မိန်းကလေးတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ အရမ်းကို လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေဟာ ဘဝမှာကော အလုပ်မှာပါ အဆင်ပြေချောမွေ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာကြောင့် သိမ်ငယ်တာတွေ ၊ အားငယ်တာတွေ မရှိနိုင်ေတာ့ဘဲ ကိုယ့်ရဲ့ ဘဝတက်လမ်းကိုသာ ရှာဖွေတော့မှာပါ။
ဒီလိုမျိုး ကိုယ့်ဘဝကို မြင့်မားစေနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုးရရှိနိုင်အောင် တည်ဆောက်ယူလို့ ရနိုင်မယ့် နည်းလမ်းတွေကို ပြောပြပါရစေ။
nyc-inspections.com
၁။သင်ယူစရာရှိတာတွေကို သင်ယူပါ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့အတွက် ပထမဆုံးနည်းလမ်းကတော့ သိမြင်တတ်မြောက်ခြင်းပါ။ ကိုယ်က အရာရာကို သိနေတတ်နေမယ်ဆိုရင် အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်ထွန်းစေပါတယ်။ အရာရာကို သိမြင်တတ်မြောက်ဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာမဟုတ်တဲ့အတွက် အရာအားလုံးကို မတတ်မြောက်ရင်တောင် ကိုယ့်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ အရာတွေကို လေ့လာဆည်းပူးတာ ၊ ကိုယ့်အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တဲ့ အရာတွေကို သင်ယူလေ့လာတာမျိုးတွေနဲ့ ကိုယ့်ရဲ့ ဝမ်းစာကို ဖြည့်ဆည်းပါ။ စာဖတ်ခြင်းနဲ့လည်း ဗဟုသုတတွေ ရှာမှီးပါ။
၂။ပြုံးပါ
ဘာမှလည်းမဆိုင်ဘူးလို့ တွေးထင်စရာရှိပေမယ့် တကယ်ပဲ အပြုံးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်ထွန်းစေပါတယ်။ ဒါ့ကြောင့်မို့ ပြုံးခြင်းနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် မွေးမြူတည်ဆောက်ကြည့်ပါ။
၃။အများရှေ့ စကားပြောဆိုနိုင်သူဖြစ်အောင် လေ့ကျင့်ယူပါ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတစ်ယောက်အနေနဲ့ လူအများရှေ့မှာ ပြောဆိုရတာကို မကြောက်တော့ပါဘူး။ တစ်နည်းအားဖြင့် လူကြားထဲမှာ စကားပြောဆိုရင်းနဲ့လည်း ကိုယ့်ရဲ့ စကားကို သေချာအာရုံစိုက်စိတ်ဝင်တစားနားထောင်သူများကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရလာစေနိုင်ပါတယ်။ ဒါ့ကြောင့် လူအများကြားမှာ စကားပြောဆိုနိုင်သူဖြစ်အောင် လေ့ကျင့်ပါ။ မှန်ရှေ့မှာ လေ့ကျင့်ပါ။ လူအများနဲ့ စကားပြောဆိုကြည့်ပါ။
depositphotos.com
၄။သပ်ရပ်သန့်ရှင်းစွာ ဝတ်စားဆင်ယင်ပါ
သပ်ရပ်စွာ ဝတ်စားဆင်ယင်ခြင်းကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဖြစ်ထွန်းစေပါတယ်။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူဖြစ်ပါစေ၊ ကို့ရို့ကားယားဝတ်စားဆင်ယင်ထားမယ်ဆိုရင် စိတ်မသက်မသာနဲ့ စနိုးစနောင့် ခံစားနေရပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်းကို တည်ဆောက်ယူလို့ ရပါတယ်။
၅။လှပကျော့ရှင်းစွာနေပါ
လှပနေတာဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ ယုံကြည်မှု ရှိစေသလဲဆိုတာ မိန်းကလေးတိုင်း သိကြပါတယ်။ မျက်နှာတစ်ခုတည်း လှပနေလို့ မရပါဘူး၊ ဆံပင်သပ်ရပ်သန့်ရှင်းနေတာ ၊ သွားတွေ ဖြူဖွေးစင်ကြယ်နေတာ ၊ လက်သည်းတွေ လှပသန့်ရှင်းနေတာ ၊ တစ်ကိုယ်လုံးကြည့်ရတာ လှပကျော့ရှင်းနေတာဟာ ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှုရှိစေသလို ကျေနပ်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိချင်တဲ့ မဒီတို့အနေနဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ အလှအပကို ဂရုစိုက်ဖို့ လိုပါတယ်။
၆။ကိုယ်သင်းရနံ့တစ်ခုဖန်တီးပါ
အပေါ်က နှစ်ချက်လိုပါပဲ။ ကိုယ့်ဆီကနေ ကိုယ်သင်းရနံ့လေးတစ်ခု မွှေးပျံ့စွာ ထွက်ပေါ်နေခြင်းဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အမွှေးရနံ့မျိုး ကိုယ့်ဆီမှာ ရရှိနေနိုင်ဖို့အတွက် lotion လိမ်းတာ ၊ ရေမွှေးဆွတ်တာ စတာတွေကို ပြုလုပ်ပေးပါ။ အမွှေးရနံ့ကို သင်းသင်းလေးဖြစ်တယ်ဆိုရင် လုံလောက်ပါပြီ။
၇။ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင် နေပါ
ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်စေပါတယ်။ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့အတွက် အချိန်အများကြီး ပေးစရာမလိုပါဘူး။ တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်နေရုံနဲ့ လုံလောက်ပါတယ်။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ရင်းက ရရှိလာတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုဟာ ကိုယ့်ရဲ့ ယုံကြည်မှုကို ရရှိစေနိုင်လာပါတယ်။ ခန္ဓာကိုယ်မှာ အဆီပိုတွေ ထွက်လာတာ ၊ လက်မောင်းတုတ်နေတာ ၊ ခါးတုတ်နေတာ စတာတွေက ကိုယ့်ရဲ့ ယုံကြည်မှုကို လေျာ့နည်းစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဗိုက်၊ ကျော နဲ့ တင်ပါး အပါအဝင် ကြွက်သားတွေကို အားကောင်းအောင်ပြုလုပ်ပေးပြီး ကိုယ်ခန္ဓာကြံ့ခိုင်စေကာ ကိုယ်ဟန်အနေအထားကိုလည်း လှပကျော့ရှင်းစေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်။
assets.entrepreneur.com
၈။ငါလုပ်နိုင်တယ်လို့ အမြဲတွေးပါ
တစ်ခါတလေမှာ ကိုယ့်စိတ်ထဲ ငါ လုပ်နိုင်ပါ့မလားလို့ တွေးထင်နေတာမျိုးတွေ ရှိနေနိုင်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ငါ လုပ်နိုင်တယ်၊ ငါအကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်ကို ရိုက်သွင်းဖို့ လိုပါတယ်။ အဲဒီလို တွေးလိုက်တာဟာ ကိုယ့်အတွက် တွန်းအားဖြစ်လာပြီး တကယ်လုပ်နိုင်သွားတာကို အံ့သြစရာကောင်းအောင် တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် အားပေးခြင်းဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ခြင်းပါပဲ။
ဒီအချက် (၈) ချက်ကို သေချာ လုပ်ဆောင်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် တဖြေးဖြေး ယုံကြည်မှုရှိလာမှာ သေချာပါတယ်။