ဒိတ်လွန်နေတာမျိုးတွေ အသုံးပြုရင် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။

အမျိုးသမီးတိုင်းမှာ အလှကုန်ပစ္စည်းတွေက မရှိမဖြစ် အရာတစ်ခုအနေနဲ့ ရှိနေကြမှာ ကျိန်းသေပါတယ်။ အလှကုန်ပစ္စည်း အသုံးပြုကြတဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်အချိန်မှာ ကိုယ့်အလှကုန်ပစ္စည်းကို မသုံးသင့်တော့ဘူးလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒိတ်လွန်နေတဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုမိတဲ့အခါ ကိုယ့်မျက်နှာနဲ့ အသားအရေတွေကို ဆိုးဝါးစွာထိခိုက်လာနိုင်ပါတယ်။ 



၁။ မိတ်ကပ်တို့ဖက်၊ Spoon နဲ့ မိတ်ကပ်ဖော့(Sponge)

Foundation လိမ်းခြယ်တဲ့နေရာ ၊ မိတ်ကပ်ဖို့တဲ့နေရာ ၊ ပေါင်ဒါပုတ်တဲ့နေရာတွေမှာ အသုံးပြုတဲ့ မိတ်ကပ်တို့ဖက်၊ မိတ်ကပ်ဖော့တွေကတော့ မိန်းကလေးတိုင်းလိုလိုမှာ ရှိတတ်ကြပါတယ်။ မတူညီတဲ့ အမျိုးအစားတွေကို အသုံးပြုကြတာပဲ ကွဲပြားမှာပါ။ ဒီမိတ်ကပ်ဖော့တွေကိုတစ်လပဲ အသုံးပြုသင့်ပါတယ်နော်။ တစ်လထက်ပိုပြီး အသုံးပြုတဲ့အခါ မျက်နှာပေါ်က အဆီတွေ ၊ လိမ်းထားတဲ့ မိတ်ကပ်တွေ အထပ်ထပ် ဖြစ်လာတဲ့အတွက် ဝက်ခြံပေါက်တာတွေ ၊ မျက်နှာထိခိုက်တာတွေ ဖြစ်ပေါ်လာစေပါတယ်။ ရေဆေးပြီးအသုံးပြုလို့လည်းရပေမယ့် ကြာလာရင် မကောင်းနိုင်တော့တာကြောင့် တစ်လတစ်ခါ လဲဖို့ တိုက်တွန်းချင်ပါတယ်။ 

၂။ မိတ်ကပ်ဘရက်ရှ် 

မိတ်ကပ်ဘရက်ရှ်တွေကတော့ တော်တော်ကို ကြာရှည်ခံတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ကိုယ်ဝယ်ယူအသုံးပြုထားတဲ့ ဘရက်ရှ်အပေါ်တော့ မူတည်ပါတယ်။ မိတ်ကပ်ဘရက်ရှ်တွေကို သေသေချာချာ သန့်စင်‌ေဆးကြောပြီး အသုံးပြုမယ်ဆိုရင် တစ်နှစ်ကနေ ငါးနှစ်အထိ အသုံးပြုလို့ရပါတယ်။ 

enzabeautiful.com/

၃။အောက်ခံမိတ်ကပ် နဲ့ Concealer  

မိတ်ကပ်အမြဲလိမ်းနေကျ အမျိုးသမီးတွေအတွက်ကတော့ သိပ်စိတ်ပူစရာမရှိပေမယ့် တစ်ခါတလေမှသာ မိတ်ကပ်လိမ်းခြယ်လေ့ရှိတဲ့ အမျိုးသမီးတွေကတော့ သတိထားသင့်ပါတယ်။ အောက်ခံမိတ်ကပ် နဲ့ Concealer တွေကို တစ်နှစ်အထိသာ အသုံးပြုသင့်ပြီး တစ်နှစ်ကျော်သွားတဲ့ မိတ်ကပ်တွေကိုတော့ ဆက်လက်အသုံးမပြုသင့်တော့ပါဘူးနော်။ 

၄။ပေါင်ဒါမိတ်ကပ် 

ပေါင်ဒါမိတ်ကပ်တွေကတော့ မိတ်ကပ်အရည်တွေထက် ပိုကြာရှည်အသုံးခံပါတယ်။ ပေါင်ဒါမိတ်ကပ်တွေကို တစ်နှစ်ကနေ နှစ်နှစ်အထိ အသုံးပြုလို့ရပါတယ်။ 

