Digital Literacy ၊ Digital Safety ၊ Digitalization ၊ Digital Transformation ၊ Digital Economy ၊ Digital...။
ဒီနေ့ခေတ်ကို ဒစ်ဂျစ်တယ်အခြေပြုလူမှုဘဝပုံစံလို့ သတ်မှတ်လာကြပါပြီ။ လူတွေရဲ့ နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုတွေ ၊ နေထိုင်ဆက်သွယ်မှုတွေကနေ အုပ်ချုပ်ရေးနဲ့ ပညာရေးလို ပိုပြီး ကျယ်ပြန့်တဲ့ကဏ္ဍစုံအထိ ဒစ်ဂျစ်တယ်သက်ရောက်မှုဟာ လွှမ်းခြုံထားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လုပ်ငန်းတစ်ခု ထောင်တော့မယ်ဆိုရင် နည်းပညာနဲ့ ကင်းလို့ မရတဲ့ စီးပွားရေးကို သွားဖို့ မဖြစ်မနေ လိုလာပြီလို့ ဆိုရမှာပါ။
နည်းပညာအခြေပြု Startup စီးပွားရေးတစ်ခုကို လုပ်ဖို့ စဉ်းစားထားရင် ကိုယ့်မှာ Tech Startup ထောင်ဖို့ ရှိထားသင့်တဲ့ Skills တွေ ဖြည့်ဆည်းထားဖို့ လိုပါတယ်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ မသိမဖြစ် သိသင့်တဲ့ Skills တွေ လေ့လာဖို့က ထမြောက်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုအတွက် သော့ချက်ပါပဲ။ ဒီတော့ ကိုယ်ပိုင် Tech Startup ထောင်မယ့်သူတွေမှာ ဘယ်လို Skills တွေ ရှိသင့်သလဲ ကြည့်လိုက်ရအောင်ပါ။
(၁) Web & App Development
Photo: Unsplash
Tech Startup တစ်ခု ထောင်မယ်ဆိုရင် Tech Skill မရှိလို့ ဘယ်ဖြစ်မလဲ။ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုဆိုတဲ့ခေါင်းစီးအောက်မှာလည်း ခေါင်းစဉ်တွေက အများသား။ Programming ၊ Database Management ၊ Network and Information Security ၊ Cloud Security ၊ Machine Learning ၊ Software Engineering စတဲ့ စတဲ့ Skills တွေ ။ ဒါတွေ တတ်မှ Tech Startup တစ်ခု ထောင်လို့ ရသလားဆိုတော့လည်း မဟုတ်ပါဘူး။
Web/App Development ပိုင်းမှာ Skills ရှိရင် အင်တာနက်စီးပွားရေးလုပ်လို့ ရပါတယ်။ နည်းပညာအခြေပြုစီးပွားရေးတစ်ခုခု လုပ်တော့မယ်ဆိုရင် Programming ကို Pro ကျကျ မကျွမ်းတောင် UI/UX Skills ရှိမယ် ၊ အခြေခံ Web & App Development Languages တွေ နားလည်မယ်။ ကိုယ့်ဝက်ဘ်ဆိုက်/App ကို ဘယ်လိုတင်မယ် ၊ ဘယ်လို Run မယ်ဆိုတာ သိထားရင် Tech Startup တစ်ခု အောင်အောင်မြင်မြင် ထောင်နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။
(၂) Design & Creation
Photo: Unsplash
ထူးခြားကောင်းမွန်တဲ့ ဒီဇိုင်းစွမ်းရည်မရှိရင်လည်း ကိုယ့်ဖောက်သည်တွေရဲ့ အသည်းနှလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီဇိုင်းနဲ့ ဖန်တီးမှု နယ်ပယ်က သိပ်ကျယ်ပါတယ်။ ဓါတ်ပုံ ၊ ဂရပ်ဖစ် ၊ ဗွီဒီယို နဲ့ Logo ဖန်တီးနိုင်မှုတွေကလည်း Design & Creation နယ်ပယ်မှာ အကျုံးဝင်ပါတယ်။ Design &Creation Skill ကောင်းရင် ကိုယ်ပိုင်ဒီဇိုင်းကုမ္ပဏီအဖြစ် ရပ်တည်ပြီး ပြင်ပက ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဒီဇိုင်းနဲ့ Content တွေ ဖန်တီးပေးတဲ့ စီးပွားရေးပုံစံကို သွားနိုင်ပါတယ်။
