ကမ္ဘာပေါ်မှာ ဘယ်နေရာကိုပဲ သွားသွား၊ အတွဲတွေကို ပျားပန်းခတ်အောင် တွေ့နေရပြီး ကိုယ်တစ်ယောက်တည်း အဖော်မဲ့နေတာကို ဖီးလ်နေပြီလား။

Single (တဖြစ်လဲ) FA ဆိုတာ တစ်ကိုယ်တည်း အပျိုကြီး (သို့) လူပျိုကြီးတွေကို ညွှန်းဆိုတာပါ။ ကမ္ဘာပေါ်မှာ ဘယ်နေရာကိုပဲ သွားသွား၊ အတွဲတွေကို ပျားပန်းခတ်အောင် တွေ့နေရပြီး ကိုယ်တစ်ယောက်တည်း အဖော်မဲ့နေတာကို ဖီးလ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက ခင်ဗျားအတွက်ပါပဲ။ ကိုယ်ဘာကြောင့် single ဖြစ်နေလဲဆိုတာကို သိထားမှ single ဘဝက လွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိနိုင်မှာမဟုတ်ပါလား။

၁။ အလုပ်အရမ်းများလို့

img_33665.jpg 

တကယ်လို့ ခင်ဗျားဟာ ဘယ်အရာကိုမဆို ကိုယ်တိုင်လုပ်ချင်တဲ့ control freak တစ်ဦးဖြစ်နေမယ်ဆိုရင် ဘဝက အရမ်းအလုပ်ရှုပ်နေနိုင်ပါတယ်။ တကယ်တမ်းကျတော့ သမီးရည်းစားဆက်ဆံရေး တစ်ခုဆိုတာ အချိန်တွေ၊ ငွေတွေ၊ ခွန်အားတွေ၊ စိတ်ခံစားချက်တွေအများကြီးကို ရင်းနှီးမြှုပ်နှံရတဲ့ အရာတစ်မျိုးဖြစ်နေတတ်ပါတယ်။ တကယ်လို့ ခင်ဗျားဟာ မိမိချစ်သူကို အချိန်မပေးနိုင်လောက်အောင် အလုပ်များနေတဲ့ လူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်သူက ရေရှည်စိတ်ရှည်နိုင်မလဲ။ ဒါဟာလည်း သင် ခုချိန်ထိ လူပျိုကြီး၊ အပျိုကြီးဖြစ်နေသေးတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေနိုင်ပါတယ်။

၂။ လွတ်လပ်မှုကို မြတ်နိုးလို့

636016186501564018-958448680_travel.jpeg 

ဉာဏ်ကောင်းတဲ့အတွဲတွေကတော့ တစ်ခါတလေမှာ တစ်ယောက်တည်းနေတာက မရှိမဖြစ်လိုအပ်တဲ့ အရာတစ်မျိုးဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ခိုင်မာတဲ့ လူတွေက တစ်ယောက်တည်းနေရမှာကို မကြောက်ကြပါဘူး။ အမှန်တကယ်တော့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အတူတူနေချိန်ကို မျှတအောင်ထားနိုင်တဲ့ အတွဲတွေလည်းရှိကြပါတယ်။ ဒါပေမယ့် တကယ်လို့ သင်ဟာ သင့်ရဲ့လွတ်လပ်မှုကို အရမ်းမြတ်နိုးတယ်ဆိုရင်တော့ ရည်းစားထားဖြစ်၊ အိမ်ထောင်ပြုဖြစ်မှာ မဟုတ်တော့ပါဘူး။

၃။ အခြေအနေသစ်တစ်ခုကို ရင်ဆိုင်နေရလို့

pms-high-blood-pressure.jpg 

ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ရင်ဆိုင်နေရချိန် (ဥပမာ... ကျောင်းအသစ်တစ်ခုကို ပြောင်းတာတို့၊ အလုပ်သစ်ပြောင်းတာတို့၊ ရည်းစားဟောင်းနဲ့ ပြတ်သွားတာတို့) မှာဆိုရင် ရည်းစားထားတာလိုမျိုး အပူများမယ့် အလုပ်မျိုးကို လုပ်မိမှာမဟုတ်သေးပါဘူး။ အခြေအနေသစ်နဲ့ အသားကျတဲ့အထိ စောင့်ဆိုင်းပြီးမှ ရည်းစားထားတာက အဲဒီအချိန်မှာ အကောင်းဆုံးပါပဲ။

၄။ ရည်းစားဟောင်းကို မမေ့နိုင်သေးဘူး

unhappy-at-work.jpg 

ရည်းစားဟောင်းဆိုတာ ညှိမ်းသတ်လို့မရနိုင်တဲ့ မီးတောက်ဟောင်းလေးတစ်စပါပဲ။ ရည်းစားဟောင်းအပေါ်မှာ ခံစားချက်တွေမကုန်ခမ်းသေးဘူးဆိုရင်လည်း သင်ဟာ တစ်ကိုယ်တည်းနေဖြစ်နေဦးမှာပါပဲ။ အဟောင်းအပေါ်ခံစားချက်တွေ မကုန်ခမ်းသေးဘဲ အသစ်မထားတာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။

၅။ ကိုယ်ဘာကိုလိုချင်မှန်း မသိဘူး

kcKoLp6gi.jpg 

တချို့လူတွေ ရုပ်လဲရှိတယ်။ ပညာလည်းတတ်တယ်။ မိဘအသိုင်းအဝိုင်းလည်းကောင်းတယ်။ ဒါပေမယ့် တစ်ကိုယ်တည်းဖြစ်နေတတ်ပါတယ်။ အကြောင်းပြချက်ကတော့ ချေးများပြီး ကိုယ်ဘာလိုချင်မှန်းကို ကိုယ်တိုင်မသိလို့ပါပဲ။ ချစ်ခွင့်ပန်လာသမျှလူတွေ (သို့) ရေလာမြောင်းပေးလုပ်လာသမျှသူတွေကို ငြင်းလွှတ်ပြီး ကိုယ်ကိုယ်တိုင်လည်း ဘယ်လို လူမျိုးကို လက်တွဲဖော်အဖြစ် လိုချင်မှန်းမသိတဲ့အခါ single is the best ဆိုတဲ့ စကားကိုပဲ မချင့်မရဲနဲ့ ရေရွတ်ရတော့တာပါပဲ။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး

Lack-of-confidence-620x340.jpg 

မိမိရဲ့ခန္ဓာကိုယ်အချိုးအစား၊ ရုပ်ရည်ရူပကာ၊ ဥစ္စာဓန အစရှိတာတွေအပေါ် ယုံကြည်မှုမရှိတဲ့အခါ ဘယ်အရာကိုမှ ရဲရဲဝံ့ဝံ့မပြောရဲ၊ မလုပ်ရဲတော့ပါဘူး။ ရည်းစားရဖို့ဆိုတာ ပြောရဲ၊ လုပ်ရဲဖို့ကလည်း လိုပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်းမရှိ၊ ကြောက်လည်းကြောက်တတ်တယ်ဆိုရင်တော့ ရည်းစားထားဖြစ်မှာ မဟုတ်သလို အမေပေးစားတဲ့သူနဲ့ ယူဖို့တောင် ခက်ခဲနေမှာပါ။

Source: Lifehack

 

Share

Loading Next Article...
က္က