ကန်တေကိုထည့်လိုက်တာနဲ့ ပွဲအလှည့်အပြောင်းဖြစ်သွားခဲ့ပါတယ်။

စပါးကို အဝေးကွင်းမှာ ဂိုးပြတ်အနီိုင်ရရှိခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးနည်းပြတူချယ်လ်ရဲ့ နည်းစနစ်ပိုင်းအပြောင်းအလဲ ပြုလုပ်ခဲ့မှုအပေါ်မှာ အားလုံးကဝိုင်းဝန်းချီးကျူးနေခဲ့ကြပါတယ်။ ဂိုးမရှိသရေကျနေတဲ့အချိန်မှာတော့ တူချယ်လ်ဟာ ကွင်းလယ်လူကန်တေကို ထည့်သွင်းခဲ့ပြီး ပြင်သစ်သားဝင်လာပြီးနောက် ဂိုးတွေဆက်တိုက်ရရှိသွားခဲ့ကာ လန်ဒန်ဒါဘီပွဲမှာ ဂိုးပြတ်အနိုင်ယူပြီး သူတို့ရဲ့ ကျစ်လစ်တဲ့ကစားပုံနဲ့ တောင့်တင်းတဲ့ဟန်ကို တူချယ်လ်က ပြသနိုင်ခဲ့ပါတယ်။ 

နူနိုဆန်တိုက ချယ်လ်ဆီးကစားကွက်တည်မရအောင် ကွင်းလယ်မှာတင် high pressing လုပ်ကစားသွားခဲ့ပြီး တိုက်စစ်မှာလည်း အခွင့်အရေးတွေဖန်တီးဖို့ လှုပ်ရှားခဲ့ကာ ချယ်လ်ဆီးကို တည်ဆောက်ပုံယိမ်းယိုင်အောင် အားထုတ်ခဲ့ပါတယ်။ ချယ်လ်ဆီးဗဟိုခံစစ်ပိုင်းကစားသမားတွေဖြစ်တဲ့ ဆေးလ်ဗား၊ ခရစ္စတီယန်ဆန်၊ ရူဒီဂါတို့က စပါးတိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးကိုယ်တိုင်လည်း ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။


ဒီနောက်မှာတော့ တူချယ်လ်က မေဆန်မောင့်ကိုထုတ်ကာ ကန်တေကို ၄၆ မိနစ်မှာ လူစားလဲလှယ်ခဲ့ပါတယ်။ ၄၉ မိနစ်မှာတော့ ဆေးလ်ဗား၊ ၅၇ မိနစ်မှာ ကန်တေတို့က ဂိုးတွေသွင်းယူခဲ့ကာ တူချယ်လ်ရဲ့ game changer က အလုပ်ဖြစ်သွားခဲ့ပါတယ်။ စပါးက holding players တွေဖြစ်တဲ့ အန်ဒွန်ဘီလီ၊ လိုဆယ်ဆိုတို့နဲ့ ချယ်လ်ဆီးကွင်းလယ်ကို ကြ့့ံကြံ့ခံကစားနိုင်ခဲ့ပေမယ့် ကန်တေဝင်လာပြီးနောက်မှာတော့ ချယ်လ်ဆီးက ပွဲကိုထိန်းချုပ်သွားခဲ့ကာ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို၊ ကန်တေတို့လို ဘောလုံးပိုင်ဆိုင်မှုအသားပေး ကွင်းလယ်လူ ၃ဦးနဲ့ ဟန်ချက်ထိန်းသွားခဲ့ပါတယ်။

အက်ဇ်ပီလီကွီတာနဲ့ အလွန်ဆိုတို့ကို wing-bakcs တွေအဖြစ် တူချယ်လ်က တိုက်စစ်ထိ ပိုမိုလိုက်ပါဖို့ ညွှန်ကြားခဲ့ပြီး ၃-၄-၃ ပုံစံကနေ ၃-၅-၂ ကို ပြောင်းလဲပစ်ခဲ့ကာ ပွဲရလဒ်ကလည်း အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ တူချယ်လ်က "ပထမပိုင်းပုံစံအတွက် ကျွန်တော်မပျော်ရွှင်ခဲ့တာ သေချာပါတယ်၊ မေဆန်မောင့်ကိုထုတ်ဖို့ ဆုံးဖြတ်ရတာ အရမ်းခက်ခဲ့ပါတယ်၊ ဒါပေမယ့် အသင်းအတွက် လိုအပ်နေတဲ့ စွမ်းအင်ကိုပေးဖို့ ကန်တေကို အသုံးပြုခဲ့ရပါတယ်"

"ဒုတိယပိုင်းမှာ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ကိုပြသခဲ့ပြီး နိုင်ပွဲနဲ့ထိုက်တန်ပါတယ်၊ တကယ်ကောင်းတဲ့ တုံ့ပြန်မှုပါပဲ၊ ဒီအတွက် ကျွန်တော်ပျော်ရွှင်ရပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ ဒီနို်င်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးကိုပါ ရောက်ရှိသွားခဲ့ပါပြီ။ လီဗာပူးလ်၊ ယူနိုက်တက်တို့နဲ့ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်အသာကြောင့် ထိပ်ဆုံးမှာရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က