တချို့ဟက်ကာတွေဟာ ကိုယ့်ဖုန်းကို ထိန်းချုပ်ပြီး cryptocurrency mining လုပ်ကြတာတွေ ရှိပါတယ်။

၂၀၁၇ ခုနှစ်က စစ်တမ်းတစ်ခုမှာ ပျမ်းမျှ ၃၉ စက္ကန့်ကြာတိုင်း Hacking (ကွန်ပျူတာစနစ်ထဲ တရားမဝင်ထိုးဖောက်ဝင်ရောက်ခြင်း )လုပ်တာတွေ တွေ့ရှိထားတယ်လို့ သုတေသီတွေက ထုတ်ပြောထားပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ အတွင်းမှာ Hacking လုပ်မှုဟာ ၁၁% ပိုမြင့်တက်လာတယ်လို့လည်း ဖော်ပြထားပါတယ်။ 

ဒီလို Hackers တွေထဲက တချို့ဟာ ကိုယ့်ရဲ့စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်ကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ဖုန်းကို Hacking လုပ်ခံရပြီလားဆိုတာ ဘယ်လို သိနိုင်မလဲ။ ကိုယ့်ဖုန်းမှာ ဗိုင်းရပ်စ်ဝင်နေပြီလား ဒါမှမဟုတ် Hacking ရဲ့ ပစ်မှတ်ဖြစ်နေပြီလားဆိုတာ ပြောနိုင်မယ့် နည်းလေးတွေ ရှိပါတယ်။ 




(၁) ဖုန်းသုံးရ နှေး/အပူလွန်ကဲ/ဘက်ထရီအကျမြန်ခြင်းတွေ ဖြစ်လာရင်


Photo: Unsplash

ဖုန်းတစ်လုံး ဘက်ထရီအားမခံတာ ၊ ပူလာတာ ၊ နှေးသွားတာတွေက ပြောစရာအကြောင်းတွေ များပါတယ်။ ဒါပေမယ့် ဖုန်း Operating System update လည်း တင်မထားဘူး ၊ နောက်ကွယ်မှာ ဖုန်းကို သိပ်အလုပ်ပေးတဲ့ Resource-Intensive Apps တွေလည်း ဖွင့်မထားဘဲ ဖုန်းပူလွယ် ၊ နှေးတယ် ၊ ဘက်ထရီမခံတယ်ဆိုရင် စိတ်ပူစရာပါ။ ဒါက နောက်ကွယ်ကနေ malware run နေတဲ့ အချက်ပြဖြစ်နိုင်ပါတယ်။

တချို့ဟက်ကာတွေဟာ ကိုယ့်ဖုန်းကို ထိန်းချုပ်ပြီး cryptocurrency mining လုပ်ကြတာတွေ ရှိပါတယ်။ ဒါဆို ဘယ် Apps တွေ Run နေသလဲ ၊ အဲဒီ Apps တွေက memory ဘယ်လောက်စားနေလဲ ၊ ဖုန်းမှာ လက်ကျန် Free Space ဘယ်လောက်ရော ရှိသေးလဲ စစ်ဖို့ လိုလာပါပြီ။


(၂) ထူးထူးဆန်းဆန်းတွေ ဖြစ်လာရင်


Photo: Unsplash

ထူးထူးဆန်းဆန်းဆိုတာ ဖုန်းက ပုဏ္ဏကတိုက်သလို ဖြစ်လာတာကို ပြောတာတော့လည်း မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကိုယ်မပို့ပါဘဲနဲ့ ကိုယ့်သူငယ်ချင်းတွေဆီ မက်ဆေ့တွေ ရောက်တာမျိုး ၊ ကိုယ်ဒေါင်းလုပ်လုပ်မထားတဲ့ Apps တွေ ဖုန်းထဲ ရောက်လာတာမျိုး ၊ ဘယ်ကမှန်းမသိတဲ့ ဖုန်း Call တွေ ဝင်လာတာမျိုး ၊ ကိုယ်မလုပ်ဘဲနဲ့ ပစ္စည်းတွေ ဝယ်နေတယ်ဆိုတာမျိုး သံသယဖြစ်စရာတွေ ကြုံလာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ 

