စိတ်ရှုပ်ထွေးပြီး ထူးဆန်းတဲ့အပြုအမူတွေလုပ်တတ်ကြပါတယ်။

လူတစ်ယောက်ဟာ အခြားသူတွေကို အကြောင်းရင်းမရှိဘဲ မယုံမကြည်ဖြစ်နေတတ်ပြီး သံသယစိတ် လွန်လွန်ကဲကဲ ဖြစ်နေပြီဆိုရင် သူက သံသယစိတ်ရောဂါ (Paranoia) ခံစားနေရတာပါ။ဒီစိတ်ရောဂါရှိနေမယ်ဆိုရင် လူမှုဆက်ဆံရေး ၊ အချစ်ရေး စတဲ့ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်ရဲ့ သံသယစိတ်တွေကြောင့် အဆင်ပြေချောမွေ့မှာ မဟုတ်ပါဘူး။

Photo: Understood

သံသယစိတ်ရောဂါ(Paranoia) ရဲ့ လက္ခဏာများ

- ဒေါသထွက်လွယ်ခြင်း

- အခြားသူတွေကို မယုံကြည်ခြင်း

- ဝေဖန်မှုကို ခံနိုင်ရည်မရှိခြင်း

-သူများပြောစကားကို အန္တရာယ်ရှိအဓိပ္ပါယ်တွေးခြင်း

- အမြဲတမ်းတုန့်ပြန်ဖို့ စဉ်းစားခြင်း

- ရန်လိုခြင်း

- အငြင်းသန်ခြင်း

- အလျှော့ပေးလိုစိတ်မရှိခြင်း

- ခွင့်လွှတ်မေ့ပစ်ဖို့ ခက်ခြင်း

- ကိုယ့်နောက်ကွယ်မှာ မကောင်းပြောနေတယ်လို့ ခံစားရခြင်း

- ကိုယ့်ကို အခြားသူတွေက လိမ်ဖို့ကြံစည်နေတယ်လို့ အမြဲထင်မှတ်ခြင်း

- ကိုယ့်ခံစားချက်ကို ပွင့်လင်းစွာဖွင့်မပြနိုင်ခြင်း

Photo: HealthSpectra

သံသယစိတ်ရောဂါ(Paranoia) ကနေ ဖြစ်နိုင်တဲ့ အခြေအနေ(၃)မျိုး

Paranoid personality disorder 

ဒါကတော့ အပျော့ဆုံးအမျိုးအစားဖြစ်ပါတယ်။ သူတို့က ကမ္ဘာကြီးကို မယုံအကြည်မရှိပါဘူး။ဒါပေမယ့် သူတို့ကောင်းကောင်းနေထိုင်နိုင်ကြပါတယ်။ တစ်ခါတစ်ရံသာ ဒီစိတ်ပေါ်လာပြီး လက်ရှိအခြေအနေကို အနှောင့်အယှက်ဖြစ်စေတာမျိုး ဖြစ်ပါတယ်။

Delusional (paranoid) disorder 

ဒါကတော့ ထင်ယောင်ထင်မှားဖြစ်ပြီး ကိုယ်ထင်တာတွေ တကယ်ဖြစ်မယ်လို့ ယုံကြည်နေတာပါပဲ။ဒီအဆင့်မှာ သူ့ရဲ့ သံသစိတ်ကို ဖျောက်ဖို့ အလွန်ခက်ပါတယ်။ဘေးနားမှာရှိနေတဲ့သူတွေကို သံသယဝင်တယ်။သူ့ကို လူတစ်ယောက်ယောက်က ညှင်းပန်းနှိပ်စက်ဖို့ ကြံနေတယ်ဆိုတာမျိုးတွေ တွေးပါတယ်။ ဒါ့အပြင် ဆရာဝန်တစ်ဦးဦးက အာမခံချက်ထပ်လဲလဲပေးပေမယ့် သူ့မှာ ရောဂါဝေဒနာပြင်းပြင်းထန်ထန်ရှိနေတယ်လို့ ထင်နေတာတွေပဲ ဖြစ်ပါတယ်။

