လည်ချောင်းနာရခြင်းမှာ အဖြစ်များလေ့ရှိတာကတော့ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး ဓာတ်မတည့်မှုတွေကြောင့်လည်း လည်ချောင်းယားယံခြင်းကို ဖြစ်ပေါ်စေပါတယ်။

ရာသီဥတုအပြောင်းအလဲကြောင့်အပါအဝင် လေထုညစ်ညမ်းမှုတွေကြောင့် လည်ချောင်းထဲပိုးဝင်ပြီး လည်ချောင်းနာ၊ လည်ချောင်းယားတဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။

Photo: Urgent Care of Soldotna



ရာသီအကူးအပြောင်းကာလ အပူအအေးမမျှတတဲ့အချိန်တွေမှာလည်း ဖြစ်ပေါ်တတ်ပြီး လူတော်တော်များများ ခံစားရတဲ့ ဝေဒနာဖြစ်သလို ခံစားရခက်တဲ့ ဝေဒနာလည်းဖြစ်ပါတယ်။ လည်ချောင်းနာတာက သာမန်ရောဂါဝေဒနာတစ်ခုဖြစ်လို့ ဆေးရုံဆေးခန်းသွားစရာမလိုဘဲ အိမ်မှာပဲ ဆေးဝယ်သောက်ပြီး ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။

တကယ်တော့ လည်ချောင်းနာတဲ့အခါ ဆေးဝယ်သောက်တာနဲ့ လည်ချောင်းနာတဲ့ ဝေဒနာကို ချက်ချင်းသက်သာပျောက်ကင်းစေတာမျိုးမဟုတ်ပါဘူး။ အသင့်ထုတ် ဆေးဝါးတွေကို သောက်သုံးခြင်းထက် သဘာဝအိမ်တွင်းကုထုံးနည်းလည်းတွေက လည်ချောင်းနာခြင်းကို ဘေးထွက်ဆိုးကျိုးမရှိစေဘဲ သက်သာပျောက်ကင်းစေပါတယ်။

Photo: Dabur Honey

အကောင်းဆုံးအိမ်တွင်းကုထုံး နည်းလမ်းများ

လည်ချောင်းနာပြီဆိုတာနဲ့ ကြုံတွေ့ရတာက အစားစားရတာ အဆင်ပြေမှုမရှိတော့တာပါပဲ။ လည်ချောင်းနာခြင်းအတွက် အကောင်းဆုံး အိမ်တွင်းကုထုံးနည်းလမ်းတွေကတော့ ပျားရည်ကို ရေနွေးပူနဲ့ သောက်သုံးပေးနိုင်သလို ဆားရည်နဲ့ အာလုပ်ကျင်းပေးခြင်းနည်းလမ်းတွေကလည်း လည်ချောင်းနာတဲ့ ဝေဒနာကို သက်သာပျောက်ကင်းစေပါတယ်။ ရေနွေးပူ များများသောက်ပေးပါ။ ဆေးရုံ၊ ဆေးခန်းသွားစရာမလိုတဲ့ ဝေဒနာဖြစ်ပြီး အကုန်အကျနည်းကာ အိမ်တွင်းကုလို့ရတဲ့ ကုထုံးနည်းလမ်းလေးတွေနဲ့လည်း ကုသပေးနိုင်ပါတယ်။

Photo: BaBaMail

လည်ချောင်းနာနေတဲ့ အချိန်မှာ ဘာတွေရှောင်ရှားသင့်သလဲ

လည်ချောင်းနာတဲ့ အချိန်မှာ ရေခဲရေကိုလုံးဝမသောက်သုံးသင့်ပါဘူး။ လူတွေက ရေအေးအေးလေးသောက်သုံးရတာကို နှစ်သက်ကြပေမယ့်လည်း လည်ချောင်းနာနေတဲ့ အချိန်မျိုးမှာတော့ မလုပ်ဆောင်သင့်တဲ့ အရာပါ။ လည်ချောင်းဟာ လူသားတွေအတွက် နေ့စဉ်စားသောက်နေရတဲ့ အစာဝင်လမ်းကြောင်းမှာ အဓိက နေရာဖြစ်တဲ့အတွက် မကျန်းမာတဲ့အချိန်မှာ အထူးဂရုပြုဖို့လိုပါတယ်။ လည်ချောင်းနာနေတဲ့အချိန်မှာ မဆင်မခြင်နဲ့ ရေခဲရေသောက်သုံးမိပါက လည်ချောင်းကွဲတဲ့အဆင့်အထိ ဝေဒနာပြင်းထန်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ လည်ချောင်းကို ထိခိုက်နိုင်မယ့် အစားအသောက်တွေနဲ့ အရာတွေကို ဆင်ခြင်သင့်ပါတယ်။