(၃) Digital Marketing
Photo: Unsplash
ဈေးကွက်ကြော်ငြာမှုတွေ ဒစ်ဂျစ်တယ်ဖြစ်လာချိန်မှာ Digital Marketing သဘောတရားတွေ ကျွမ်းကျင်ရင်လည်း ကိုယ်ပိုင် Startup ထောင်လို့ ရပါတယ်။ ဥပမာ- Digital Marketing Agency ထောင်တာမျိုး ဖြစ်ပါတယ်။ Digital Marketing Services တွေဟာ ကိုယ့်ရဲ့ စီးပွားရေးကို အွန်လိုင်းမှာ ကြော်ငြာဖို့ ၊ ဈေးကွက်ဖောက်ဖို့အတွက် ကူညီပေးတဲ့ ဝန်ဆောင်မှုစီးပွားရေးပုံစံဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာ Third Party services အနေနဲ့ ရပ်တည်ပြီး လုပ်ငန်းရှင်တွေကိုယ်စား ကြော်ငြာပေးရင်း စီးပွားရေးအခွင့်အလမ်းကောင်းတွေ ဖော်ဆောင်လို့ ရပါတယ်။ Digital Marketing ပိုင်းမှာ တတ်ကျွမ်းသင့်တဲ့ Skills တွေအနေနဲ့ Digital Marketing Tools ၊ Analytics Tools ၊ Social Media Marketing ၊ Content Marketing ၊ SEO & UX ပိုင်းဆိုင်ရာတွေ ကျွမ်းကျွမ်းကျင်ကျင် သိထားဖို့ လိုပါတယ်။
ကိုယ့်မှာ ဆန်းသစ်ထူးခြားတဲ့ Idea ကောင်းတွေ ရှိနေတယ် ၊ IT Knowledge လည်း ရှိတယ်ဆိုရင် ဆက်ပြီး ရှိသင့်တဲ့ Skills တစ်ခုက ပရောဂျက်ကြီးတစ်ခုလုံးကို ချောချောမွေ့မွေ့ အဆင်ပြေပြေ လည်ပတ်ဖို့ ၊ ကိုယ့်ရဲ့ လုပ်ငန်း ရည်မှန်းချက်တွေအတိုင်း တစ်ဆင့်ချင်း ဖြစ်လာဖို့ ပရောဂျက်စီမံခန့်ခွဲတဲ့နည်းပညာကို ကောင်းကောင်းတတ်ကျွမ်းသင့်ပါတယ်။
အနည်းဆုံးတော့ Tech Development ဖြစ်စဉ်ကို တိုးတက်နေအောင် တွန်းတင်နိုင်မယ့် ခေါင်းဆောင်မှုနဲ့ Project Management ဆိုင်ရာ နားလည်မှုမျိုးတော့ ရှိရမှာပါ။ မရှိရင်လည်း Project Management ပိုင်းကို ကောင်းကောင်းကိုင်တွယ်နိုင်မယ့်သူကို ခေါ်တတ်ဖို့ လိုပါလိမ့်မယ်။
အခုပြောခဲ့တာတွေကတော့ Startup တစ်ခု ထောင်ဖို့ ရှိသင့်တဲ့ အခြေခံ Skills တွေပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒီ Skills တွေ ရှိရင် ကိုယ်ပိုင် Startup ထောင်လို့ ရနိုင်ပါတယ်။ ဒီအချက်တွေအပြင် Startup တစ်ခု အောင်အောင်မြင်မြင် လည်ပတ်နိုင်ဖို့ဆိုရင် ကျွမ်းကျင်မှု Profession အပြင် တကယ်စိတ်အားထက်သန်မှု Passion လည်း လိုပါတယ်။ ကိုယ့်မှာ မရှိတဲ့ Skills တွေအတွက် ကိုယ့်ထက် ခေါင်းကောင်းတဲ့ ပရိုတစ်ယောက်ကို ငှားလို့ရပါတယ်။ Passion ကတော့ ဘယ်ကနေမှ ငှားလို့/ဝယ်လို့ မရတာကြောင့်ပဲ ဖြစ်ပါတယ်။
Share