်ယောက်ကို အားကိုးလိုစိတ် မှီခိုလိုစိတ်ဟာ အချစ်မဟုတ်ပါဘူးနော်။

၂။ အကုန်လုံးကချစ်ဖို့ကောင်း

ရည်းစားထားတော့မယ်စိတ်ကူးလိုက်တယ်။ Date လိုက်တယ်ပေါ့။ ဒီတစ်ယောက်ကလည်း မျက်စိထဲမှာ သဘောကျစရာ၊ ဟိုတစ်ယောက်ကလည်း ချစ်ဖို့ကောင်းနေတယ်။ ဘယ်သူနဲ့တွေ့တွေ့ စိတ်ထဲမှာ သဘောကျနေတယ်၊ ဘဝလက်တွဲဖော်လို့တောင် ချက်ချင်းကြီး ထင်မိသွားတယ်ဆိုတာ စိတ်ကစားနေလို့ပါ။

၃။ ကိုယ်က ကိုယ်မဟုတ်တော့ဘူး

youre-starting-to-settle-1501195230.jpg 

ချစ်သူနဲ့တွေ့တိုင်းမှာ ကိုယ်က ထိန်းချုပ်ရတာတွေ ရှိနေတယ်။ ကိုယ့်စိတ်ရှိသလို ပြောဆို ပြုမူလို့မရဘူး။ သူ့အကြိုက်ပဲ နေနေရတယ်။ ဒီလိုအချစ်ရေးမျိုးက ကြာကြာမမြဲပါဘူး။ ကိုယ့်ကို အရှိအတိုင်းချစ်ပေးတဲ့လူကသာ ကိုယ့်အတွက် စစ်မှန်တဲ့အချစ်ပါ။ ကိုယ်က ကိုယ်မဟုတ်သလို ဟန်ဆောင်ထိန်းချုပ်နေရတဲ့ RS ဘဝထက် လွတ်လပ်တဲ့ Single ဘဝကို ရွှေ့သင့်နေပါပြီ။ Move ... move နော်။

၄။ ကိုယ့်အပေါ် မကောင်းတဲ့လူ

Relationship တစ်ခု တည်ဆောက်တယ်ဆိုတာ အသစ်တွေကိုလေ့လာသင်ယူမယ်၊ ဆွေးနွေးမယ်၊ ကိုယ့်အမြင်နဲ့ခံယူချက်တွေအပေါ် စိန်ခေါ်မှုတွေရှိနေတယ်ဆိုရင်တောင်မှ ကောင်းတဲ့ ပြောင်းလဲတွေ့ဆုံမှုတွေဖြစ်သင့်တယ်လေ။ သူက ကိုယ့်အမြင်နဲ့ အရာရာဆန့်ကျင်တယ်၊ ကိုယ်ဘာလုပ်လုပ် အကောင်းလို့ မမြင်ပေးနိုင်သူ၊ ကိုယ့်ရပ်တည်မှုကို ကန့်ကွက်ရှုတ်ချသူကို ချစ်သူအဖြစ်နဲ့ ဘယ်လောက်ထိ တွဲနိုင်မှာလဲ။ တစ်ချိန်ကျရင် ကိုယ်ပဲကျန်ခဲ့ရမှာ။ သူ့ကိုချစ်ပြီး စိတ်ညစ်ရတာထက်စာရင် တစ်ယောက်တည်း single ဘဝနဲ့ ဝါသနာပါရာတွေ ဆက်လုပ်နေတာ၊ သာသာယာယာ ရှေ့ဆက်ရတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၅။ ဆိုးဆိုးရွားရွား အသည်းကွဲထားတာမကြာသေးဘူး

ဒီလိုအချိန်မှာ ကိုယ်က ဝမ်းနည်းနေတယ်၊ အဖော်လိုချင်တယ်။ အဲ့ဒီလိုအချိန်မှာ တစ်ယောက်ယောက်နဲ့ ထပ်ပြီးချစ်မယ်ဆိုရင် ရည်းစားတစ်ယောက် အဖတ်တင်တာပဲရှိမှာ။ ပြတ်သွားတဲ့လူကို ကိုယ်က လွမ်းနေပြီး ဘေးမှာ နောက်လူနဲ့ဆို သူ့အတွက်လည်းမကောင်းဘူး၊ ကိုယ့်အတွက်လည်းမကောင်းဘူး။ တစ်ယောက်တည်းနေပြီး တည်ငြိမ်တော့မှ အချစ်သစ်ကိုရှာပါ။

၆။ တခြား အရေးကြီးလုပ်စရာတွေ

6.jpg 

ဘဝမှာ အချစ်က အရေးမပါတာတော့မဟုတ်ပေမဲ့ အရေးကြီးဆုံးတော့ မဟုတ်ဘူးမို့လား။ အလုပ်၊ ပညာရေး၊ မိဘ စတဲ့ အရေးကြီးတဲ့အရာတွေ ပိုဦးစားပေးရမယ့်အရာတွေ ရှိနေရင် ဦးစားပေးလိုက်ပါ။ အချစ်ကို ကိုးကွယ်ပြီးမှ သုညဘဝနဲ့ ကြာကြာမရှင်သန်နိုင်ဘူးနော်။ ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ ဖြတ်သန်းကြရမှာပါ မဒီတို့ရေ။

Source : List

Share

Loading Next Article...
က္က