မြန်မာလူမျိုးအများစုရဲ့ နေ့စဉ်အစားစားသောက်တဲ့ပုံစံဟာ အဆီများပြီး ကယ်လိုရီအတက်လွယ်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

မြန်မာလူမျိုးအများစုရဲ့ နေ့စဉ်အစားစားသောက်တဲ့ပုံစံဟာ အဆီများပြီး ကယ်လိုရီအတက်လွယ်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ အဆီတက်တယ်ဆိုတာ ပြည့်ဝဆီများတဲ့ အစားအစာတွေကြောင့် ဖြစ်ပြီး ဒီဆီတွေက ကိုယ်လက်စထရော မြင့်တက်စေပြီး နှလုံးနဲ့ ခန္ဓာကိုယ်ရှိသွေးလွှတ်ကြောတွေကို ပိတ်ဆို့စေတဲ့ LDL ဓာတ်ကိုလည်း မြင့်တက်စေပါတယ်။

ပြည့်ဝဆီပါတဲ့ အစားအစာဆိုတာ

Photo-news.yale.edu

ပြည့်ဝဆီကို အချိုနဲ့ အရသာလေးတဲ့ အစားအစားတွေမှာ အတွေ့များပါတယ်။အများစုက အသားနဲ့ နို့ထွက်ပစ္စည်းတွေ ၊ စားအုန်းဆီနှင့် အုန်းဆီလို အဆီဓာတ်တွေ ဖြစ်ပါတယ်။




အဆီတက်စေတဲ့ နေ့စဉ်စား အစားအစာများ

၁။ အဆီများသောအသား


Photo-goodsworthng.com

အနီရောင်အသားတွေ ၊ အထူးသဖြင့် ဝက်သား ၊ အမဲသား နဲ့ သိုးသားတွေဟာ ကြက်သား ၊ ငါးတို့ထက် ပိုပြီး အဆီတက်စေပါတယ်။ဒါကိုမှ ဆီပြန်ဟင်းအဖြစ် ဟင်းအနှစ်နဲ့ချက်ပြီး ထမင်းနဲ့နယ်စားရတာ မြန်မာလူမျိုးအကြိုက်ဖြစ်ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်း အလွယ်စားအဖြစ် စားသုံးမှုများလာတဲ့ ကြက်အူချောင်း ၊ ဝက်အူချောင်းတွေဟာလည်း အဆီတက်စေပါတယ်။ အဆီတက်တာကို လျှော့ချဖို့ အသားတွေကို ချက်ပြုတ်ရာမှာ ရေနဲ့ပြုတ်ကျော်လုပ်တာမျိုး ၊ အသီးအရွက်နဲ့ ဟင်းရည်ပုံစံချက်စားမျိုးလည်း ပြုလုပ်သင့်ပါတယ်။

၂။ နို့နဲ့တိရိစ္ဆာန်ထွက် အဆီ

နို့က ရတဲ့ ထောပတ်လိုအဆီတွေနဲ့ ဝက်ဆီလို အဆီတွေကို ဟင်းချက်ရာမှာ သုံးတတ်ကြပါတယ်။ ဒီအဆီတွေပါတဲ့ အစားအစာတွေဟာ ပြည့်ဝဆီလွန်ကဲစွာပါနေတာမို့ အဆီအလွန်တက်စေပါတယ်။

၃။ စားအုန်းဆီ

Photo-constructionweekonline.com

မြန်မာနိုင်ငံမှာ စားအုန်းဆီစားတဲ့ အလေ့အကျင့်ဟာ နှစ်အတော်ကြာပါပြီ။ဈေးသက်သာတာကြောင့်လည်း လူအသုံးများပါတယ်။ဒါပေမယ့်လည်း စားအုန်းဆီဟာ ပြည့်ဝဆီ ဖြစ်တဲ့အပြင် စားအုန်းဆီနဲ့ အကြော်အလှော်တွေ ကြော်ပြီး အဲဒီဆီကိုပဲ ပြန်ပြန်ကြော်နေမယ်ဆိုရင်တော့ အလွန်အန္တရာယ်များပါတယ်။ဒါကြောင့် စားအုန်းဆီ ပေါပေါများများ စားမယ့်အစား ပဲဆီ ၊ နှမ်းဆီတို့ကိုပဲ နည်းနည်းအသုံးပြုတာမျိုး လုပ်သင့်ပါတယ်။

၄။ မုန့်များ

ချောကလက်မုန့် ၊ ဘီစကွတ်၊ ကိတ်မုန့်များဟာ အဆီတက်စေတဲ့ အစားအစာတွေဖြစ်ပါတယ်။ မုန့်ပြုလုပ်ချိန်မှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ကယ်လိုရီတက်စေတဲ့ ပစ္စည်းတွေ အများဆုံးပါဝင်တဲ့အတွက် မုန့်အချိုတွေကလည်း အဆီတက်စေပါတယ်။

