ဒီတစ်ပတ်အတွက် ခန့်မှန်းခဲ့တာပါ။

ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဘာဘာတော့ဗ်က ပုံမှန်အတိုင်းခန့်မှန်းခဲ့တာဖြစ်ပြီး ယူနိုက်တက်က ဂိုးပြတ်လိမ့်မယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ 


ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ဒီနေ့ညမှာ သူအသင်းဟောင်းက နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ယူလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဘာဘာတော့ဗ်က ပုံမှန်အတိုင်းခန့်မှန်းခဲ့တာဖြစ်ပြီး ယူနိုက်တက်က ဂိုးပြတ်လိမ့်မယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်နဲ့ နော်ဝှစ်ပွဲမှာတော့ အာဆင်နယ်က ၂-၁ နဲ့ အနိုင်ရမယ်လို့ ဘာဘာတော့ဗ်က ဆိုပါတယ်။ အာဆင်နယ်နိုင်ပွဲစရမယ့် အချိန်ရောက်ပြီလို့လည်း ရေးသားခဲ့ပြိး သူတို့အနေနဲ့ တန်းတက်အသင်းနဲ့ အတွေ့မှာ နိုင်ပွဲရဖို့ လိုအပ်ကြောင်းလည်း ဆိုပါတယ်။ စပါးကလည်း အဝေးကွင်းမှာ ပဲလေ့စ်ကို ၂-၀ နဲ့ အနိုုင်ရပြီး နိုင်ပွဲဆက်မယ်လို့ ဘာဘာတော့ဗ်က ခန့်မှန်းခဲ့ပါတယ်။ 

ယူနိုက်တက်က နယူးကာဆယ်ကို ၃-၀ နဲ့ အနိုင်ရမယ်လို့ ဘာဘာတော့ဗ်က ဆိုပါတယ်။ ဘာမှပြောစရာမရှိပေမယ့် ယူနိုက်တက်အနိုင်ရမှာဖြစ်ပြီး ရော်နယ်ဒိုရောက်လာတာကြောင့် အသင်းက အားတက်နေတယ်လို့ သူက ဆိုပါတယ်။ ရော်နယ်ဒို မိနစ်အနည်းငယ် ပါဝင်ကစားပေးလိမ့်မယ်လို့လည်း သူကပြောဆိုခဲ့ပြီး ခြေစွမ်းပြနိုင်မှာဖြစ်ကာ ဂိုးပြတ်မယ်လို့ ခန့်မှန်းခဲ့တာပါ။ 

လက်စတာ နဲ့ မန်စီးတီးပွဲမှတော့ မန်စီးတီးက ကွန်မြူနတီဒိုင်းရှုံးကြွေးကို ပြန်ဆပ်မှာဖြစ်ပြီး ၁-၃ နဲ့ အနိုင်ရမယ်လို့ သူက ဟောကိန်းထုတ်ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ ဗီလာပွဲကိုတော့ အိမ်ရှင်ချယ်လ်ဆီးက နှစ်ဂိုးပြတ်နဲ့ အနိုင်ရမယ်လို့ ပြောဆိုခဲ့ပြီး လိဒ်နဲ့ လီဗာပူးလ်ကိုလည်း လီဗာပူးလ်က ၂-၀ နဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။ 

Share

က္က