ဝက်ဘရွန်းနဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့တာပါ။

အမှတ်ပေးပွဲ ၂ပွဲစလုံးကို လွဲချော်ခဲ့တဲ့ အော်ဘာမီယန်က ကာရာဘောင်းဖလားပွဲမှာတော့ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။


ကာရာဘောင်းဖလားပွဲမှာ ဝက်ဘရွန်းကို ၆-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အော်ဘာမီယန်က ဟက်ထရစ်သွင်းယူခဲ့တဲ့နောက် အာဆင်နယ်နည်းပြအာတီတာက ပရိသတ်တွေ ကွင်းထဲကို ပြန်လည်လာရောက်အားပေးမှုကြောင့် သူ့တိုက်စစ်မှူးရဲ့ အကောင်းဆုံးပုံစံကို မြင်ရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ ဂါဘွန်တိုက်စစ်မှူးဟာ ဒီရာသီပထမဆုံးပွဲမှာပဲ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ 

အမှတ်ပေးပွဲ ၂ပွဲစလုံးကို လွဲချော်ခဲ့တဲ့ အော်ဘာမီယန်က ကာရာဘောင်းဖလားပွဲမှာတော့ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့လည်း ဂိုးပေါက်ပျောက်ဆုံးနေမှုတွေကို အဆုံးသတ်နိုင်ခဲ့ပြီး လာမယ့်မန်စီးတီးနဲ့ပွဲအတွက် စိတ်ပိုင်းဆိုင်ရာအရအားဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အတွက် အော်ဘာမီယန်က ဟက်ထရစ်၊ ပီပီ၊ ဆာကာနဲ့ လာကာဇက်တို့က တစ်ဂိုးစီသွင်းကာ တိုက်စစ်ကစားသမားအားလုံး ဂိုးရခဲ့တာဖြစ်ပါတယ်။ 

ကွင်းအတွင်းပရိသတ်တွေလာရောက်အားပေးမှုက အော်ဘာမီယန်ကိုခြားနားတဲ့ပုံစံနဲ့ မြင်ရနိုင်လားဆိုတဲ့ မေးခွန်းကို အာတီတာက "သူတို့ အဲဒီလိုပြုလုပ်ပေးဖို့ ကျွန်တော်မျှော်လင့်ပါတယ်၊ အော်ဘာမီယန်က ပျော်ပျော်နေတတ်တဲ့လူတစ်ယောက်ဆိုတာ ထင်ရှားပါတယ်၊ သူ့အတွက် လူတွေ၊ မိသားစု၊ သူငယ်ချင်း၊ ပရိသတ်တွေနဲ့ ဆက်သွယ်မှုရနေဖို့ လိုအပ်ပါတယ်၊ သူ ကွင်းထဲကထွက်ချိန်မှာ အပြန်အလှန်ဆက်ဆံခဲ့တာကို မြင်ကြမှာပါ၊ ဒါက သူ့အတွက် တကယ်ကောင်းတဲ့အရာလို့ ကျွန်တော်ထင်တယ်" လို့ ပြောဆိုခဲ့ပါတယ်။

"ပွဲတစ်ပွဲရှုံးချိန်မှာ တတ်နိုင်သမျှနိုင်ပွဲရဖို့က လိုအပ်ပါတယ်၊ ဒီနေ့ပွဲကတော့ ကျွန်တော်တို့ကို ယုံကြည်မှုတွေပေးနိုင်ခဲ့ပြီး ကျွန်တော့်ကစားသမားတွေလည်း ပွဲချိန်တချိုု့ ကစားခွင့်ရခဲ့ပါတယ်၊ အူဘာ၊ ကိုဗစ်ပြီးတော့ သူ မိနစ်တချို့ကစားရပြီး ဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်၊ ဒါက သူ့ကိုယ်သူယုံကြည်မှုရဖို့လည်း တကယ်ကြီးကျယ်တဲ့အရာပါပဲ၊ ခြုံငုံပြောမယ်ဆိုရင်တော့ ဒီညက အရာအားလုံး အပေါင်းလက္ခဏာဆန်ခဲ့ပါတယ်" လို့ အာတီတာက ထပ်ပြောခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ 

Share

က္က