၅။ အုန်းဆီ

မြန်မာနိုင်ငံမှာဆိုရင် အုန်းဆီကို စားတဲ့နေရာမှာ တိုက်ရိုက်မသုံးပေမယ့် အုန်းနို့ ၊ အုန်းနို့ဆီချက်တွေကိုတော့ မြန်မာမုန့်တော်တော်များများမှာ အသုံးပြုပါတယ်။ ဒါ့အပြင် အုန်းနို့ခေါက်ဆွဲကိုလည်း မနက်စာအဖြစ် စားလေ့ရှိကြပါတယ်။ အုန်းဆီဟာ ပြည့်ဝဆီအမျိုးအစားဖြစ်တဲ့အတွက် ဒါတွေကို စားသုံးတဲ့အခါ အဆီတက်စေပါတယ်။

အဆီတက်စေတဲ့ အစားတွေ စားမိရင် ပြုလုပ်သင့်တဲ့ (၅)ချက်

၁။ ရေနွေးသောက်ပါ

Photo-southernafrican.news

ဒီနည်းလမ်းကတော့ ကမ္ဘာတစ်ဝှမ်းက လက်ခံထားတဲ့ အချက်ဖြစ်ပါတယ်။ အဆီတက်စေတဲ့အစားအစာတွေစားပြီးတဲ့အခါ ရေနွေးသောက်ခြင်းက အဆီတွေကို ဖြိုခွဲပေးသလို အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ အစားစားပြီးတဲ့နောက် ရေနွေးသောက်ခြင်းက ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

၂။ အေးတဲ့အစားအသောက်ရှောင်ပါ

အဆီတက်စေတဲ့ အစားအစာတွေကို စားပြီးတဲ့အခါ အအီပြေဖို့ အေးတဲ့အစားတစ်ခုခုကို စားတတ်ကြပါတယ်။ဥပမာ-အသားကင် ၊ ဟော့ပေါ့တွေစားပြီး ရေခဲမုန့်တွေ အအေးတွေ စားသောက်တာမျိုးပါ။ဒါပေမယ့်အဆီများတဲ့ အစားအစာများစားပြီးနောက် အေးသောအစာများစားခြင်းက အူ၊ အစာအိမ်နဲ့ အသည်းတို့ကိုထိခိုက်စေတဲ့အတွက် ဒါကိုရှောင်သင့်ပါတယ်။

၃။ Probiotics စားသုံးပါ

Photo-dailyasianage.com

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီတက် အစားအစာတွေကို စားတတ်တယ်ဆိုရင် အစာချေဖို့နဲ့ အူကျန်းမာရေးအတွက် Probiotics ကြွယ်ဝအောင် စားသင့်ပါတယ်။ ဒိန်ချဉ်တစ်ခွက် ဒါမှမဟုတ် အချဉ်ဖောက်ထားတဲ့ အစားအစာနည်းနည်းငယ်ကို ဖြည့်စွက်စားပေးသင့်ပါတယ်။

၄။ စားပြီး ချက်ချင်းမအိပ်ပါနဲ့ 

အဆီတက်တဲ့အစားအစာတွေကို စားပြီးတဲ့အခါ အိပ်ငိုက်လာတတ်ပါတယ်။ အဲဒီအခါ မအိပ်လိုက်ပါနဲ့ ။နေ့လယ်စာ ဒါမှမဟုတ် ညစာစားပြီးပြီးချင်း အိပ်တာက ခန္ဓာကိုယ်မှာ အဆီတွေ စုပုံလာပြီး အစာချေဖျက်ဖို့ ခက်စေပါတယ်။ ဒါဆိုရင် လေပွတာတွေ ၊ အစာအိမ်အက်ဆစ်ပြန်တက်တာတွေ ဖြစ်စေနိုင်ပါတယ်။

၅။ လမ်းလျှောက်ပါ

အဆီတက်တဲ့ အစားအစာတွေ စားခဲ့တယ်ဆိုရင် အဲဒီနောက်မှာ မိနစ်၃၀ လမ်းလျှောက်ဖို့ကို မမေ့ပါနဲ့။ ဒါက အစာချေဖက်မှုကို အထောက်အကူပေးပါတယ်။ အစားစားပြီးတဲ့နောက် တက်တက်ကြွကြွနေခြင်းက ကိုယ်အလေးချိန်ကျဆင်းခြင်းနဲ့ ဆက်စပ်တယ်လို့ World's Gastroenterology ဂျာနယ်မှာ ဖော်ပြထားပါတယ်။ဒါကြောင့် အဆီတက်စာတွေ စားပြီးရင်း လမ်းလျှောက်ပါ။ ပြေးစရာမလိုပါဘူး။ 


Ref: NHS UK and timesofindia


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က