အခုကာလမှာ အမျိုးသမီးတော်တော်များများက အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲမှာပဲ နေရတဲ့အပြင် စိတ်တွေမွန်းကြပ် အသက်ရှူကြပ်တာကြောင့် အတွင်းခံမဝတ်ဘဲ အချိန်ကြာမြင့်စွာနေကြပါတယ်။ ညအိပ်ချိန် အတွင်းခံမဝတ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကိုတော့ အားလုံးသိရှိပြီးဖြစ်ပါတယ်။ ကာလရှည်ကြာ အတွင်းခံမဝတ်ဘဲနေရင်ရော ရင်သားကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုတွေရှိမလဲဆိုတာ ဖော်ပြလိုက်ရပါတယ်။
အချိန်ကြာမြင့်စွာ ဘရာစီယာမဝတ်ခြင်း အကျိုးကျေးဇူးများ
၁။ ရင်သားကြီးထွားစေတယ်
တကယ်တော့ ဘရာစီယာမဝတ်တာဟာ ရင်သားကြီးထွားစေတယ်ဆို အံ့သြစရာဖြစ်ပေမယ့် ဒါ အမှန်တရားပါ ။ ဘရာစီယာတွေရဲ့ အကျိုးသက်ရောက်မှုက တကယ်တော့ ဆန့်ကျင်ဘက်ဖြစ်ပြီး ရင်သားကျုံ့တာ ၊ ပုံပျက်တာ ၊ ရင်သားလျှောကျတာတွေဟာ ဘရာစီယာတွေကြောင့်လို့ သုတေသနတွေကဆိုပါတယ်။ ရင်သားတွေကိုလုံးဝန်းပြီး ပိုလှနေအောင် သူတို့ကို လွတ်လွတ်လပ်လပ်ထားပေးတာက အကောင်းဆုံးဖြစ်တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
၂။ ညအိပ်ပျော်စေတယ်
ဘရာစီယာမဝတ်ဘဲ အိပ်ဖို့ဆိုတာ ကျန်းမာရေးပညာရှင်တွေ အများအပြားအမြဲပြောခဲ့ကြပါတယ် ။ရင်သားကင်ဆာဖြစ်နိုင်ချေရှိတယ်ဆိုတာထက် ပိုပြီး လက်တွေ့ကျတာကတော့ ဘရာစီယာမဝတ်ဘဲ အိပ်ရင် ကောင်းမွန်စွာအိပ်ပျော်တာဖြစ်တယ်လို့ ဆိုပါတယ်။
၃။ သွေးလည်ပတ်မှုကောင်းစေတယ်
ဘရာစီယာဝတ်ခြင်း(အထူးသဖြင့်တင်းကျပ်သောအဝတ်) က ကိုယ်ခန္ဓာရဲ့ သွေးလည်ပတ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ရင်ဘတ်တစ်ဝိုက် တင်းကျပ်မှုက အဓိက သွေးကြောများကိုချုံ့လိုက်ပြီး သွေးလည်ပတ်မှုကိုနှေးစေပါတယ်။ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာပြသနာများကို ဖြစ်စေနိုင်ပါတယ်။
၄။ ရင်သားကျန်းမာစေတယ်
ဘရာစီယာမဝတ်ခြင်းက သွေးစီးဆင်းမှုကိုကောင်းမွန်စေတဲ့အပြင်အရေပြားပေါ်က ချွေးတွေ ၊ အညစ်အကြေးတွေ လျော့ကျစေလို့ ရင်သားတွင်ပိုးဝင်ခြင်း၊ အဖုများနဲ့ ၀ က်ခြံထွက်ခြင်းကိုလျော့နည်းစေပါတယ်။ဒါ့အပြင် ရင်သားတစ်ရှူးတွေကို ကျန်းမာစေလို့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးတဲ့အပြင် ကျန်းမာတဲ့ ရင်သားတစ်သျှူးတွေက ရင်သားကို ပိုမိုထောက်ပံ့ပေးပြီး ရင်သားကြွက်သားတွေ အားကောင်းလာတဲ့အတွက် သဘာဝအတိုင်းပိုကြီး၊ ပိုသန်မာ၊ လုံးဝန်းပြီး ကျစ်တဲ့ ရင်သားများဖြစ်စေပါတယ်။
