ဗီလာက ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲပြိးခါနီး ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်ကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့တာကြောင့် ဗီလာတို့အဖိုးတန်သုံးမှတ်ရရှိသွားခဲ့ပါတယ်။
ဗီလာဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ဟာ မနေ့က ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်ပရိသတ်တွေ မခံချိမခံသာဖြစ်စေမယ့် လုပ်ရပ်တွေကို ပြုလုပ်ပြီး စနောက်သွားခဲ့ပါတယ်။ ဗီလာက ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲပြိးခါနီး ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်ကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့တာကြောင့် ဗီလာတို့အဖိုးတန်သုံးမှတ်ရရှိသွားခဲ့ပါတယ်။
ပုုံမှန်အားဖြင့် ဖာနန်ဒက်စ်ကပဲ အသင်းရရှိတဲ့ ပင်နယ်တီတွေကို ဒိုင်ခံသွင်းယူနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းကို ရော်နယ်ဒိုရောက်လာပြီးနောက် ပင်နယ်တီကို ဘယ်သူကန်သွင်းမလဲဆိုတာ အားလုံးစိတ်ဝင်စားခဲ့ကြပါတယ်။ မနေ့ကပွဲမှာတော့ ဖာနန်ဒက်စ်တာဝန်ယူခဲ့တာဖြစ်ပြီး လွဲချော်ခဲ့တဲ့နောက် ရော်နယ်ဒိုက ချက်ချင်းပဲသွားရောက်နှစ်သိမ့်ပေးတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။