အချိန်ပြည့် အစားတွေ စွတ်စားနေရင် ဝိတ်တွေတက်လာလိမ့်မယ်နော်။

မိုးလင်းမိုးချုပ် တစွတ်စွတ်စားနေမိတာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေမိပြီလား။ ဘယ်လောက် တားတား တားမရဘဲ အမြဲဆိတ်ပါးစပ်လို အစားနဲ့ ပါးစပ်နဲ့ မပြတ်တာကြောင့် ကိုယ်အလေးချိန်တွေ တက်လာမှာ ကြောက်နေတယ်ဆိုရင် အခုပြောပြတဲ့ အချက် (၆) ချက်ကို လိုက်လုပ်ကြည့်ကြပါနော်။



၁။တီဗီကြည့်ရင်း၊ ဖုန်းသုံးရင် အစာစားတာမျိုးရှောင်ပါ။ 

နေ့စဉ်နဲ့အမျှ မနက်စာ ၊ နေ့လယ်စာ နဲ့ ညစာစားနေချိန်မှာ အစာစားရင်း တီဗီကြည့်နေတတ်တဲ့သူ၊ လပ်တော့ရှေ့ထိုင်နေတတ်တဲ့သူ၊ ဖုန်းသုံးနေတတ်သူ ဖြစ်နေရင်တော့ အစားတွေအများကြီး စားနေမိမှာပါပဲ။ လူတွေဟာ အစာစားရင်း တစ်ခုခုကို အာရုံစူးစိုက်နေချိန်မှာ အစာတွေကို ပိုမိုစားသုံးမိသွားတတ်ပါတယ်။ ဒီအမူအကျင့်ဟာ ဘာမှမပြောပလောက်ဘူးလို့ တွေးထင်နေနိုင်ပေမယ့် နေ့စဉ်ပြုမူနေမိရင်တော့ အစားအသောက်ကို အလွန်အကျွံစားသုံးမိနေပါလိမ့်မယ်။ ‌လေ့လာမှုတွေအရ အစာစားနေချိန်မှာ တစ်ခုခုကို အာရုံစိုက်နေတာဟာ ကယ်လိုရီတွေအမြောက်အမြားကို စားသုံးမိစေပါတယ်။ ဒါ့ကြောင့် တီဗီကြည့်ရင်း ထမင်းစားတတ်တဲ့ ၊ အစာစားတတ်တဲ့ အကျင့်ကို ဒီနေ့ကစပြီး ဖျောက်ဖျက်ပစ်ပါ။ 

medicalnewsbulletin.com

၂။အချိုစာတွေကို စုဆောင်းသိမ်းဆည်းထားခြင်းရှောင်ပါ 

ရေခဲသေတ္တာထဲမှာ အချိုဓာတ်တွေချည်းပဲ ရှိနေတယ်ဆိုရင်တော့ အဲဒါဟာ ဝိတ်တက်စေမယ့်လက္ခဏာရပ်နဲ့ မကြာခဏ အစာစားချင်နေစိတ်တွေ ဖြစ်ပေါ်နေပါလိမ့်မယ်။ ရေခဲချောင်း၊ ရေခဲမုန့် ၊ သကြားလုံး ၊ ကွတ်ကီး နဲ့ အချိုရည်တွေ ထည့်ထားတဲ့ ရေခဲသေတ္တာက သင့်ကို အမြဲလက်ယပ်ခေါ်နေမှာပါပဲ။ ဒီလို ကျန်းမာ‌ရေးမညီညွတ်တဲ့။ အဆီတက်စေမယ့် အစားအသောက်တွေကို သိမ်းဆည်းသိုလှောင်ထားမယ့်အစား အာဟာရပြည့်ဝစေမယ့် အစားအစာတွေကိုသာ ရေခဲသေတ္တာထဲထည့်ထားပါ။ 

၃။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဦးစားပေးစားသုံးပါ 

တစွတ်စွတ်စားနေရမှ ကျေနပ်မယ်ဆိုရင် ကယ်လိုရီနည်းပြီး အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးဖို့ အကြံပေးပါရစေ။ အမျှင်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေက ရေဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက် စားပြီးတာနဲ့ စိတ်ကျေနပ်စေပြီး ဗိုက်ဝသွားသလို ခံစားရစေပါတယ်။ ဒါ့ကြောင့် အလွန်အကျွံစားသုံးချင်စိတ်ကိုလည်း လျော့နည်းစေပါတယ်။ 

youthincmag.com

၄။စိတ်ဖိစီးမှုကို လျှော့ချပါ 

တစ်ခါတရံမှာ အစားတွေ တောက်လျှောက်စားနေခြင်းဟာ ဗိုက်ဆာလို့ မဟုတ်ဘဲ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာ ၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တတ်ပါတယ်။ လေ့လာမှုတွေအရ စိတ်ဖိစီးမှုဟာ အဝလွန်ခြင်း ၊ ဆာလောင်မွတ်သိပ်ခြင်း ၊ အစားစားချင်စိတ်ကို ဖြစ်ပေါ်စေခြင်း နဲ့ ကိုယ်အလေးချိန်တက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ လိုအပ်ပါတယ်။ 

၅။အစာကို ဖြည်းဖြည်းမှန်မှန် စားသုံးပါ 

အစားအစာကို ခပ်မြန်မြန် စားသုံးတတ်သူတွေဟာ လိုအပ်တာထက် ပိုမိုပြီး စားသောက်မိသွားတတ်ပါတယ်။ အစာကို ဖြည်းဖြည်းနဲ့ မှန်မှန် စားသုံးခြင်းဟာ အစားအများကြီး စားသုံးမိသွားခြင်းကို လျှော့ချပေးပြီး အဝလွန်ခြင်းကိုလည်း လျော့ကျစေပါတယ်။ ဒါ့ကြောင့် အစာစားသုံးတဲ့အခါ သေချာစွာ ကြေညက်အောင် စားဖို့ လိုအပ်ပါတယ်။ 

ychef.files.bbci.co.uk

၆။ ရေပဲသောက်ပါ

သကြားဓာတ်တွေ၊ ဂတ်စ်တွေ ပါဝင်တဲ့ အချိုရည်တွေကို သောက်သုံးချင်လာတဲ့ အခါ ရေကိုသာ သောက်ဖို့ တိုက်တွန်းချင်ပါတယ်။ အချိုရည်တွေကို မကြာခဏသောက်သုံးခြင်းဟာ အဝလွန်ခြင်း နဲ့ ဆီးချိုရောဂါကို ဖြစ်ပေါ်စေပါတယ်။ လေ့လာချက်တွေအရ အချိုရည်သောက်သုံးခြင်းဟာ အစာစားချင်စိတ်ကို မြင့်တက်စေပြီး အဝလွန်ရောဂါနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် အချိုရည်အစား ရေကို အစားထိုးသောက်သုံးမယ်ဆိုရင် မကြာခဏ အစာစားချင်တာနဲ့ အလွန်အမင်းစားသုံးတာတွေကို လျှော့ချပေးနိုင်ပါတယ်။ 

ဒီအချက် (၆) ချက်ကို နေ့စဉ်ကျင့်သုံးမယ်ဆိုရင် မကြာခဏအစာစားချင်တာ ၊ အလွန်အမင်း စားသောက်နေမိတာတွေကို လျှော့ချပေးနိုင်မှာသေချာပါတယ်။ 

Share

Loading Next Article...
က္က