အတွင်းခံဝတ်ဆင်တဲ့အခါ သတိပြုရမယ့်အချက်များ
ဘရာစီယာဝတ်ခြင်းက အပျိုဖော်မဝင်မီနဲ့အပျိုဖော်ဝင်စ မိန်းကလေးတွေအတွက်တော့ အလွန်အရေးကြီးပါတယ်။ ဘရာစီယာက ရင်သားတစ်ရှူးတွေကို နေရာတကျဖြစ်စေပြီး ရင်သားတည်ဆောက်ပုံကို ပံ့ပိုးမှုပေးပါတယ် ။ ဒါပေမယ့် လျော့ရဲနေတဲ့ ဘရာစီယာက ရင်သားအသွင်အပြင်ကို ပျက်စီးစေနိုင်သလို တင်းကျပ်လွန်းတဲ့ ဘရာစီယာတွေကလည်း အရေပြားပေါ်မှာ အစင်းတွေဖြစ်စေပါတယ်။ဒါ့အပြင် ကျောနဲ့လည်ပင်းကို မသက်မသာခံစားရစေပြီး အချိန်ကြာလာတဲ့အခါ နာကျင်မှုတွေ ဖြစ်စေတဲ့အတွက် ဒါကို သတိပြုသင့်ပါတယ်။
ကြိုးကိုင်းတွေချောင်နေတဲ့အခါ
Photo-pinterest
ဘရာဝတ်တဲ့အခါ ကြိုးတွေချောင်နေတာကို သတိထားရပါမယ်။ ကြိုးတွေက လျှော်ရင်းနဲ့ အချိန်ကြာလာတဲ့အခါ လျော့ရဲလာတတ်ပါတယ်။ ဒါကြောင့် ကြိုးတွေကို ပြန်ညှိပြီးမှ ဝတ်ဆင်သင့်ပါတယ်။ တစ်ချို့ ဘရာစီယာတွေက ကြိုးကိုင်းအပြားကြီးတာကြောင့် ပခုံးပေါ်ကနေ လျောကျတတ်ပါတယ်။
ကြိုးအရမ်းတင်းလွန်းတဲ့အခါ
Photo- pinterest
ဘရာစီယာကြိုးတွေ တင်းလွန်းတဲ့အခါ ကြိုးတွေက ပခုံးအသားထဲ နစ်မြုပ်ပြီး အရေပြားကို ထိခိုက်စေပါတယ်။တစ်ခါတစ်လေမှာ ကြိုးအရမ်းတင်းလွန်းတဲ့အခါ ကြိုးအလျှော့အတင်းညှိရုံသာမကဘဲ ကိုယ့်ရဲ့ ဘရာစီယာအတိုင်းအတာ မှန်ကန်ရဲ့လားဆိုတာလည်း စစ်ဆေးသင့်ပါတယ်။
ရင်ခွက်ချောင်နေတဲ့အခါ
Photo-pinterest
ရင်သားသေးတဲ့ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတတ်ပါတယ်။ရင်အုံခွက်ရဲ့ အပေါ်ပိုင်းနဲ့ ရင်သားချောင်ပြီး ဟနေတဲ့အခါ ကြိုးကို အနည်းငယ်တင်းကျပ်ပေးပါ။ အဲဒီလိုတင်းကျပ်ပြီးတဲ့အခါတောင်မှ ချောင်နေရင်တော့ ရင်အုံခွက်အရွယ်အစားတစ်ဆင့်ပိုသေးတဲ့ ဘရာစီယာကို ရွေးချယ်သင့်ပါတယ်။ဒီလိုရွေးချယ်ပြီးတဲ့အခါတောင်မှ ရင်သားအပေါ်ပိုင်းက အုံခွက်နဲ့ဟပြီး ချောင်နေရင်တော့ Push Up လို့ခေါ်တဲ့ ရင်သားကို မြှင့်ပေးတဲ့ ဘရာစီယာအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
ရင်သားလျှံထွက်တဲ့အခါ
Photo-pinterest
ရင်အုံခွက်ကနေ အပေါ်ဘက် ၊ ဘေးဘက်ကနေ လျှံထွက်တဲ့အခါ ဒါက ကိုယ့်ရဲ့ရင်ခွက်ဆိုဒ်သေးနေတာ ဖြစ်နိုင်ပါတယ်။တကယ်လို့ ကိုယ်ဝယ်ထားတာက 34B ဖြစ်ပြီး ကိုယ့်ရဲ့ရင်သားအရွယ်အစားက 34B ½ဖြစ်မယ်ဆိုရင် 34C ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
Ref: tiphero, the list, thirdlove