ဝမ်းချုပ်တာရဲ့ နောက်ဆက်တွဲမှာ အလှအပပြဿနာတွေ ၊ ကျန်းမာရေးပြဿနာတွေပါ ဖြစ်ပေါ်စေပါတယ်။

အမြဲဝမ်းချုပ်နေတယ်ဆိုတာမျိုးတွေ မဒီတို့ ကြားဖူးကြမှာဖြစ်သလို ကိုယ်တိုင်လည်း ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ်တော့ ဝမ်းချုပ်တာဟာ ကြီးကြီးမားမားပြဿနာမဟုတ်ဘူးလို့ ထင်နိုင်ပေမယ့် တကယ့်တကယ်မှာ ဆိုးကျိုးတွေ အများကြီး ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်ခြင်းကြောင့် အမြင်အာရုံဝေဝါးတာ ၊ အကြောတက်တာ ၊ ညောင်းတာ ၊ ခေါင်းကိုက်တာ ၊ ခံတွင်းနံ့မကောင်းတာ ၊ဗိုက်ပူစေတာအပြင် ဝက်ခြံပေါက်တာမျိုးပါ ဖြစ်တတ်ပါတယ်။ဒီလို ဆိုးကျိုးများတဲ့ ဝမ်းချုပ်ခြင်းကို သဘာဝနည်းလမ်းတွေနဲ့ ကုစားလို့ ရနိုင်ပါတယ်။



၁။ရေများများသောက်ပါ 

health.harvard.edu/

ရေဓာတ်ခမ်းခြောက်နေရင် ဝမ်းချုပ်တတ်ပါတယ်။ ရေဓာတ်ပြည့်ဝနေစေဖို့ဆိုရင် ဖန်ခွက် ၈ သောက်သုံးပေးရပါမယ်။ ရေဓာတ်လုံ‌ေလာက်စွာ ရရှိပြီဆိုရင် ဝမ်းမှန်သွားစေပါတယ်။ လေ့လာမှုတွေအရ ရေသောက်သုံးခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ 

၂။အမျှင်ဓာတ်ပြည့်ဝစွာ ပါဝင်တဲ့ အသီးအနှံကို စားသုံးပေးပါ 

ဝမ်းချုပ်နေတဲ့ လူနာတွေကို ဆရာဝန်တွေက အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တဲ့ အသီးအနှံတွေ စားသုံးပေးဖို့ တိုက်တွန်းတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျှင်ဓာတ်ဟာ အူလမ်းကြောင်းကို သန့်ရှင်းစေပြီး အစာချေဖျက်မှုတွေကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ ဝမ်းချုပ်နေတဲ့ လူနာတွေကို အမျှင်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေ စားသုံးစေခြင်းအားဖြင့် ကောင်းမွန်သက်သာသွားတာကို လက်တွေ့သိရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်နေကြတဲ့ မဒီတို့အနေနဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။ 

cdn-prod.medicalnewstoday.com

၃။လေ့ကျင့်ခန်းများများလုပ်ပါ 

လေ့လာသူတွေရဲ့ ပြောကြားချက်အရ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဝမ်းချုပ်နေတာတွေကို ကောင်းမွန်သက်သာစေတယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုများအရတော့ အထိုင်များတဲ့သူတွေဟာ ဝမ်းချုပ်မှုဝေဒနာကို သူများတွေထက် ပိုခံစားရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်မှုဝေဒနာကို ခံစားရသူတွေအနေနဲ့ လမ်းလျှောက်ခြင်း ၊ ပြေးခြင်း ၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးကြည့်သင့်ပါတယ်။ 

၄။ဇီးသီးများများစားပေးပါ 

ဒီနည်းလမ်းကတော့ မဒီတို့ သဘောကျစေမယ့် နည်းလမ်းဖြစ်ပါလိမ့်မယ်။ ဝမ်းချုပ်ခြင်းအတွက် ဇီးသီး နဲ့ ဇီးဖျော်ရည်တို့ဟာ ဆေးကောင်းတစ်လက်သဖွယ် သက်သာစေပါတယ်။ လေ့လာချက်တွေအရ ဇီးသီးဟာ ဝမ်းချုပ်မှုကို အမျှင်ဓာတ် နဲ့ sorbitol ဓာတ် အတွက် တခြားအမျှင်ဓာတ်ပါဝင်တဲ့ သစ်သီးတွေထက် ပိုမိုထိရောက်ကုသနိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တတ်တဲ့ မဒီတို့အနေနဲ့ အချဉ်ထုပ်၊ ဇီးပေါင်း၊ ဇီးသီးခြောက်စတာတွေကို သွားရည်စာအနေနဲ့တောင် စားပေးမယ်ဆိုရင် သက်သာစေမှာပါ။ အမျှင်ဓာတ်ပါတယ်၊ နောက် ည်းပါတဲ့အတွက်ကြောင့် ဝမ်းမှန်စေမှာပါ။ 

၅။ပျားသံပုရာရည်ဖျော်သောက်ပါ 

cdn.cdnparenting.com

ဝမ်းချုပ်နေတဲ့ မဒီလေးတွေအနေနဲ့ သံပုရာရည်ကို ပျားရည်နဲ့လေးနဲ့ဖျော်သောက်ပေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ပျားသံပုရာရည်ဟာ အူလမ်းကြောင်းထဲက အစာအကြွင်းအကျန်တွေကို ပျော့သွားစေတဲ့အတွက် ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အစာချေဖျက်အားလည်း ကောင်းစေပြီး အစာကြေလွယ်စေတဲ့အပြင် ဗိုက်ချပ်အဆီကျစေပြီး အသားအရေလည်း လှစေပါတယ်။ 

မဒီတို့ရဲ့ ဝမ်းချုပ်တဲ့ ပြဿနာကို အစားအသောက်နဲ့ပဲ ကုစားနိုင်တာဖြစ်လို့ ကိုယ့်ကို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်စေနိုင်တဲ့ ဝမ်းချုပ်တာကို မွေးမြူမထားဘဲ ကုစားလိုက်ပါ။ 

ဝမ်းတစ်လုံးကောင်းလို့ ခေါင်းခဲစရာမလိုတဲ့ ဘဝတွေဖြစ်ကြပါစေ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က