Paranoid schizophrenia 

ဒါကတော့ အပြင်းထန်ဆုံးအမျိုးအစားဖြစ်ပါတယ်။ လူတစ်ဦးရဲ့ အတွေးတွေကို ရေဒီယိုက ထုတ်လွှင့်နေတယ်ဆိုတာမျိုး ထင်ကြပါတယ်။ စိတ်ရှုပ်ထွေးပြီး ထူးဆန်းတဲ့အပြုအမူတွေလုပ်တတ်ကြပါတယ်။ ကုသမှုခံယူဖို့ကို ငြင်းဆန်ကြပြီး သူတို့မှန်တယ်ထင်တာကို ရှာဖွေကြတဲ့သူမျိုး ဖြစ်ပါတယ်။

သံသယစိတ်ရောဂါ ( paranoia ) ဖြစ်ပွားရခြင်း အကြောင်းအရင်းများ

Photo: Healthline

မျိုးရိုးဗီဇ

ဒီအချက်အလက်ကတော့ သုတေသနပြုလုပ်ထားတာ နည်းပြီး သေချာမှုတော့ မရှိပါဘူး။ တစ်ချို့ကတော့ မျိုးရိုးဗီဇဆက်စပ်မှုအရ ဖြစ်ပေမယ့် အတွေ့နည်းပါတယ်။မျိုးရိုးရှိရင် ဖြစ်နိုင်သလားဆိုတာ သေသေချာချာတော့ မသိသေးပါဘူး။

ဓာတုပစ္စည်းများ

ကိုကင်း၊ ဆေးခြောက်နဲ့ အမ်ဖက်တမင်းလို ဆေးဝါးတွေက ဦးနှောက်ရဲ့ ဓာတုဗေဒလုပ်ဆောင်ချက်တွေကို ကိုပြောင်းလဲစေပြီးကြောက်ရွံ့သောစိတ်၊ ခံစားချက် နဲ့ အပြုအမူတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကို သုတေသီအချို့က ဦးနှောက်ရဲ့ ဇီဝဓာတုဆိုင်ရာချို့ယွင်းမှုတစ်ခုဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

စိတ်ဒဏ်ရာ 

ဥပမာ ငယ်စဉ်ကလေးဘဝတုန်းက ကိုယ်ထင်မြင်ယုံကြည်တာမျိုးကို အလွဲသုံးစား လုပ်ခံရတာ ၊ လှည့်စားခံရတဲ့သူတွေမှာလည်း ဒီလိုသံသစိတ် ဖြစ်သွားတတ်ပါတယ်။

စိတ်ဖိစီးမှု

တစ်ချို့သောလေ့လာမှုတွေအရ paranoia သည် ပြင်းထန်တဲ့ စိတ်ဖိစီးမှုများကို ခံစားဖူးတဲ့ လူတွေ ။ ဥပမာ- စစ်သုံ့ပန်းတွေလို လူတွေမှာ ဒီစိတ်ကို ခံစားကြရပါတယ်။

ဒီလိုသံသစိတ်များလာတဲ့အခါ ကိုယ်တိုင်ရော ၊ မိသားစုနဲ့ ကိုယ့်နဲ့ ဆက်ဆံရသူတွေမှာ စိတ်ပင်ပန်းကြရပါတယ်။ ခံစားရခါစမှာ သတိထားပြီး နားလည်းတတ်ကျွမ်းသူနဲ့ ကုသသင့်ပါတယ်။ မကုဘဲ ထားရင် စိတ်ရောဂါအသွင်ကို ကူးပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို သံသယစိတ်များသူလို့ ထင်မြင်ရင် နားလည်းတတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေး ကုသပါ။

Share

Loading Next Article...
က္က