သတင်းထောက်ရဲ့မေးခွန်းကို ပြန်ဖြေဆိုခဲ့တာပါ။

တူချယ်လ်ကတော့ လူကာကူအနေနဲ့ သူ့အသင်းအတွက် ဂိုးတွေသွင်းပေးနေသရွေ့ ဘာကိုမှဂရုစိုက်မှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။


ဒီရာသီမှာ ရော်နယ်ဒိုက လူကာကူထက် ဂိုးပိုသွင်းနိုင်မလားဆိုတဲ့ မေးမြန်းချက်အပေါ်မှာ သူ ဂရုစိုက်နေမှာမဟုတ်ဘူးလို့ ချယ်လ်ဆီးနည်းပြတူချယ်လ်က ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုကတော့ မနေ့ကကစားခဲ့တဲ့ ယူနိုက်တက်အတွက် သူ့ရဲ့အဖွင့်ပွဲမှာ နယူးကာဆယ်ကို ၂ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့သလို လူကာကူကလည်း ဗီလာနဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပါတယ်။

လက်ရှိမှာတော့ လူကာကူက ၃ ပွဲကစားပေးထားပြီးချိန် ၃ ဂိုးအထိ ရရှိထားတာဖြစ်ပါတယ်။ တူချယ်လ်ကတော့ လူကာကူအနေနဲ့ သူ့အသင်းအတွက် ဂိုးတွေသွင်းပေးနေသရွေ့ ဘာကိုမှဂရုစိုက်မှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။ လူကာကူကို အဓိကတိုက်စစ်မှူးအဖြစ် တူချယ်လ်က အသုံးပြုနေပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ နည်းပြစိတ်ကြိုက်ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 

"ကျွန်တော်တို့အတွက် လူကာကူ ဂိုးတွေသွင်းနေသရွေ့ ကျန်တာတွေကို ကျွန်တော်ဂရုမစိုက်ပါဘူး၊ ရိုးရိုးသားသားပြောမယ်ဆိုရင် ခင်ဗျားက အဖြေကောင်းကောင်းလိုချင်တယ်ဆိုတာ ကျွန်တော်သိတယ်၊ ကံဆိုးတာကတော့ ကျွန်တော့်မှာ အဖြေတစ်ခုမှမရှိတာပါ၊ လူကာကူက ဒီနေ့မှာ အသင်းအတွက် အဆုံးအဖြတ်ဖြစ်နေပြီး ကျွန်တော်တို့ လိုက်ရှာနေခဲ့တာ အဲဒါပါပဲ၊ ချယ်လ်ဆီးအတွက် သူ ဂိုးသွင်းပေးချင်နေပါတယ်"

"အသင်းကို သူ့ရဲ့ဂိုးတွေနဲ့ ကူညီပေးချင်နေတာပါ၊ ဒီနေ့မှာ အဲဒါတွေကို သူ လုပ်နိုင်ခဲ့ပါတယ်၊ သူ ဒီမှာရှိနေတာလည်း အဲဒါကြောင့်ပါပဲ၊ ဒီရည်မှန်းချက်ကို ပြောဖို့လည်း သူ ရှက်ရွံ့မနေပါဘူး၊ ဘာလို့လဲဆိုတော့ သူ့ကိုယ်သူယုံကြည်မှုရှိနေပြီး အဲဒါကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူဖြစ်နေလို့ပါပဲ၊ ပထမဆုံးပွဲနဲ့ ဒီနေ့ပွဲမှာ အဲဒါကို သူ ပြသနိုင်ခဲ့ပါတယ်" လို့ တူချယ်လ်က ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒို နဲ့ လူကာကူတို့ကတေ့ာ စီးရီးအေမှာလည်း ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင်ဖြစ်ခဲ့သူတွေပါ။ ပြီးခဲ့တဲ့ရာသီမှာ ရော်နယ်ဒိုက ရွှေဖိနပ်ဆုရရှိခဲ့ပြီး လူကာကူကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ သူတို့နှစ်ယောက်စလုံးဟာ ဒီရာသီမှာ အသင်းဟောင်းတွေကို ကိုယ်စီပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက်ပါ ပြိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ 


Share

က္က