ဂျူဗင်တပ်စ်က လုံလောက်တဲ့ပြင်ဆင်အားဖြည့်မှုတွေ မပြုလုပ်ခဲ့တာကြောင့် ရော်နယ်ဒိုက အခုလိုပဲ ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲ (၄) ပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲမှမရရှိသေးဘဲ တန်းဆင်းဇုန်ထဲကို ရောက်ရှိနေခဲ့ပါတယ်။


ဂျူဗင်တပ်စ်ဟာ ရော်နယ်ဒိုထွက်ခွာသွားပြီးနောက်ပိုင်း ကစားခဲ့တဲ့ စီးရီးအေပွဲစဥ် (၂) ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့့ခတိုက် ာက်ပိုင်း ကစားခဲ့တဲ့ စီသေးဘ်မဖုးနိုင်ဘပြီး အေစီမီလန်ကို အိမ်ကွင်းမှာသရေကျခဲ့တဲ့နောက် အခုလိုပဲ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတာပါ။ ရော်နယ်ဒိုဟာ ယူရို-၂၀၂၀ ပြိုင်ပွဲပြီးဆုံးတည်းက ဂျူဗင်တပ်စ်ကို စွန့်ခွာလိုခဲ့ပြီး အသင်းဘက်ကလည်း ရော်နယ်ဒိုအနေနဲ့ အသင်းပြောင်းမယ်ဆိုရင် သင့်တော်တဲ့ ကစားသမားကိုပြန်လည်ခေါ်ယူနိုင်ဖို့အတွက် သြဂုတ် (၁၅) နောက်ဆုံးထား ပြောင်းရွှေ့ဖို့ အသိပေးထားခဲ့ပါတယ်။


ဒါပေမယ့် ရော်နယ်ဒိုကတော့ အပြောင်းအရွှေ့ပိတ်ဖို့ တစ်ပတ်တောင် မလိုတော့တဲ့အချိန်မှ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး အေးဂျင့်ဂျော့ချ်မန်ဒက်စ်ကလည်း သြဂုတ် (၁၅) နောက်ပိုင်းအထိ ရော်နယ်ဒိုရဲ့အသင်းသစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာပါ။ အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီသောလုြုလုပ်ခဲ့တာပါ။ အသက် ဆုံးမှော့တခေါ်ကလည်း မှာ ဂျူဗင်တပ်စ်အတွက် လိဂ်သွင်းဂိုး (၂၆) ဂိုးနဲ့အတူ စီးရီးအေရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်က ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေကြောင့် အသင်းကို လုံလောက်တဲ့ပြင်ဆင်အားဖြည့်မှုတွေမပြုလုပ်နိုင်ခဲ့တဲ့နောက် ချန်ပီယံလိဂ်အောင်မြင်မှုကို မက်မောနေတဲ့ ရော်နယ်ဒိုက အခုလိုပဲ ကောက်ကာငင်ကာနဲ့ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ဒီလိုလုပ်ရပ်ကြောင့် ဂျူဗင်တပ်စ်တို့ စျေးကွက်ထဲမှာ အကြီးအကျယ်အခက်တွေ့ခဲ့ရပြီး အပြောင်းအရွှေ့နောက်ဆုံးရက်မှသာ အဲဗာတန်အသင်းက ဂျူဗင်တပ်စ်အကယ်ဒမီထွက် ကစားသမားဟောင်း မွိုက်စ်ကီးန်ကို (၂) ရာသီအငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒီကစားသမားက ရော်နယ်ဒိုရဲ့နေရာကို အစားဝင်ဖို့ လုံလောက်တဲ့အရည်အချင်းမရှိဘူးဆိုတာကို အားလုံးကလက်သင့်ခံထားကြပြီးဖြစ်ပါတယ်။


ရော်နယ်ဒိုဟာ တစ်ကျော့ပြန်ယူနိုက်တက်မှာ ခြေစွမ်းတွေပြ၊ ဂိုးတွေသွင်းနေပေမယ့် သူ့အသင်းဟောင်း ဂျူဗင်တပ်စ်ကတော့ သူနဲ့အေးဂျင့်ဂျော့ချ်မန်ဒက်စ်တို့ရဲ့ ကတိမတည်ခဲ့တာတွေကြောင့် ဒုက္ခတွင်းထဲ ရောက်နေရပြီလို့ဆိုရင်လည်း မမှားပါဘူး။  

Share

က္က