Photo: University Urgent Care

လည်ချောင်းနာရခြင်း အကြောင်းအရင်း

(၁) လည်ချောင်းနာရခြင်းမှာ အဖြစ်များလေ့ရှိတာကတော့ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး ဓာတ်မတည့်မှုတွေကြောင့်လည်း လည်ချောင်းယားယံခြင်းကို ဖြစ်ပေါ်စေပါတယ်။

(၂) ညစ်ညမ်းတဲ့လေကို ရှူရှိုက်မိတဲ့အခါမျိုးတွေမှာလည်ချောင်းနာတတ်သလို တိရစ္ဆာန်တွေကနေတစ်ဆင့် ပိုးမွှားတွေဝင်ရောက်နိုင်ပါသေးတယ်။

(၃) ပုံမှန်ထက်ပိုပြီးစကားကို အချိန်ကြာ ကျယ်လောင်စွာအော်ပြောရခြင်းကလည်း လည်ချောင်းနာမှုကိုဖြစ်ပေါ်စေပါတယ်။

လည်ချောင်းနာတဲ့အချိန်မျိုးမှာဆိုရင် လည်ချောင်းတစ်လျောက် နာကျင်နေပြီး အစာမြိုချရတာခက်ခဲတာ၊ စကားပြောရင် လည်ချောင်းနာတာ၊ တံထွေးမြိုချရင်နာတာမျိုးနဲ့ လည်ချောင်းနီရဲပြီး လည်ပင်းအကျိတ်တွေ ယောင်နေတာမျိုး စတဲ့ လက္ခဏာတွေအပါအဝင်တခြားသောလက္ခဏာတွေကိုလည်းခံစားရတတ်ပါတယ်။

လည်ချောင်းနာတဲ့ ဝေဒနာဟာ လူသားတွေအတွက် ကြုံတွေ့ခံစားရလေ့ရှိတဲ့ ဝေဒနာတစ်ခုပါ။ အသက်အရွယ်မရွေးဖြစ်ပွါးတတ်တဲ့ ဝေဒနာဖြစ်ပြီး စိုးရိမ်စရာ မဟုတ်ပေမယ့် ခံစားရခက်တဲ့ဝေဒနာပါ။ မတည့်တဲ့ အစားအသောက်တွေရှောင်ပြီး စနစ်တကျသေချာကုသမယ်ဆိုရင်တော့ အချိန်ကာတိုတိုအတွင်းမှာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

လည်ချောင်းနာတဲ့ဝေဒနာကလည်း တစ်ဖက်လူကို ကူးနိုင်တဲ့အတွက် လည်ချောင်းနာတဲ့အချိန်မှာ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ပေးခြင်းက လူနာအတွက်လည်းသက်သာသလို တခြားသူတွေကို ကူးစက်ဖို့လည်းအခွင့်အလမ်းနည်းသွားမှာဖြစ်ပါတယ်။

ပိုးသတ်ဆေးတွေသောက်သုံးတာ၊ အိမ်တွင်းကုထုံးနည်းလမ်းတွေက လည်ချောင်းနာတာကို သက်သာပျောက်ကင်းစေနိုင်တယ်ဆိုပေမယ့် ရက်အတော်တန်ကြာအောင် ရောဂါဝေဒနာမပျောက်ကင်းဘူးဆိုရင်တော့ ဆရာဝန်နဲ့ ကုသမှုခံယူသင့်တယ်လို့ ဒေါက်တာ စိမ့်စမ်းဖြူ အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူမှ အကြံပြုမျှဝေထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က