၅။မျက်ခုံးမွှေးဆွဲတံ 

မျက်ခုံးမွှေးဆွဲတံကိုလည်း ကျန်နေသေးတယ်၊ အသုံးခံတယ်ဆိုပြီး မကုန်မချင်းသုံးနေတာမျိုး မလုပ်ပါနဲ့နော်။ မျက်ခုံးမွှေးဆွဲတံတွေမှာလည်း သတ်မှတ်ကာလရှိပါတယ်။ မျက်ခုံးမွှေးဆွဲတံတစ်ချောင်းကို ၆ လကနေ တစ်နှစ်အတွင်းသာ အသုံးပြုသင့်ပါတယ်။ 

၆။Eyeliner 

Eyeliner ကိုတော့ ကိုယ်ရွေးချယ်ဝယ်ယူထားတဲ့ အမျိုးအစားပေါ်မူတည်ပြီး အချိန်ကာလသတ်မှတ်နိုင်ပါတယ်။ Liquid Type အရည်ပုံစံ Eyeliner တွေကို သုံးလကနေ ခြောက်လလောက်အထိပဲ သုံးသင့်ပြီး Pencil Type Eyeliner တွေကိုတော့ ခြောက်လကနေ တနှစ်အထိ အသုံးပြုနိုင်ပါတယ်။

pinimg.com

၇။အိုင်းရှဲဒိုး 

အလှပြင်ရတာကြိုက်နှစ်သက်တဲ့ မိန်းကလေးတိုင်းမှာ အိုင်းရှဲဒိုးရောင်စုံ ၊ အကွက်စုံရှိနေမှာသေချာပါတယ်။ အဲဒီ အိုင်းရှဲဒိုးရောင်စုံကွက်လေးတွေကိုလည်း နှစ်နှစ်လောက် အသုံးပြုပြီးရင် ဆက်မသုံးပါနဲ့တော့နော်။ မကုန်သေးဘူးနှမြောစရာကြီးဆိုပြီး ဆက်သုံးနေမယ်ဆိုရင် မျက်ခွံအရေပြားတွေ ထိခိုက်စေနိုင်ပါတယ်။ 

၈။မျက်တောင်ကော့တံ (Mascara) 

မျက်တောင်ကော့တံ Mascara တွေမှာလည်း သတ်မှတ်ကာလရှိပါတယ်။ Mascara လေးတွေကို သတ်မှတ်ကာလထက် ကျော်လွန်ပြီး အသုံးပြုမယ်ဆိုရင် မျက်လုံးကို ထိခိုက်စေနိုင်တာမျိုးတွေတောင် ဖြစ်တတ်ပါတယ်။ Mascara ကိုတော့ ၃ လလောက်အထိသာ အသုံးပြုသင့်ပါတယ်။ 

၉။ပါးနီ 

ပါးရဲရဲလေးတွေ ၊ နီစွေစွေးပါးကလေးတွေ၊ ပန်းသွေးဖြာနေတဲ့ ပါးကလေးတွေ ဖြစ်စေဖို့ အသုံးပြုတဲ့ ပါးနီတွေမှာလည်း ကန့်သတ်အချိန်ရှိပါတယ်။ ပါးနီတွေကိုတော့ တစ်နှစ်ကနေ နှစ်နှစ်အထိ အသုံးပြုလို့ရပါတယ်။ ဒီကာလတွေထက် ကျော်လွန်အသုံးပြုမယ်ဆိုရင် မျက်နှာမှာ အလာ့ဂျစ်ထတာတွေ ဖြစ်လာတတ်ပါတယ်။ 

goodhousekeeping.com

၁၀။နှုတ်ခမ်းနီ 

နှုတ်ခမ်းနီကို မကုန်မချင်း အသုံးပြုနေတာမျိုးတွေ မလုပ်ဖို့ တားမြစ်ပါရစေ။ lip gloss အမျိုးအစားနှုတ်ခမ်းနီကိုတော့ ၆လကနေ တစ်နှစ်အထိ အသုံးပြုနိုင်ပြီး ရိုးရိုးနှုတ်ခမ်းနီတောင့်တွေကိုလည်း တစ်နှစ်လောက်ထိ အသုံးပြုနိုင်ပါတယ်၊ ဒီထက်ပိုသုံးမယ်ဆိုရင်တော့ နှုတ်ခမ်းတွေ မည်းလာတာ ၊ ခြောက်သွေ့လာတာ ၊ ပျက်စီးလာတာတွေ ဖြစ်လာနိုင်ပါတယ်။ 

လှတစ်မျက်နှာလေးဖြစ်စေဖို့အတွက် ကိုယ်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းလေးတွေကို အချိန်ကာလအကန့်အသတ်နဲ့ အသုံးပြုသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့ မျက်နှာတစ်ပြင်လုံးကို ပျက်စီးသွားနိုင်တဲ့အတွက် သတိလေးထားပြီး စွန့်ပစ်ချိန်တန်ရင် စွန့်ပစ်ကြပါလို့ တိုက်တွန်းပါရစေ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က