နှလုံးအားနည်းသူ ၊ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေရှိသူအနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ သတိထားလုပ်ဆောင်သင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်တယ်ဆိုတာ အလွန်အကျိုးရှိတဲ့ လုပ်ဆောင်ချက် ဖြစ်ပေမယ့် အခြေအနေတွေပေါ်မှာ ချိန်ဆပြီး လုပ်ဆောင်သင့်ပါတယ်။အထူးသဖြင့် နှလုံးအားနည်းသူ ၊ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေရှိသူအနေနဲ့ဆိုရင် ပိုပြီး သတိထားသင့်တဲ့အတွက် သတိပြုရမယ့်အချက်တွေကို အကြံပြုချင်ပါတယ်။




Photo-medicalnewstoday.com

၁။ လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ

လေ့ကျင့်ခန်းမလုပ်တဲ့သူတွေဟာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေထက် နှလုံးရောဂါ ရနိုင်ခြေ နှစ်ဆပိုများပါတယ်။ ဒါ့အပြင် မိသားစုထဲမှာ နှလုံးရောဂါမျိုးရိုးရှိတာ ၊ ဒါမှမဟုတ် ကိုယ့်နှလုံး ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် တစ်ပတ်ကို မိနစ်၁၅၀လောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ကိုယ့်မှာ နှလုံး‌နဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခုရှိတယ်ဆိုရင် အပတ်စဉ် လေ့ကျင့်ခန်းဘယ်လောက်နိုင်လဲ။ - ဘယ်လိုလေ့ကျင့်ခန်းလုပ်သင့်လဲ၊ ဘယ်လိုလေ့ကျင့်ခန်းမျိုးရှောင်ရမလဲ၊ လေ့ကျင့်ခန်းလုပ်စဉ် ဆေးသောက်ဖို့လိုလား၊ လေ့ကျင့်ခန်းလုပ်နေစဉ် သွေးခုန်နှုန်းတိုင်းတာထားရမလား စတဲ့ မေးခွန်းတွေကို ဆရာဝန်ကို မေးထားဖို့တော့ လိုပါလိမ့်မယ်။


Photo-theconversation.com


၂။ နှလုံးရောဂါရှိသူတွေ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရှောင်ကြည်ရမယ့်အချက်များ


လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးရောဂါရှိသူတွေက အများတကာလုပ်တဲ့ လေ့ကျင့်ခန်းတွေကို အကုန်လိုက်လုပ်လို့မရပါဘူး။ ကိုယ်က Gym မှာ သွားဆော့တာဆိုရင် ထရိန်နာကို ကိုယ့်မှာ နှလုံးရောဂါရှိကြောင်း ပြောပြထားပါတယ်။ ဒါ့အပြင် ရှောင်ကြဥ်််ရမယ့် လေ့ကျင့်ခန်းတွေကိုလည်း ကိုယ်တိုင်သိထားဖို့ လိုအပါပါတယ်။ ရှောင်ကြဥ်ရမယ့် လေ့ကျင့်ခန်းတွေက ဒိုက်ထိုး ၊ ထိုင်ထ ၊ အိပ်ထမတင်လေ့ကျင့်ခန်းများ ၊ Plank နဲ့ Squad ကဲ့သို့ ကြွက်သားကိုညှစ်ပြီး အားပြုရတဲ့လေ့ကျင့်ခန်းများ၊ အလေးတုံးမ ရတဲ့လေ့ကျင့်ခန်း၊ ပူအိုက်လွန်းခြင်းနဲ့ အေးလွန်းတဲ့အခြေအနေများ၊ ရေအများကြီးသောက်ခြင်း၊, လေ့ကျင့်ခန်းစလုပ်စမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းများ စတာတွေပဲ ဖြစ်ပါတယ်။