နောက်ထပ် ဖြစ်တတ်တဲ့ မူမမှန်တဲ့ကိစ္စတွေကတော့ App တွေက ပုံမှန်အတိုင်း Run တာမျိုး မလုပ်တော့ဘဲ ရုတ်တရပ် ပွင့်လာတာတို့ ပိတ်ကျသွားတာတို့ ၊ ဒါမှမဟုတ်လည်း ဆော့ဖ်ဝဲ Crash ဖြစ်ပြီး Loading မတက်တော့တာတို့လည်း ဖြစ်နိုင်ပါတယ်။ ဖုန်း Screen ပေါ်မှာ ပုံမှန်မဟုတ်တဲ့ pop-ups တွေ တသီတတန်းကြီးတက်လာတာ တွေ့ရရင်လည်း Malware တစ်ခုခု ဒါမှမဟုတ် Spyware တစ်ခုခု ကူးခံရတာ ဖြစ်နိုင်ပါတယ်။ 

ဖုန်းတစ်လုံး Hacked ခံရပြီဆိုရင် ဖုန်းထဲ ရောက်လာတဲ့ Malware ဟာ ကိုယ့်ရဲ့ အီးမေးလ်တွေ ၊ SMS စာတိုအမြန်ပို့စနစ်တွေ နဲ့ Text Messages တွေကို အသုံးချပြီး ကိုယ့်ဖုန်းထဲက Contacts တွေဆီ ကိုယ့်နာမည်နဲ့ တခြားသူတွေရဲ့ Devices တွေကို ဝင်ကူးစက်မယ့် Link ဒါမှမဟုတ် ဖိုင်တစ်ခု ပို့တတ်ပါတယ်။ ဒီလင့်ခ်တွေ ဖိုင်တွေကို ဖွင့်ကြည့်တဲ့သူလည်း အလားတူ Malware ကူးစက်တာ ခံရမှာပါ။


(၃) ဘာမှလည်း မလုပ်ဘဲနဲ့ Data Usage သိပ်များလာရင်


Photo: Unsplash

နောက်ထပ် ထူးထူးဆန်းဆန်းလို့ ပြောရမယ့်အချက်က ကိုယ်လည်း သိပ်မသုံးရဘဲနဲ့ Data Usage ထိုးတက်နေတဲ့ အချက် ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ တချို့ ဟက်ကာတွေဟာ တခြားသူတွေရဲ့ ဖုန်းကို သုံးပြီး Bitcoin လိုမျိုး Cryptocurrency တွေ ထုတ်ဖို့ လုပ်တတ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ လုပ်ရင် ဖုန်းထဲက ဒေတာတွေ အတော်လေး စားပါတယ်။ 

ဒေတာတွေ သိပ်သုံးနေလို့ မသင်္ကာရင် ကိုယ့်ဖုန်းထဲက App တွေရဲ့ Data Usage ကို ပြန်စစ်ပါ။ ဘယ် App က ဒေတာတွေ စားနေသလဲ ကြည့်ပါ။ ပုံမှန်မဟုတ်တာ တွေ့ရင် ဖုန်း Hack ခံရလို့လည်း ဖြစ်နိုင်ပါတယ်။ တချို့မသမာတဲ့ ဟက်ကာတွေဟာ ကိုယ့်ဖုန်းကို ကြားခံ Proxy လို ထားပြီး ဖုန်းခေါ်တာမျိုး လုပ်တတ်ပါတယ်။ ကိုယ်လည်း ဖုန်းခေါ်မထားဘဲ ဖုန်းဘေလ်တွေ သိပ်ကုန်နေရင် ဒါကလည်း Hack ခံရသလားလို့ သံသယရှိစရာ အချက်တစ်ခုပါပဲ။

နောက်တစ်ခုက ဖုန်းပြောနေချိန်မှာ ကြားဖြတ်အသံတွေ ဝင်တာမျိုး ရှိရင် သတိထားပါ။ ဒါဟာ ကိုယ့်ဖုန်းကို ခြေရာခံနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ဖုန်းကို ဘယ်သူ Hack နေသလဲဆိုတာကို ဖော်ထုတ်ဖို့က Hack တဲ့ပုံစံပေါ် မူတည်ပါတယ်။ Jailbreak လုပ်ထားတဲ့ iPhone တို့ official မဟုတ်တဲ့ Android ဖုန်းတို့ သုံးရင်း Hack ခံရတာတို့ ၊ အီးမေးလ်ထဲက လင့်တစ်ခုကနေ Hack တာတို့ဆို ဘယ်သူလုပ်တာလဲ ပြောလို့ မရပါဘူး။

အကောင်းဆုံးက ဖုန်းလုံခြုံဖို့ တွေ့ကရာ Public WiFi မချိတ်ပါနဲ့။ Links တွေထဲ ဝင်မယ်ဆိုရင် သေချာစီစစ်ပြီးမှ ဝင်ဖို့နဲ့ Antivirus ဆော့ဖ်ဝဲလ်တစ်ခု သွင်းဖို့ပါပဲ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က