အတန်းထဲမှာထိပ်ဆုံးရချင်တဲ့စိတ်ကလည်း အကောင်းဘက်ကို ဦးတည်စေတဲ့ စိတ်ဖိစီးမှုတစ်ခုလို့ဆိုနိုင်ပါတယ်။

ကလေးတွေစိတ်ဖိစီးမှုဖြစ်တာက သာမန်အားဖြင့် သတိထားရမယ့်အချက်လို့ဆိုနိုင်ပေမယ့် စိတ်ဖိစီးမှုရှိတာကလည်းကောင်းမွန်တဲ့အချက်လို့ ဆိုနိုင်ကြောင်း သုတေသနတွေ့ရှိချက်တွေမှာ ဖော်ပြကြပါတယ်။

Photo: Good Family

ကလေးတွေမှာ အကောင်းဘက်ကို ဦးတည်တဲ့ စိတ်ဖိစီးမှုပိုများလာလေလေ ပိုပြီးတော့ စွမ်းအင်တွေ ထွက်လေလေလု့ိ ဆိုနိုင်ပါတယ်။ ကလေးတွေ စိတ်ဖိစီးတာကောင်းတယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ။ ဘယ်လိုအရာတွေက ကလေးတွေရဲ့ စိတ်ဖိစီးမှုမှာ အကောင်းဘက်ကို ဦးတည်သွားစေနိုင်သလဲဆိုတာ ကြည့်ရအောင်ပါ။

Photo: Healthline

အကောင်းဘက်ကို ဦးတည်တဲ့ ကလေးတွေရဲ့စိတ်ဖိစီးမှု

စိတ်ဖိစီးမှုလို့ ဆိုတိုင်းလည်း မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ပုံမှန်အားဖြင့် ကလေးတွေမှာ စိတ်ဖိစီးမှုခံစားရရင် သဘောကျစရာကောင်းတဲ့အရာတွေရှိပါတယ်။ တစ်ခါတလေစိတ်ဖိစီးမှုက အကောင်းဘက်ကိုတောင် ပိုမိုဦးတည်တယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အလုပ်တစ်ခုမှာ စိတ်ဖိစီးမှုဖြစ်ရင် ပိုပြီးတော့စွမ်းအင်ထွက်လာသလိုမျိုးပါ။ ဒါကြောင့် စိတ်ဖိစီးမှုရှိတာ ကောင်းတယ်လို့ ဆိုကြတာပါ။ 

ကလေးတွေဟာ များသောအားဖြင့် စိတ်ဖိစီးမှုက သူတို့ကျင်လည်ရာတဲ့ ပတ်ဝန်းကျင်သေးသေးလေးဆီက လာတာပါ။ ပတ်ဝန်းကျင်သေးသေးလေးလို့ဆိုလိုရင် သူတို့ရဲ့ စာသင်ကျောင်းပါပဲ။ ကျောင်းသွားဖို့ မနက်အစောထနိုင်ဖို့ ပြင်ဆင်တာ၊ အိမ်စာမပြီးမှာကိုကြောက်တာ ၊ အတန်းထဲမှာ ထိပ်ဆုံးရောက်ချင်တဲ့စိတ်တွေက အကောင်းဘက်ကို ဦးတည်စေတဲ့ စိတ်ဖိစီးမှုလို့ ဆိုနိုင်ပါတယ်။

Photo: Healthline

စိတ်ဖိစီးမှုမလွန်ကဲအောင် ဘယ်လိုထိန်းညှိပေးမလဲ

ဥပမာ- ကလေးက မနက်ကျောင်းသွားဖို့ အစောကြီးထရာမှာ စိတ်ညစ်နေတယ်ဆိုရင် မိဘက ဒါကို စိတ်ညစ်စရာမကောင်းတဲ့အကြောင်းပြောပေးပါ။ ကလေးကိုယ်တိုင်ကလည်း မနက်ထပြီးကျောင်းသွားဖို့ အတွက် ကြိုတင်ပြင်ဆင်တတ်လာမယ်။ ဒါဆိုရင် ကလေးက သူတို့ရဲ့ စိတ်ဖိစီးမှုကို ကိုယ်တိုင်စီမံခန့်ခွဲတတ်လာပါတယ်။ ကြောက်တာကလည်း ကလေးအရွယ်မှာ စိတ်ဖိစီးမှုကို ကိုယ်တိုင်စီမံခန့်ခွဲတတ်လာတဲ့အကျင့်ရလာနိုင်ပြီး လူကြီးဖြစ်လာရင် စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိသွားနိုင်ပါတယ်။ 

ကျောင်းကပေးတဲ့အိမ်စာတွေကို မပြီးမှာကို ကြောက်တဲ့စိတ်ကြောင့် အိမ်စာတွေကို အပြီးပြင်ဆင်တာ ဒါတွေက အကောင်းဘက်ကို ဦးတည်စေတဲ့ စိတ်ဖိစီးမှုတွေပါ။ ဒီစိတ်ဖိစီးမှုကြောင့် ကလေးက အချိန်ကို သေချာစီမံခန့်ခွဲတတ်တဲ့အကျင့်၊ ကြိုတင်ပြင်ဆင်တတ်တဲ့အကျင့်ကောင်းလေးတွေ ရရှိလာမှာဖြစ်ပါတယ်။

အတန်းထဲမှာထိပ်ဆုံးရချင်တဲ့စိတ်ကလည်း အကောင်းဘက်ကို ဦးတည်စေတဲ့ စိတ်ဖိစီးမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုကြောင့် လိုချင်လာရင် ရအောင်လုပ်တတ်တဲ့စိတ်၊ ကြိုးစားချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတွေက တရားလွန်ဖြစ်သွားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် မိဘတွေကတော့ ကလေးရဲ့ စိတ်ဖိစီးမှုဖြစ်နေတဲ့အခြေအနေကို သေချာထိန်းညှိပေးဖို့ လိုအပ်ပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို Nway Oo Home Schooling မှ အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က