ဒီနေ့ည ကစားသွားရမှာပါ။

ရော်နယ်ဒိုကတော့ ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာချိန်မှာ အမှတ်ပေးပွဲအဖြစ် နယူးကာဆယ်နဲ့ပွဲကို ကစားပေးထားပြိး ၂ဂိုးသွငး်ယူထားကာ ယန်းဘွိုင်းကိုအရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ၁ ဂိုးသွင်းပြီး ခြေစွမ်းပြနေသူဖြစ်ပါတယ်။


ဒီနေ့ကစားသွားရမယ့် ယူနိုက်တက်နဲ့ပွဲစဉ်မှာ ရော်နယ်ဒိုကို ဟန့်တားနိုင်ဖို့အတွက် လုပ်နိုင်သမျှအကုန်လုပ်သွားမယ်လို့ ဝက်စ်ဟမ်းနည်းပြမိုယက်စ်က ပြောဆိုလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းတိုက်စစ်မှူးအန်တိုနီယိုကို ရော်နယ်ဒိုလိုခြေစွမ်းမျိုးပြသနိုင်မယ်လို့ မိုယက်စ်က မျှော်လင့်ခဲ့ပေမယ့်လည်း သူ့တိုက်စစ်မှူးပွဲပယ်ခံထားရလို့ စိတ်ပျက်စရာတော့ ဖြစ်ခဲ့ရပါတယ်။ 

ရော်နယ်ဒိုကတော့ ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာချိန်မှာ အမှတ်ပေးပွဲအဖြစ် နယူးကာဆယ်နဲ့ပွဲကို ကစားပေးထားပြိး ၂ဂိုးသွငး်ယူထားကာ ယန်းဘွိုင်းကိုအရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ၁ ဂိုးသွင်းပြီး ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း ရော်နယ်ဒို သေချာပေါက်ပွဲထွက်ပါဝင်လာဖို့ရှိနေပြီး ဒေးဗစ်မိုယက်စ်ရဲ့ ခံစစ်မှူးတွေကို ခြိမ်းခြောက်နေဦးမှာဖြစ်ပါတယ်။ 

"ရော်နယ်ဒိုက မယုံနိုင်စရာကောင်းတဲ့ အဆုံးသတ်သမားပါ၊ ဂိုးတွေလည်း အများကြီးသွင်းယူနိုင်ပါတယ်၊ ထူးကဲတဲ့ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်ဆီ စိတ်လှုပ်ရှားစရာကောင်းမယ့်အရာတွေကို နောက်ထပ်အဆင့်တစ်ခုနဲ့ ယူဆောင်ပေးလာတဲ့သူလည်းဖြစ်ပါတယ်၊ သူ့ကို ဟန့်တားနိုင်ဖို့အတွက် ကျွန်တော်တို့ ဘာမဆိုလုပ်သွားမှာပါ" လို့ ပြောဆိုသွားခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။

ဝက်စ်ဟမ်းကတော့ ဒီရာသီမှာလည်း မာကျောတဲ့ခြေစွမ်းမျိုးကို ပြသနေပြီး ယူနိုက်တက်ကို အခက်တွေ့အောင်ဖန်တီးနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ပါတယ်။ ၄ ပွဲကစားပြီးချိန်မှာ ၈ မှတ်အထိ ရရှိထားပြီး ယူရိုပါလိဂ်မှာလည်း အဝေးကွင်းနိုင်ပွဲရရှိထားလို့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း အားကောင်းနေကာ ချန်ပီယံလိဂ်ရှုံးပွဲကြုံထားရတဲ့ ဆိုးလ်ရှားအတွက် ခက်ခဲတဲ့ ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်လာဖို့ ရှိနေပါတယ်။ 

Share

က္က