၃။ လေ့ကျင့်ခန်းကို လုံးဝရပ်တန့်သင့်တဲ့ အခြေအနေများ


‌လေ့ကျင့်ခန်း လုပ်နေစဥ်အတွင်းမှာ အလွန်အမင်းပင်ပန်းနွယ်နယ်လာခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးတုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အစိတ်အပိုင်းတစ်ခုခုနာကျင်ခြင်း စတာတွေ ဖြစ်ရင် သတိပြုသင့်ပါတယ်။ ဒီလိုလက္ခဏာတွေ ဖြစ်လာရင်တော့ ကိုယ့်ရဲ့လေ့ကျင့်ခန်းလုပ်တာကို ရပ်နားပြီး အနားယူသင့်ပါတယ်။ ၁၅ မိနစ်လောက်အနားယူပြီး သွေးခုန်နှုန်းကိုစစ်ဆေးကြည့်ပါ။ တစ်မိနစ်ကို အကြိမ် ၁၂၀ အထက်ဆိုရင် ဆရာဝန်နဲ့ပြသပါ။



၄။ နှလုံးအားကောင်းစေတဲ့ လေ့ကျင့်ခန်းများ လုပ်ပါ။

ကိုယ့်မှာ နှလုံးရောဂါရှိလို့ ဆောင်ရန်ရှောင်ရန်တွေရှိပေမဲ့ နှလုံးအားနည်းသူတွေ နှလုံးရောဂါရှိသူတွေလည်း လေ့ကျင့်ခန်းလုပ်သင့်တယ်လို့ အထက်မှာလည်း ပြောပြီး ဖြစ်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေနဲ့ ဘာကြောင့်လုပ်သင့်တယ်ဆိုတာ ပြောပြပေးပါမယ်။

လမ်းလျှောက်ခြင်း

Photo-verywellfit.com

ဒါကတော့ အလွယ်ဆုံးနဲ့ အသင့်တော်ဆုံး ကိုယ်လက်လှုပ်ရှားမှုပါ။ လမ်းသွက်သွက်လျှောက်ခြင်းက နှလုံးခုန်နှုန်းကို မြင့်တက်စေပြီး နှလုံးအားကောင်းစေပါတယ်။ သီချင်းနားထောင်ရင်းဖြစ်ဖြစ် ၊ မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် အတူတူလမ်းလျှောက်ကြည့်ပါ။

ဝိတ်တုံးများနဲ့ ကစားခြင်း

ဝိတ်တုံးတွေနဲ့ ကြွက်သားတည်ဆောက်တဲ့ လေ့ကျင့်ခန်းတွေက နှလုံးအားကောင်းဖို့ အကူအညီပေးပါတယ်။ ကြွက်သားတွေတည်ဆောက်တဲ့အတွက် အဆီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။ဒါဟာ အရိုးနဲ့ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ရေကူးခြင်း

ရေကူးခြင်းက ခန္ဓာကိုယ်တင်မက နှလုံးကိုပါ သန်မာစေတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ တခြားအမျိုးအစားတွေနဲ့မတူဘဲ ရေကူးတာက အရိုးအဆစ်တွေကိုလည်း နာကျင်မှုမရှိဘဲ လှုပ်ရှားရလွယ်ကူနေစေတာ ဖြစ်ပါတယ်။

ယောဂကျင့်ခြင်း

ယောဂကျင့်ခြင်းဟာ နှလုံးကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ယောဂကျင့်တာက ကြွက်သားတွေကိုသန်မာစေပြီး အားဖြည့်ပေးပါတယ်။ တစ်ချို့ ယောဂအမျိုးအစားတွေက နှလုံးခုန်နှုန်းကို မြင့်တက်စေပြီး သွေးပေါင်မြင့်တက်နေတာကိုလည်း ထိန်းညှိပေးပါတယ်။

စက်ဘီးစီးခြင်း

Photo-.irishtimes.com

စက်ဘီးစီးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ ကျန်းမာရေးသုတေသနစစ်တမ်းတွေက ဆိုပါတယ်။စက်ဘီးနင်းခြင်းကြောင့် ခြေထောက်က ကြွက်သားတွေကို အသုံးပြုပြီး နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပါတယ်။ဒါ့အပြင် စက်ဘီးစီးခြင်းက စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်လို့လည်း ဆိုပါတယ်။

Ref: national Jewish and intermountain healthcare









Share

Loading Next Article...
က္က