စာဖတ်ဝါသနာပါတဲ့ အမျိုးသမီးတွေအတွက် စာအုပ်စာပေက ပေးတဲ့ ခွန်အား စွမ်းပကားတွေက အံ့မခမ်းပါပဲ။ ဒီနေ့တော့ အမျိုးသမီးတွေ မဖြစ်မနေ ဖတ်သင့်တဲ့ စိတ်ဓာတ်ခွန်အားပေးစာအုပ် (၅) အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(၁) သူမ ( ဂျာနယ်ကျော် မမလေး)
Library2door.com
နာမည်ကျော် စာရေးဆရာမ ဂျာနယ်ကျော်မမလေးရဲ့ သူမ ဆိုတဲ့ စာအုပ်ကလည်း အမျိုးသမီးတွေ ဖတ်သင့်တဲ့ စာအုပ်ထဲမှာပါဝင်ပါတယ်။ ဘဝမှာ ေလာကဓံဆိုတာ ကြုံဆုံရစမြဲပါပဲ။ ဒီလို လောကဓံနဲ့ကြုံတွေ့လာရတဲ့အခါ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ဘ၀ကို မနစ်မွန်းအောင် ဘ၀ကို တန်ဖိုးရှိရှိ၊ သတ္တိရှိရှိ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ဒီစာအုပ်ထဲကနေရရှိနိုင်မှာပါ။
၂။ကျွန်မဖတ်ဖို့ (နိုင်းနိုင်းစနေ)
mmbookloverstore.blogspot.com/
ဒီစာအုပ်လေးကလည်း အမျိုးသမီးတွေအတွက် စိတ်ဓာတ်အာဟာရဖြည့်စွက်ပေးနိုင်တဲ့စိတ်အားဖြည့် မှတ်စုတို စာအုပ်စီးရီးလေးဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကိုက ကိုယ့်ရဲ့ ဘဝကို လျှောက်လှမ်းဖို့ရာအတွက် အားပေးထားတဲ့ ၊ စိတ်ပျက်အားလျော့ချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ အတွက် ရေးသားထားတာဖြစ်ကြောင်း ပြောထားပါတယ်။ ပညာရှင်တွေရဲ့ အဆိုအမိန့်တွေ၊ ဘဝအကြောင်း ၊ အချစ်အကြောင်းစတဲ့ အကြောင်းအရာ အစုံအလင်ပါဝင်တဲ့ စိတ်ခွန်အားဖြည့်မှတ်စုတွေကို စုစည်းဖော်ပြထားတာပါ။
၃။ဖြစ်တည်ခြင်း (ဝင်းငြိမ်း)
စာရေးဆရာ ဝင်းငြိမ်းရေးသားတဲ့ ဖြစ်တည်ခြင်းဆိုတဲ့ စာအုပ်ဟာလည်း အမျိုးသမီးတွေ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်ထဲမှာ ပါဝင်ပါတယ်။ ဒီဖြစ်တည်ခြင်း စာအုပ်ကတော့ အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ ဇနီး မီရှယ်အိုဘားမား (Michelle Obama) ရဲ့ အတ္ထုပတ္တိ စာအုပ်ပဲဖြစ်ပါတယ်။ မူရင်းရေးသားသူက သမ္မတကတော်ကိုယ်တိုင်ဖြစ်ပြီး စာရေးဆရာဝင်းငြိမ်းက ဘာသာပြန်ထုတ်ဝေထားတာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ မီရှယ်အိုဘားမားရဲ့ ဘဝတစ်လျှောက်လုံးကို ခံစားဖတ်ရှုရမှာဖြစ်ပြီး ဘဝပေါ်မှာ ထားတဲ့ သူမရဲ့အမြင် ၊ သူမ ကြိုးစားအားထုတ်ခဲ့ပုံတွေ၊ အိမ်ထောင်ရေးခရီး ကြမ်းတမ်းခဲ့ပုံတွေ၊ သမ္မတကတော်ဆိုတာထက် မီရှယ်အိုဘားမားဆိုတဲ့ နေရာတစ်ခုရရှိအောင် သူမရယူခဲ့ပုံတွေကို ရေးသားဖော်ပြထားပါတယ်။ အမျိုးသမီးတိုင်းအတွက် အားတက်စေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။
"ကျွန်မ မာလာလာ" စာအုပ်ကတော့ ပညာရေးအတွက် လှုံ့ဆော်မိလို့ တာလီဘန်တွေက ခေါင်းကို အနီးကပ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ပါ။ မာလာလာကိုယ်တိုင် ရေးသားထားပြီး စာရေးဆရာဟိန်းလတ်က ဘာသာပြန်ထားပါတယ်။ စာအုပ်ထဲမှာတော့ စစ်အာဏာရှင်တွေမွေးထုတ်ထားတဲ့ တာလီဘန်တွေအကြောင်း ၊ စစ်သွေးကြွအစွန်းရောက်တွေအကြောင်း ၊ အမျိုးသမီးတွေကို ကန့်သတ်ချုပ်ချယ်ထားတဲ့ အကြောင်းတွေ၊ ဘာသာရေးအစွန်းရောက်တွေ၊ တာလီဘန်တို့ရဲ့ အသေခံဗုံးခွဲမှုအကြောင်းတွေ အပြင် မာလာလာရဲ့ ဘဝဇာတ်ကြောင်း ၊ ကိုယ်ပိုင်အခွင့်အရေးရရှိဖို့ ကိုယ်ပိုင်ရပိုင်ခွင့်ကို ရရှိဖို့ အသက် (၁၅)နှစ်အရွယ် မာလာလာဟာ အသက်စွန့်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့ရပုံတွေကို ဖတ်ရှုလေ့လာရမှာဖြစ်ပါတယ်။
၅။အိုရှိုး၏ အမျိုးသမီးနဲ့ တော်လှန်ရေး (အောင်မေဃ)
myanmarbookshop.com
စာရေးဆရာ အောင်မေဃရဲ့ စာအုပ်ဖြစ်တဲ့ အိုရှိုး၏ အမျိုးသမီးနဲ့ တော်လှန်ရေးဆိုတဲ့ စာအုပ်ကလည်း အမျိုးသမီးတိုင်း ဖတ်သင့်တဲ့ စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ကတော့ ခေတ်အဆက်ဆက်တော်လှန်ရေးတွေနဲ့ မပြီးဆုံးနိုင်အောင်ပါပဲ။ အမျိုးသမီးတွေ တော်လှန်ရတဲ့ တော်လှန်ရေးတွေကတော့ အမျိုးသမီးအခွင့်အရေး အပြည့်အဝရရှိဖို့ တော်လှန်ရတာပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အိုရှိုးရဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာဟောပြောချက်တွေကို စုစည်းပေးထားတာဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အရေးတွေက ဘာတွေလဲ၊ ဘယ်လိုဆုံးရှုံးနေတာလဲ ၊ ဘယ်လိုရယူရမှာလဲဆိုတာကို ဒီစာအုပ်ထဲကနေတစ်ဆင့် လေ့လာခွင့်ရမှာဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့စာအုပ်(၅)အုပ်ကတော့ အမျိုးသမီးတွေ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်တွေပဲဖြစ်ပါတယ်။ အမျိုးသမီးတိုင်း အခွင့်အရေးကိုယ်စီရရှိပြီး ပညာဉာဏ်နဲ့ယှဉ်ကာ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ။